စည်ကားတိုးတက်နေသော တာချီလိတ်မြို့(ဓာတ်ပုံ-99 စနေ)
ရှမ်းပြည်နယ်၊ တာချီလိတ်မြို့ ဇန်န၀ါရီလ ၂၉ ရက် ညပိုင်းတွင် ဆိုင်ကယ်စီးနင်းလာသည့်
ရဲတပ်သား တစ်ဦးအား ကားတစ်စီးမှ ၀င်တိုက်မိပြီး ထွက်ပြေးတိမ်းရှောင်သွားကြောင်း
သိရသည်။
နယ်စပ်ကုန်သွယ်ရေးအဖွဲ့မှ မယ်ယန်းပူးပေါင်းဂိတ်တွင်
တာဝန်ကျနေသော ရဲတပ်သား ပေတယုသည် တာချီလိတ်မြို့ ပါလျှံဆီပန့်လမ်းဆုံတွင်
ဆိုင်ကယ်မောင်းနှင်လာစဉ် အနက်ရောင်ကားတစ်စီးမှ ၀င်တိုက်မိခဲ့ရာ
ဒဏ်ရာပြင်းထန်စွာရရှိခဲ့ပြီး အနီးပတ်ဝန်းကျင်မှလူများက
ဆေးရုံသို့ပို့ဆောင်ပေး ခဲ့သော်လည်း လမ်းတွင်ပင် သေဆုံးသွားခဲ့ကြောင်း
မျက်မြင်သက်သေများထံမှ သိရသည်။
ရဲတပ်သားအား ၀င်တိုက်ပြီး ထွက်ပြေးတိမ်းရှောင်သွားသော
အနက်ရောင်ယာဉ်နှင့် ယာဉ်မောင်းအမည် နေရပ်လိပ်စာတို့ကို
စုံစမ်းဖော်ထုတ်နိုင်ရေးအတွက် တာချီလိတ်ခရိုင် ယာဉ်ထိန်းတပ်ဖွဲ့မှ
အမှုဖွင့်အရေးယူ ထားကြောင်း သိရသည်။