Friday, February 1, 2013

တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသား (၂၉) ဦးအား ပြန်လည်လွှဲပြောင်းပေးအပ်

0 comments
ဖေဖော်ဝါရီ(၁)
နှစ်နိုင်ငံမှ တာဝန်ရှိသူများလွှဲပြောင်း ပေးနေပုံ

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့တွင် ဇန်န၀ါရီ (၃၀) ရက်နေ့က တရုတ်နိုင်ငံအတွင်း တရားမ၀င် ၀င်ရောက် အလုပ်လုပ်ကိုင်နေသူ မြန်မာနိုင်ငံသားများအား တာဝန်ရှိသူများထံသို့ ပြန်လည် လွှဲပြောင်း ပေး ခဲ့ကြောင်းသိရသည်။
တရုတ်နိုင်ငံ ရွှေလီနယ်စပ်ကာကွယ်ရေးဌာနမှူးနှင့်အဖွဲ့မှ မူဆယ်မြို့ နန်းတော်စစ်ဆေးရေး ဂိတ်တွင် မူဆယ်မြို့အုပ်ချုပ်ရေးမှူး ဦးမြဟန်နှင့် လ၀က ဦးစီးအရာရှိ ဦးထင်အောင် တို့မှ မြန်မာနိုင်ငံသား (၂၉) ဦးတို့ကို လက်ခံရယူခဲ့သည်။ တရုတ်နိုင်ငံအတွင်း တရားမ၀င်သွားရောက်လုပ်ကိုင်နေသူ (၂၉) ဦးမှာ ရှမ်းပြည်နယ်၊ မကွေး တိုင်း၊ မန္တလေးတိုင်းနှင့် ရခိုင်ပြည်နယ်တို့မှ ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့သည် အိမ်နီးချင်း နိုင်ငံများဖြစ်သည့်အတိုင်း ယခုကဲ့သို့ တရားမ၀င် ၀င်ရောက် အလုပ်လုပ်ကိုင်သူများတွေ့ရှိပါက သက်ဆိုင်ရာနိုင်ငံ၏ တာဝန်ရှိအဖွဲ့အစည်းများထံ ပြန် လည်လွှဲပြောင်း ပေးလေ့ရှိကြောင်း သိရသည်။ အထက်ပါ (၂၉) ဦးအနက်မှ (၂၀)ဦးသည် ၎င်းတို့ နေရပ်သို့ ပြန်လည်ထွက်ခွာသွားပြီ ဖြစ်ကြောင်းနှင့် ကျန် (၉) ဦးမှာ မူဆယ်မြို့တွင်သာ အလုပ်လုပ်ကိုင် ပြီး နေထိုင်သွားမည်ဖြစ်ကြောင်း မူဆယ်မြို့အုပ်ချုပ်ရေးရုံးမှ တာဝန်ရှိသူ တစ်ဦးမှ ပြောပြပါသည်။

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here