ဖေဖော်ဝါရီ(၂)
ဒါလည်း မသိသေးတဲ့သူတွေကို ရည်ရွယ်ပါတယ်။ဦးရဲကျော်သူ ဆိုတာ မြန်မာမှာ ပထမဆုံး ဘဏ်လုပ်ငန်းကို စတင် လုပ်ကိုင်သူပေါ့။ မြန်မာတိုင်းရင်းသားထဲက စတင်လုပ်ကိုင်သူ ဖြစ်ပါတယ်။ ၁၈၃၃ ခုနစ်၊ ဒီဇင်ဘာ ၅ မှာ မွေးဖွားပါတယ်။ ဗုဒ္ဒဘာသာဝင်ဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရှ်( အရင်က အင်္ဂလိပ်လက်အောက်) မှာ ကြီးပြင်းလာပါတယ်။ အရွယ်ရောက်တော့ စစ်တွေမြို့ကို ပြန်လာပြီး အလုပ်လုပ်ပါတယ်။ ပထမဦးဆုံး အလုပ်အဖြစ် သူဌေးကြီးတစ်ဦးမှာ အလုပ်ဝင်လုပ်ပါတယ်။ အလုပ်ကို ရိုးရိုးသားသားနှင့် ၀ီရိယရှိမူ၊ အလုပ်တွေမှာ သူဌေးကို အမြော်အမြင် ရှိရှိနဲ့ အကြံဥာဏ်ပေးနိုင်မူကြောင့် သူဌေးက သဘောကျပြီး သူ့ သမီးနဲ့ လက်ထပ်ပေးပါတယ်။ ဒါပေမယ့် သူဌေးသမီးယူတယ်ဆိုပြီး သူ သူဌေးဖြစ်မလာပါဘူး။ သူ့လက်ထပ်ပွဲမှာ အသိုင်းအ၀ိုင်းက ရွှေတွေ လက်ဖွဲ့ ပါတယ်။ အဲ့ရွှေတွေကို သူ့ယောက္ခမ၏ အလုပ်မှာ ရှယ်ယာထည့်ပြီး စီးပွားရေး လုပ်ပါတယ်။ အဲ့မှာ အမြတ်တွေရပြီး ယောက္ခမထက်တောင် ချမ်းသာလာပြီး စစ်တွေမြို့မှာ အချမ်းသာဆုံး ဖြစ်လာပါတယ်။ အောက်ခြေ မှ တက်လာသူ ပီပီ လယ်သမားတွေ၊ ဆင်းရဲသားတွေအပေါ် စာနာပါတယ်။ စတီးဘရားသား၊မိုးဘရားသား အစရှိတဲ့ နိုင်ငံခြား ကုမ္ပဏီများ၏ ဈေးနှိမ် ခေါ်မူ ကိုကာကွယ်ပေးပါတယ်။ ဈေးကောင်းတွေ ပေးပြီး အကူအညီပေးခဲ့ပါတယ်။ သူက ဦးရဲကျော်သူ အင် ကုမ္ပဏီလီမီတက် ( ဘာကြောင့် အင်လို့ပေးတယ် မသိဘူး၊ သိသူများပြေပြပေးအုံးနော်) လုပ်ငန်းကို ဖွင့်လှစ်ပါတယ်။ သူ့လုပ်ငန်း ကတော့ ကုမ္ပဏီ ရှယ်ယာ ပိုင်ဆိုင်သူထံမှ အပ်ငွေနှင့် ထုတ်ငွေ များကို ချက်လက်မှတ်စနစ်သုံးပြီး ငွေချေးခြင်း၊ ရွှေပေါင်၊မြေပေါင် လက်ခံခြင်း တို့ကို လုပ်သောကြောင့် ပထမဦးဆုံး ဘဏ်လုပ်ငန်း လို့ သတ်မှတ်ကြတာပါ။ အလှူရေစက်လည်း လက်နဲ့မကွာခဲ့ပါဘူး၊ ထိုစဉ်က လယ်တီဆရာတော်ဘုရားကိုလည်း စစ်တွေသို့ ပင့်ပြီး တ၇ားပွဲတွေ ကျင်းပပေးခဲ့ပါတယ်။ ကျောက်တော်ရှိ မဟာမြတ်မုနိဘုရား သိမ်တန်ဆောင်းတော်ကြီးမှာ သူ၏ ကုသိုလ်ဖြစ်ပါတယ်။ စစ်တွေ ဆေးရုံမှာလည်း အမျိုးသမီး သားဖွားဆောင်ကို ဆောက်လုပ် လှူဒါန်းခဲ့ပါတယ်။ ဦးရဲကျော်သူဟာ အသက် ၇၇ မှာ ကွယ်လွန်ခဲ့ပါတယ်။
(မြန်မာလူကျော် ၁၀၀ စာအုပ်ကနေ ကောက်နုတ်ပါတယ်) --
Posted By Blogger လူဗိုလ်
Saturday, February 2, 2013
Subscribe to:
Post Comments (Atom)