Saturday, February 23, 2013

ရန်ကုန် ယူနိုက်တက် တိုက်စစ်မှူး ကျော်ကိုကို မြန်မာဘောလုံး ပရိသတ်ကြီးကို အနူးအညွတ် တောင်းပန်

0 comments
ဖေဖော်ဝါရီ(၂၃)



ရန်ကုန် ယူနိုက်တက် တိုက်စစ်မှူး ကျော်ကိုကိုက ပြီးခဲ့သည့် ရက်ပိုင်း အတွင်း ဖြစ်ပွားခဲ့သည့် ကိစ္စများနှင့် ပတ်သက် ၍ ဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ဦးဇော်ဇော် အပါအဝင် တာဝန်ရှိသူများနှင့် မြန်မာဘောလုံး ပရိသတ် ကြီးကို အနူးအညွတ် တောင်းပန်လိုကြောင်း မီဒီယာများ နှင့် တွေ့ဆုံသည့် အချိန်တွင် ပြောကြား သည်။

ကျော်ကိုကိုသည် ပြီးခဲ့သည့် ဖေဖေါ်ဝါရီလ (၂၀) ရက်နေ့က ဖြစ်ခဲ့သည့် ကိစ္စကြောင့် မြန်မာ့လက်ရွေးစင် ဘောလုံး အသင်းမှ ပြန်လည်စေလွှတ်ခြင်း ခံခဲ့ရသူဖြစ်သည်။

“ ပထမဆုံး အနေနဲ့ ကျွန်တော့် အခြေအနေကို ရှင်းပြချင်ပါတယ်။ ဒဏ်ရာကနေ ကျွန်တော် သက်သာတာ မကြာေ သးပါဘူး။ ဒါကြောင့် ခြေစွမ်းပိုင်းက အရင်ကလို ဒေါင်ဒေါင်မြည် မဟုတ်ဘူး။ အဲဒီအတွက် အမြဲ တမ်း အားမလို အားမရ ဖြစ်နေပါတယ်။ေ နာက်တစ်ချက်က ဆီးဂိမ်းပြိုင်ပွဲပါ။ ဆီးဂိမ်းမှာ ကျွန်တော်တို့ မြန် မာ အသင်း အောင်မြင်မှု မရမှာကို အရမ်းစိုးရိမ်နေတယ်။ ဥက္ကဌကြီး ဦးဇော်ဇော်ကလည်း ဆီးဂိမ်းမှာ အောင်မြင် မှု ရအောင်ယူဖို့ အမြဲမှာကြားပါ တယ်။ ပြောချင်တာက ကျွန်တော့်မှာ ဖိအားရှိနေတယ် ဆိုတဲ့ သဘောပါ။ အခုဖြစ်သွားတဲ့ ကိစ္စကလည်း ဖိအားတွေကို ရင်ဆိုင်တဲ့နေရာမှာ ပုံစံလွဲသွားလို့ နည်းပြတွေကို စော် ကားသလို ဖြစ်သွားပါတယ်။ အဲဒီအတွက် အရမ်း ဝမ်းနည်းပါတယ်။ ဥက္ကဌကြီးကိုလည်း ဖုန်းဆက်ပြီး တောင်းပန် ထားပါတယ်။ နည်းပြကြီး ပတ်ဆောင်ဟွာ နဲ့ ကျန်တဲ့ဆရာတွေ အားလုံးကို ကျေနပ်တဲ့အထိ တောင်းပန် သွားမှာပါ ” ဟု ကျော်ကိုကိုက မီဒီယာများ၏ မေးမြန်းမှုကို ဖြေကြားသည်။

နည်းပြ ပတ်ဆောင်ဟွာ နှင့် ကျော်ကိုကိုတို့ ကြားတွင် မပြေလည်မှုများ ရှိနေသည် ဆိုသော စကားနှင့် ပတ် သက် ၍ ကျော်ကိုကိုက ယခုလိုပြောသည်။ 

“ နည်းပြကြီးက ကျွန်တော်ကို အမြဲတမ်း ဂရုတစိုက်နဲ့ စကားပြောပါတယ်။ ရည်ရွယ်ချက်ကို အခုထက် ပို ထား ဖို့၊ နိုင်ငံခြားအထိ ထွက်ကစားနိုင်တဲ့ အနေအထား ရောက်အောင် ကြိုးစားဖို့ အမြဲပြောပါတယ်။ ကျွန်တော် ကြိုးစားလို့ ဆိုပြီး ဖိနပ်တစ်ရံ ဆုချဖူးတယ်။ စောဒကတက်တယ် ဆိုတာလည်း မဟုတ်ပါဘူး။ ကျွန်တော့် ကစားပုံ ပိုကောင်းအောင် ဘယ်လိုလုပ်ရမယ် ဆိုတာ အကြံတောင်းရင်း နားလည်မှု လွဲတာပဲ
ရှိပါ တယ်။ ဘောလုံးသမားနဲ့ နည်းပြဆိုတာ ဆရာ တပည့် အဆင့်တောင် မဟုတ်ပါဘူး။ သားအဖ ပုံစံမျိုး ဆက် ဆံတာပါ။ ဖြစ်ခဲ့တဲ့ ကိစ္စအတွက် လက်အုပ်ချီပြီး တောင်းပန်မှာပါ။ ခွင့်လွှတ်မယ်လို့လည်း မျှော်လင့် ပါတယ် ” ဟု ကျော်ကိုကိုက ပြောကြားသည်။

အကယ်၍ လက်ရွေးစင် အသင်းက ပြန်လည်ရွေးချယ်ခြင်း မပြုခဲ့လျှင်လည်း စိတ်ပျက်ခြင်း မရှိဘဲ အမြဲကြိုး စားသွား မည် ဟု ကျော်ကိုကိုက ယခုလိုဆိုသည်။ 

“ ကျွန်တော်က မြန်မာပါ၊ မြန်မာ့ လက်ရွေးစင် အသင်းအတွက် အမြဲ ကစားပေး ချင်ပါတယ်။ ဒီစိတ်က ကျွန်ေ တာ် သေတဲ့အထိ ပျောက်မှာ မဟုတ်ဘူး။ လက်ရွေးစင် အသင်းကသာ ပြန်လက်ခံမယ် ဆိုရင် အ စွမ်း ကုန် ပေးဆပ်ဖို့ အမြဲတမ်း ရှိပါတယ်။ အခု ကိစ္စကြောင့် ရန်ကုန် ယူနိုက်တက် အသင်းက အရေး ယူ မယ် ဆိုရင်လည်း လက်ခံပါမယ်။ ရန်ကုန် အသင်းကို ကျွန်တော်က ကိုယ့်မိသားစုလို့ သဘောထားပါတယ်။ ကျွန်ေ တာ့်ကြောင့် ကျွန်တော့် မိသားစု နာမည် ပျက်သွားရင်၊ ဂုဏ်သိက္ခာထိပါး သွားတယ်ဆိုရင် တောင်း ပန် ပါတယ်။ ကျွန်တော့် မိသားစုက ပေးတဲ့ ပြစ်ဒဏ်ကို ကျေကျေနပ်နပ်ကြီး ခံပါမယ်။ မိသားစုက သားတစ်ေ ယာက်ကို ဘယ်လောက်ပဲ စိတ်ဆိုးပါစေ ရိုက်နှက် ဆုံးမပြီးရင်တော့ သားတစ်ယောက်လို အသိ အမှတ် ပြန်ပြုမှာပါ။ ကျွန်တော် ဒီလိုပဲ မျှော်လင့်ပါတယ် ” ဟု ကျော်ကိုကို ကဆိုသည်။

Yangon United Football Club

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here