Monday, February 4, 2013

တောင်ကြီးမြို့တွင် ရေခဲရိုက်အမဲသားများ ဖမ်းဆီးရမိ

0 comments
ဖေဖော်ဝါရီ(၄)
တရားမ၀င် အေးခဲအမဲသားများအား ဆလာအိတ်ဖြင့်ထည့်ထားပုံ

ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့တွင် ဖေဖော်ဝါရီလ (၂) ရက်နေ့ နေ့လည်ပိုင်းတွင် တာဝန်ရှိသူ များမှ ရေခဲရိုက်ထားသည့် တရားမ၀င် အမဲသား သိန်း ၅၀၀ ကျော်ဖိုးအား ရှာဖွေသိမ်းဆည်းနိုင်ခဲ့သည်။

တောင်ကြီးမြို့နယ်ရဲစခန်းမှ ရဲမှူး နှင့် အေးသာယာရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ၊ အသိသက်သေအချို့ တို့နှင့်အတူ အေးသာယာမြို့မီးသတ်ရုံးရှေ့တွင် ယာဉ်မောင်း ဦးမြင့်ဇော် မောင်းနှင်လာသော နီဆန် (၆)ဘီး အစိမ်းရောင်ယာဉ်အား ရပ်တန့်ရှာဖွေရာ အေးခဲအမဲသား (၃၆၀)အိတ်၊ အလေးချိန်ပေါင်း (၅၁၀၀)ပိဿာခန့်နှင့် ယာဉ်မောင်း မျိုးဇော်ဦး မောင်းနှင်လာသော  နီဆန် (၆)ဘီး အပြာရောင်ယာဉ်ပေါ်မှ အေးခဲအမဲသား (၃၆၀) အိတ်၊ အလေးချိန် (၅၄၀၀)ပိဿာခန့် ၊ စုစုပေါင်းအလေးချိန် (၁၀၅၀၀)ပိဿာခန့် ကာလတန်ဖိုး (၅၂၅) သိန်းခန့် ဖြစ်ကြောင်း သိရသည်။

 တရားမ၀င် အေးခဲအမဲသားများတင်ဆောင်လာသည့်ကားပုံ

တရားမ၀င် အေးခဲအမဲသားများတင်ဆောင်လာသူ ယာဉ်မောင်း (၂) ဦးရဲ့ပြောပြချက်အရ ၎င်းအမဲသားများကို တောင်ငူမြို့၊ သရက်မှော်ရွာမှ ယူဆောင်လာခြင်းဖြစ်သည်ဟု သိရသည်။ အဆိုပါ အေးခဲအမဲသားများကို တောင်ကြီးမြို့နယ်၊ စည်ပင်သာယာရေးဦးစီးအရာရှိ ဦးမျိုးနိုင်ဦးထံကို လွှဲပြောင်းပေးခဲ့ကြောင်း သိရ သည်။

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here