ဖေဖော်ဝါရီ(၂၃)
တာချီလိတ်မြို့နယ်ပညာရေးမှူး ဦးစိန်ထွန်းလှ ဦးဆောင်တဲ့ အလုပ်အမှုဆောင်အဖွဲ့က
ဖေဖော်ဝါရီလ(၁၉)ရက်ကနေ (၂၂)ရက်နေ့ထိ မြို့နယ်အတွင်းရှိ
ကျောင်းများမှာ နှစ်ဆုံး စာမေးပွဲဖြေဆိုနေတာနဲ့ ပတ်သက်ပြီး
စာမေးပွဲကာလအတွင်း ကျောင်းများကို
ကွင်းဆင်းကြီးကြပ်မှုများပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
ပညာရေးနဲ့ပတ်သက်လို့ သူငယ်တန်းနဲ့ပထမတန်းရဲ့ နှစ်ဆုံးပုံမှန်စစ်ဆေးခြင်းလုပ်ငန်းများ
ဆောင်ရွက်နေမှုအခြေအနေများ၊ ဒုတိယတန်းမှ သတ္တမတန်းအထိ နှစ်ဆုံး
အခန်းဆုံးစစ်ဆေးခြင်း(Chapterend test )များ၊ အဋ္ဌမတန်းကျောင်းသား
ကျောင်းသူများရဲ့နှစ်ဆုံးစာမေးပွဲဖြေဆိုနေခြင်းများအပြင် မြို့နယ်တွင်း
ကျောင်းနယ်မြေများ ကျောင်းအုပ်စုများအတွင်းရှိ ထက်/လယ်/မှုကျောင်းများကို
မြို့နယ်ပညာရေးမှူး ဦးစိန်ထွန်းလှ၊ ကျောင်းနယ်မြေမှူး(အ.ထ.က-ဆန်ဆိုင်း
ကျောင်းအုပ်ကြီး) ဦးဝင်းမြင့်နဲ့ မိုင်းဖုန်းကျောင်းအုပ်စုမှူး
ဦးမြင့်ဝင်းလှ (ဝှေလေလန်မူလွန်ကျောင်းအုပ်ဆရာကြီး) တို့က
စာမေးပွဲကာလအတွင်း ကွင်းဆင်းကြီးကြပ်မှုများပြုလုပ်ခဲ့တာဖြစ်ပါတယ်။
တာချီလိတ်အွန်လိုင်းစာမျက်နှာ
Saturday, February 23, 2013
Subscribe to:
Post Comments (Atom)