Sunday, February 24, 2013

တစ်နိုင်ငံလုံး ကာမလှုံ့ဆော်ဆေးဝါးများ ဖမ်းဆီးနေသော်လည်း တောင်ကြီးတွင် ရောင်းမြဲ ရောင်းချလျှက်ရှိနေ

1 comments
ဖေဖော်ဝါရီ(၂၄)

မြန်မာနိုင်ငံအတွင် ရန်ကုန်၊ မန္တလေးကဲ့သို့သော မြို့ကြီးများအပါအ၀င် နေရာအနှံ့အပြားတွင် ယနေ့ခေတ် လူငယ်များ အတုယူ မမှားစေရန်နှင့် စိတ်ပိုင်းဆိုင်ရာများ တိုးတက်စေရေးအတွက် ကာမဆန္ဒလှုံ့ဆော်စေသည့် ဆေးဝါးပစ္စည်းများအား လိုက်လံဖမ်းဆီးအရေးယူမှုများ ပြုလုပ်နေလျှက် ရှိသော်လည်း ရှမ်းပြည်နယ်၏ မြို့တော် တောင်ကြီးမြို့တွင်မူ လူစည်ကားရာ နေရာဖြစ်သော ညဈေးတန်းနေရာတွင် ရောင်းချနေလျှက်ရှိနေကြောင်း သိရှိရပါတယ်။



အဲဒီ ကာမလှုံ့ဆော်ဆေးများ ရောင်းချသည့် နေရာတွင် တောင်ကြီးမြို့ပေါ်ရှိ ရဲတပ်ဖွဲ့ဝင်များမှ လုံခြုံရေးများရှိသည့်အပြင် စည်ပင်သာယာရေးဦးစီးဌာန ၀န်ထမ်းများလည်းရှိနေကြောင်းနှင့် မည်သည့်အတွက်ကြောင့် ပိတ်ပင်တားဆီးခြင်းမရှိသည်ကိုမူ အသေးစိတ်မသိရှိရသော်လည်း

အဆိုပါကာမ လှုံ့ဆော်ဆေးများ ရောင်းချသည့်နေရာသို့ သားအမိ သားအဖ မောင်နှစ်မများ မသွားရဲဘဲ ရှိနေသော်လည်း အဆိုပါနေရာသည် ဈေးသွားဈေးလာများအဖို့ မသွားလျှင် မရသောနေရာဖြစ်နေကြောင်း သိရပါတယ်။

တောင်ကြီးမြို့ပေါ်ရှိ သတင်းထောက်များမှာလည်း အဆိုပါကိစ္စအား သိနေ မြင်နေသော်လည်း သတင်းမရေးပဲ လျစ်လျူရှုထားပြီး အဓိကတာဝန်ရှိသော စည်ပင်သာယာရေးအဖွဲ့မှာလည်း ဈေးကောက်ရရင်ပြီးရော ဆိုသည့်စိတ်ဖြင့် လျစ်လျူရှုထားကြောင်း သိရှိရပါတယ်။
 
တောင်ကြီးတိုင်းမ်

One Response so far.

  1. Unknown says:

    မြန်မြန်ဖမ်းကွာ...ရောင်းတဲ့သူတွေကို...

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here