Monday, March 18, 2013

တရုတ်၊ မြန်မာတို့နှင့် ထိစပ်နေသောနယ်စပ်ဒေသများ တည်ငြိမ်နေဟု အိန္ဒိယတပ်မတော်မှ ဒုဗိုလ်ချုပ်ကြီးပြော

0 comments
မတ်(၁၈)

Photo: တရုတ်၊ မြန်မာတို့နှင့် ထိစပ်နေသောနယ်စပ်ဒေသများ 
တည်ငြိမ်နေဟု အိန္ဒိယတပ်မတော်မှ ဒုဗိုလ်ချုပ်ကြီးပြော

အဂါတလာ ။ မတ် ၁၇ ။ 

အိန္ဒိယ၏ တရုတ်၊ မြန်မာတို့ နှင့် ထိစပ်နေသောနယ်စပ်ဒေသ 
များသည်  တည်ငြိမ်မှုရှိနေပြီး ထိုဒေသများတွင် လတ်တလော၌ 
မည်သည့် ခြိမ်း ခြောက်မှုမှ ရှိမနေကြောင်း အိန္ဒိယတပ်မတော်မှ ဒုဗိုလ်ချုပ်ကြီးအေ၊ကေ၊ဆာနီကပြောကြားလိုက်သည်။

မြန်မာနှင့် နယ်စပ်ဖြစ်သောအဂါတလာ၌ သတင်းထောက်များအား
ပြောကြားရာတွင် ဒုဗိုလ်ချုပ်ကြီး အေ၊ကေ၊ဆာနီက “လတ်တလော
မှာတော့ ဒီနယ်စပ်တွေမှာ ခြိမ်းခြောက်မှုမရှိဘဲ တည်ငြိမ်ပြီး အေးချမ်း
နေပါတယ်။ ကျွန်တော်တို့ဟာ နယ်စပ်ဒေသတလျှောက်မှာလည်း လုံခြုံရေးကျိုး ပေါက်မှု တစုံတရာတွေ့တာနဲ့ အရေးယူပြင်ဆင်ဆောင် ရွက်မှုတွေ လုပ်လေ့ရှိပါတယ်။ မဏိပူရမှာရှိတဲ့ မြန်မာနဲ့ နယ်စပ်က တချို့နေရာတွေကိုလည်း ခြံစည်းရိုးကာပြီးပါပြီ”ဟု ပြောကြားသည်။

ထို့ပြင် ၎င်းက မြန်မာနှင့် အိန္ဒိယတို့ ပူးပေါင်းဆောင်ရွက်နေသော အကြမ်းဖက်မှုတိုက်ဖျက်ရေးနှင့် ပတ်သက်၍ မကြာမီက မြန်မာ
ဘက်မှ အိန္ဒိယနှင့် နယ်စပ် တမူးတွင် မြန်မာအာဏာပိုင်များက မူးယစ်ဆေးဝါးနှင့် လက်နက်များ ဖမ်းဆီးမိခဲ့ခြင်းမှာ နှစ်နိုင်ငံ ပူး
ပေါင်းဆောင်ရွက်မှုအပေါ် မြန်မာဘက်က ရိုးသားမှုကို ပြသခြင်း ပင်ဖြစ်ကြောင်း ဆိုသည်။

နာဂါးလန်းပြည်နယ်အခြေစိုက် အိန္ဒိယတပ်မတော်၏ အမှတ်သုံး စစ်ဒေသမှူး အေကေဆာနီသည် မဏိပူရပြည်နယ်ရှိ အိန္ဒိယ-
ဘဂ်လားဒေ့ရှ် နယ် စပ်တလျှောက်တွင် စစ်ဆေးလေ့လာခဲ့ပြီး
နောက် အဂါတလာသို့ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။

Ref: Zeenews

အိန္ဒိယ၏ တရုတ်၊ မြန်မာတို့ နှင့် ထိစပ်နေသောနယ်စပ်ဒေသ များသည် တည်ငြိမ်မှုရှိနေပြီး ထိုဒေသများတွင် လတ်တလော၌ မည်သည့် ခြိမ်း ခြောက်မှုမှ ရှိမနေကြောင်း အိန္ဒိယတပ်မတော်မှ ဒုဗိုလ်ချုပ်ကြီးအေ၊ကေ၊ဆာနီကပြောကြားလိုက်သည်။

မြန်မာနှင့် နယ်စပ်ဖြစ်သောအဂါတလာ၌ သတင်းထောက်များအားပြောကြားရာတွင် ဒုဗိုလ်ချုပ်ကြီး အေ၊ကေ၊ဆာနီက “လတ်တလောမှာတော့ ဒီနယ်စပ်တွေမှာခြိမ်းခြောက်မှုမရှိဘဲ တည်ငြိမ်ပြီး အေးချမ်းနေပါတယ်။ ကျွန်တော်တို့ဟာ နယ်စပ်ဒေသတလျှောက်မှာလည်း လုံခြုံရေးကျိုး ပေါက်မှု တစုံတရာတွေ့တာနဲ့ အရေးယူပြင်ဆင်ဆောင် ရွက်မှုတွေ လုပ်လေ့ရှိပါတယ်။ မဏိပူရမှာရှိတဲ့ မြန်မာနဲ့ နယ်စပ်က တချို့နေရာတွေကိုလည်း ခြံစည်းရိုးကာပြီးပါပြီ”ဟု ပြောကြားသည်။

ထို့ပြင် ၎င်းက မြန်မာနှင့် အိန္ဒိယတို့ ပူးပေါင်းဆောင်ရွက်နေသော အကြမ်းဖက်မှုတိုက်ဖျက်ရေးနှင့် ပတ်သက်၍ မကြာမီက မြန်မာဘက်မှ အိန္ဒိယနှင့် နယ်စပ် တမူးတွင် မြန်မာအာဏာပိုင်များက မူးယစ်ဆေးဝါးနှင့် လက်နက်များ ဖမ်းဆီးမိခဲ့ခြင်းမှာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုအပေါ် မြန်မာဘက်က ရိုးသားမှုကို ပြသခြင်း ပင်ဖြစ်ကြောင်း ဆိုသည်။

နာဂါးလန်းပြည်နယ်အခြေစိုက် အိန္ဒိယတပ်မတော်၏ အမှတ်သုံး စစ်ဒေသမှူး အေကေဆာနီသည် မဏိပူရပြည်နယ်ရှိ အိန္ဒိယ-ဘဂ်လားဒေ့ရှ် နယ် စပ်တလျှောက်တွင် စစ်ဆေးလေ့လာခဲ့ပြီးနောက် အဂါတလာသို့ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။ 
The Myanma Age

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here