Sunday, March 10, 2013

ကားဈေးများပြန်တက်သော်လည်း ကားအရောင်းသွက်

0 comments
မတ်(၁၀)
Photo: ကားဈေးများပြန်တက်သော်လည်း ကားအရောင်းသွက်

ရန်ကုန်၊မတ် ၉။

ယခုတစ်ပတ် ကားများ အရောင်း သွက်လျက်ရှိသလို 
ကားဈေးများလည်း တက်လျက်ရှိကြောင်း ကားအရောင်း အ၀ယ်ပြုလုပ်နေသူများ၏ပြောကြားချက်အရသိရသည်။

“ဒီတစ်ပတ်ကို ကားဈေးနည်းနည်း ပြန်တက်တယ်။ 
အ၀ယ်လည်း နည်းနည်းလိုက်တယ်။ကားဈေးကွက်က 
ခုထိတော့ နေရာ မကျသေးဘူး ဖြစ်နေတယ်။ ဟံသာဝတီကားဝင်းပိတ်ပြီး ပြောင်းကြရွှေ့ကြနဲ့ဆိုတော့။”
ဟု ကားရောင်းဝယ်ရေး ပြုလုပ်သူ ကိုသီဟကျော်က
ပြောကြားသည်။

ယခုအချိန်မှာ ကားလေလံ ဆွဲနေသည့်ကာလဖြစ်ပြီး 
ကားတင်ဆောင်သော သဘောင်္များ မ၀င်သေးသောကြောင့် 
ဈေးကွက်အတွင်း ကားဈေးများ တက်သွားခြင်းဖြစ်ကြောင်း၊ 
ယခုလေလံ ဆွဲထားသော ကားများ ဧပြီလတွင် ကားတင်
သဘောင်္များဖြင့်ရောက်လာရန်ရှိကြောင်း သိရသည်။

အင်ဂျင်ပါဝါနိမ့်သော ကားများဖြစ်သည့် Probox,Honda fit,
Suzuki Swift ကဲ့သို့ကားများ မှာ ၅သိန်းခန့်ဈေးတက်သွားပြီး၊ အင်ဂျင်ပါဝါမြင့်သော Prado,Harrier ကဲ့သို့ကားများမှာ ၁၀သိန်းနှင့်သိန်း၂၀ကြားဈေးတက်လျက်ရှိကြောင်း၊ 
အပ်ကားများမှာ ၈၅သိန်းခန့်ဈေးပေါက်ပြီး၊ စလစ်ဈေးမှာ သိန်း၉၀ခန့်ရှိကြောင်း၊ AAစလစ်များမှာ ၆၈သိန်းခန့်
ပေါက်ဈေးရှိကြောင်း ကားအရောင်းအ၀ယ်ပြုလုပ်သူ 
ဦးဌေးကပြောကြားသည်။

“ကျွန်တော်ဆီမှာတော့ Probox အင်ဂျင်ပါဝါ 1.3ကို ၁၁၇သိန်း၊
အင်ဂျင်ပါဝါ 1.5ဆိုရင် သိန်း၁၂၀၊ Succeedဆိုရင်တော့ 
၁၄၅သိန်း နဲ့ရောင်းတယ်။ ယာယီနံပါတ်ကိုပေါ့” ဟုကားအရောင်းအ၀ယ်ပြုလုပ်သူ ကိုသီဟကျော်က
ပြောကြားသည်။

“Proboxတွေ အရောင်းသွက်တယ်။ ၀ယ်သူတွေက Probox 
မေးတာ များတယ်။ ကျွန်တော်တို့ဆီမှာတော့ အင်ဂျင်ပါဝါ 1.3 Proboxတွေရောင်းတယ်။ ဈေးကတော့ ၁၂၅သိန်းပါ။ စလစ်က အမည်ပေါက်ကို ၉၁သိန်းပေါက်တယ်။” ဟုWin & S.P.A.M ကားအရောင်းပြခန်းမှ အရောင်းတာဝန်ခံတစ်ဦးက ပြောကြား
သည်။

ဆုဝေ
ဓာတ်ပုံ - အောင်သိုက်

ယခုတစ်ပတ် ကားများ အရောင်း သွက်လျက်ရှိသလို
ကားဈေးများလည်း တက်လျက်ရှိကြောင်း ကားအရောင်း အ၀ယ်ပြုလုပ်နေသူများ၏ပြောကြားချက်အရသိရသည်။

“ဒီတစ်ပတ်ကို ကားဈေးနည်းနည်း ပြန်တက်တယ်။
အ၀ယ်လည်း နည်းနည်းလိုက်တယ်။ကားဈေးကွက်က
ခုထိတော့ နေရာ မကျသေးဘူး ဖြစ်နေတယ်။ ဟံသာဝတီကားဝင်းပိတ်ပြီး ပြောင်းကြရွှေ့ကြနဲ့ဆိုတော့။”
ဟု ကားရောင်းဝယ်ရေး ပြုလုပ်သူ ကိုသီဟကျော်က
ပြောကြားသည်။

ယခုအချိန်မှာ ကားလေလံ ဆွဲနေသည့်ကာလဖြစ်ပြီး
ကားတင်ဆောင်သော သဘောင်္များ မ၀င်သေးသောကြောင့်
ဈေးကွက်အတွင်း ကားဈေးများ တက်သွားခြင်းဖြစ်ကြောင်း၊
ယခုလေလံ ဆွဲထားသော ကားများ ဧပြီလတွင် ကားတင်
သဘောင်္များဖြင့်ရောက်လာရန်ရှိကြောင်း သိရသည်။

အင်ဂျင်ပါဝါနိမ့်သော ကားများဖြစ်သည့် Probox,Honda fit,
Suzuki Swift ကဲ့သို့ကားများ မှာ ၅သိန်းခန့်ဈေးတက်သွားပြီး၊ အင်ဂျင်ပါဝါမြင့်သော Prado,Harrier ကဲ့သို့ကားများမှာ ၁၀သိန်းနှင့်သိန်း၂၀ကြားဈေးတက်လျက်ရှိကြောင်း၊
အပ်ကားများမှာ ၈၅သိန်းခန့်ဈေးပေါက်ပြီး၊ စလစ်ဈေးမှာ သိန်း၉၀ခန့်ရှိကြောင်း၊ AAစလစ်များမှာ ၆၈သိန်းခန့်
ပေါက်ဈေးရှိကြောင်း ကားအရောင်းအ၀ယ်ပြုလုပ်သူ
ဦးဌေးကပြောကြားသည်။

“ကျွန်တော်ဆီမှာတော့ Probox အင်ဂျင်ပါဝါ 1.3ကို ၁၁၇သိန်း၊
အင်ဂျင်ပါဝါ 1.5ဆိုရင် သိန်း၁၂၀၊ Succeedဆိုရင်တော့
၁၄၅သိန်း နဲ့ရောင်းတယ်။ ယာယီနံပါတ်ကိုပေါ့” ဟုကားအရောင်းအ၀ယ်ပြုလုပ်သူ ကိုသီဟကျော်က
ပြောကြားသည်။

“Proboxတွေ အရောင်းသွက်တယ်။ ၀ယ်သူတွေက Probox
မေးတာ များတယ်။ ကျွန်တော်တို့ဆီမှာတော့ အင်ဂျင်ပါဝါ 1.3 Proboxတွေရောင်းတယ်။ ဈေးကတော့ ၁၂၅သိန်းပါ။ စလစ်က အမည်ပေါက်ကို ၉၁သိန်းပေါက်တယ်။” ဟုWin & S.P.A.M ကားအရောင်းပြခန်းမှ အရောင်းတာဝန်ခံတစ်ဦးက ပြောကြားသည်။
ဧရာဝတီ

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here