Monday, March 18, 2013

လားရှိုးမြို့၊ သီရိမင်္ဂလာမန်ဆူရှမ်းကျောင်း၌(၂၈)ကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာ ပရိယတ္တိသဒ္ဓမ္မပါလ စာမေး/စာပြန်ပွဲတော်နှင့် ဓမ္မာစရိယစာချတန်းအောင်မြင်တော်မူသော သံဃာတော်များအား ဂုဏ်ပြုပွဲ ကျင်းပပြုလုပ်

0 comments
မတ်(၁၈)



လားရှိုးမြို့၊သီရိမင်္ဂလာမန်ဆူရှမ်းကျောင်း၌ယနေ့နံနက်(၀၉၀၀)နာရီမှစ၍ဘဒ္ဒန္တမုနိန္ဒနှင့်သံဃာတော်များမှ ဦးစီး၍(၂၈)ကြိမ်မြောက်မြို့နယ်လုံးဆိုင်ရာပရိယတ္တိသဒ္ဓမ္မပါလစာမေး/စာပြန်ပွဲတော်နှင့်ဓမ္မာစရိယစာချတန်း 
 အောင်မြင်တော်မူသောသံဃာတော်(၁၅)ပါးတို့၏ဂုဏ်ပြုပွဲအားမတ်လ(၁၈)ရက်နေ့တွင်ကျင်းပပြုလုပ်ခဲ့ရာ ပင့်သံဃာများ၊ လားရှိုးမြို့နယ်အတွင်း ကျောင်းပေါင်း(၇၈)ကျောင်းမှရဟန်းသာမဏေ(၅၃၉)ပါး ၊ ဌာန ဆိုင်ရာအကြီးအကဲများ၊ အလှူရှင်များ နှင့် ဧည့်သည်တော် (၂၅၀၀)ကျော်တက်ရောက်ခဲ့ကြောင်း သိရပါတယ်။

 အဆိုပါအခမ်းအနားတွင်ပင့်သံဃာတော်အရှင်သူမြတ်တို့အားလှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းခြင်း ၊ဓမ္မာစရိယစာချတန်းအောင်သံဃာတော်(၁၅)ပါးတို့အား ဂုဏ၀ိသိဌပူဇာဂုဏ်ပြုလက်မှတ်နှင့်လှူဖွယ်ပစ္စည်း  
ဝတ္ထုများဆက်ကပ် လှူဒါန်းခြင်း၊  ကျောင်းဆောင်သစ် အုတ်မြစ်ချအခမ်းအနားတို့ကိုဆောင်ရွက်ခဲ့ပြီး သံဃာတော်များအားဆွမ်းဆက်ကပ်လှူဒါန်းခြင်း၊အခမ်းအနားသို့တက်ရောက်လာသောပရိတ်သတ်များအား  နေ့လည်စာဖြင့်  တည်ခင်းဧည့်ခံခြင်းများပြုလုပ်ခဲ့တယ်လို့ သိရပါတယ်.။
 
 by 

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here