Monday, March 18, 2013

တရုတ်နိုင်ငံအတွင်း လူသတ်ပြီး မြန်မာနိုင်ငံသို့ထွက်ပြေးခဲ့သည့် လူသတ်တရားခံဖမ်းမိ

0 comments
မတ်(၁၈)

တရုတ်နိုင်ငံ၊ ရင်ကျန်းခရိုင်  ဖင်ယွမ်မြို့၊ လားဟူလျန်တံတားကြီးဘေး ပန်ခြံအတွင်းရှိ ကျောက်တံတား တစ်ခုတွင် အမျိုးသားအလောင်းတစ်လောင်းတွေ့ရ၍ စုံစမ်းစစ်ဆေးခဲ့ရာ ကျော်သန်း (ဘ)ဦးမောင်အေး ရှမ်း/ဗုဒ္ဓနမ့်မြင့်ရွာ၊မိုင်းငေါ့မြို့နယ်ခွဲနေသူသည်အောင်လဲ့(ရှမ်းလူမျိုး)နောင်ကွန်ရွာ၊ ဗန်းမော်ခရိုင်နေသူအား လားဟူလျန်တံတားကြီးဘေးပန်းခြံတွင် သတ်ဖြတ်ခဲ့ပြီးအောင်လဲ့ထံမှ တရုတ်ငွေ (၄၀၀၀)အားလုယူ၍မြန်မာနိုင်ငံ ဘက်သို့ထွက်ပြေးတိမ်းရှောင်သွား သဖြင့်၎င်းတရားခံ အားဖမ်းဆီးအရေးယူပေးရန်အကြောင်းကြားခဲ့သည်ဟု  သိရပါသည်။

 တရားခံအားဖမ်းဆီးနိုင်ရေးအတွက် မူဆယ်ရဲစခန်းမှအမှုဖွင့်လှစ်ပြီးမိုးမိတ်ရဲစခန်းသို့ အကြောင်းကြား ခဲ့ကြောင်းသိရပါသည်။မိုးမိတ်ရဲစခန်းမှစခန်းမှူးရဲအုပ်လူလှ ဦးစီးအဖွဲ့များမှတရားခံအားကျော်သန်း အား မိုးမိတ်မြို့နယ်၊မိုင်းဟောက်ကျေးရွာအုပ်စု ၊ ဇောတိရှေးဟောင်း ဘုရားအနီးတွင် ဖမ်းဆီးရမိ ခဲ့ကြောင်း သိရပါသည်။
 

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here