မတ်လ(၂၀)
ယာဉ်စည်းကမ်း၊လမ်းစည်းကမ်း ပညာပေးဟောပြောနေပုံ(ဓာတ်ပုံ-တာချီလိတ်) |
ရှမ်းပြည်နယ်
နမ့်စန်မြို့ အမှတ်(၆)ကျေးရွာအနီးတွင် မတ်လ(၁၉)ရက်နေ့ မနက်ပိုင်းက ဆိုင်ကယ်တစ်စီး တိမ်းမှောက်ပြီး
(၂)ဦး သေဆုံးသွားခဲ့ကြောင်း သိရသည်။
မတ်လ(၁၉)ရက်နေ့
မနက်ပိုင်းတွင် နမ့်စန်မြို့၊ အမှတ်(၆)တံတားအနီး နမ့်စန် - မိုးနဲသွား ကားလမ်းကြီးတွင်
မောင်စိုးပြည့်(ပျော်ဘွယ်မြို့နေသူ) မောင်းနှင်လာသော ဆိုင်ကယ်တိမ်းမှောက် ရာမှ မောင်စိုးပြည့်မှာ
ဝဲဘက် ပေါင်ကျိုးပြီး ဆိုင်ကယ်နောက်မှ လိုက်ပါလာသူ(အမည်စုံစမ်းဆဲ)မှာ ဦးခေါင်းဒဏ်ရာ၊
ဝဲဘက်ပေါင်ကျိုး ဒဏ်ရာ များဖြင့် သေဆုံးခဲ့ကြောင်း သိရသည်။
ဒဏ်ရာရရှိသူ
မောင်စိုးပြည့်နှင့် သေဆုံးသူတို့အား နမ့်စန်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သော် လည်း
မောင်စိုးပြည့်မှာ နေ့လည်ပိုင်းတွင် ဆေးရုံ၌သေဆုံးသွားခဲ့သည်။ ၄င်းသေဆုံးသူနှစ်ဦးအား
နမ့်စန်မြို့ရဲတပ်ဖွဲ့မှ ယာဉ်မဆင်မခြင်မောင်းနှင်မှုဖြင့် အမှုဖွင့်အရေးယူထားကြောင်း
သိရသည်။