Friday, March 15, 2013

ရှမ်းပြည်နယ်သံလွင်မြစ်ကြောင်းတလျှောက် ရွှေခိုးတူး နေ သောလက်နက်ကိုင်အဖွဲ့များ

0 comments



မတ်(၁၅)

ရှမ်းပြည်နယ် ကွန်ဟိန်းမြို့ ကာလိမြို့နယ်ခွဲအတွင်းရှိ သံလွင်မြစ်တလျှောက်တွင် ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) ယွက်ဆစ်အဖွဲ့မှ ရွှေမှောင်ခိုသမားများနှင့်ပူးပေါင်းကာ တရားမ၀င်ရွှေတူးဖော် နေကြောင်း သိရပါသည်။

“ရွှေတူးနေတဲ့အဖွဲ့တွေကို ဦးဆောင်တဲ့သူက မိုင်းဆတ်မြို့၊ မယ်ဆွမ်မြောက်ရပ်ကွက်က ဦးကျော်အောင်ပါ။ တာဆိုင်းတူးတို့ဆိပ်နားမှာ “ဖွေးဖွေးထိုက်” ကုမ္ပဏီနာမည်နဲ့ရုံးဆောက်ပြီး တရားဝင်ကုမ္ပဏီ အနေနဲ့ ရွှေ တူးနေတာပါ။ ရွှေတူးနေတဲ့ ရွှေဖောင်တွေကို ယွက်ဆစ်အဖွဲ့မှ လက်နက်ကိုင်(၅၀)ဦး လောက်က လုံခြုံရေး လုပ်ပေးနေပါတယ်။ ရွှေတူးတဲ့စက်လှေ (၆၀)လောက် ရှိတယ်။ ကျွန်တော်တို့ရွာသားတွေ အဲဒီဘက်ကို သွားရင် ယွက်စစ်အဖွဲ့က ပြန်လွှတ်တယ်။ ရွှေတူးတဲ့အဖွဲ့ တွေနဲ့ ယွတ်ဆစ်အဖွဲ့က လုခြုံရေးလုပ်နေတဲ့ သူတွေအတွက် ရိက္ခာတွေကို ကျွန်တော်တို့ရွာတွေ ကနေ ၀ယ်တယ်။ စပြီး ရွှေတူးတာတော့ ဇန်န၀ါရီလ တတိယအပတ်လောက်က ဖြစ်မယ်” လို့ ကာလိမြို့နယ်ခွဲအတွင်းမှာရှိတဲ့ တာပူးရွာမှ ဈေးသည်တစ်ဦး က ပြောပြသည်။


ရွှေဖောင်စက်လှေများအတွက် လိုအပ်သောဓါတ်ဆီ၊ ဒီဇယ်ဆီများကို တာချီလိတ်-မိုင်းဆတ် မိုင်းပု ကြီးကျေးရွာအုပ်စု တာပူးရွာလမ်းကြောင်းအတိုင်း တစ်လလျှင်နှစ်ကြိမ်ခန့် (၁၀)ဘီးယာဉ်ဖြင့် ပို့ဆောင်ပေးနေကြောင်း သိရသည်။ အဆိုပါ ရွှေတူးလုပ်ငန်းတာဝန်ခံမှာ ယွက်ဆစ်အဖွဲ့မှ ဗိုလ်မှူးကြီး အဆင့်ရှိသူ အောင်တိန်း ဖြစ်ပြီး ၄င်းသည် ရှမ်းပြည်တပ်မတော် (တောင်ပိုင်း)အဖွဲ့အတွက် အဓိကရံပုံငွေ ရှာပေးနေသူတစ်ဦးဖြစ်သည်။

ရှမ်းပြည်တပ်မတော်(တောင်ပိုင်း) ယွက်ဆစ်အဖွဲ့သည် အပစ်အခတ်ရပ်စဲရေးသဘောတူညီချက် လက်မှတ်ရေးထိုးပြီး နောက်ပိုင်းတွင် လူသစ်အဓမ္မစုဆောင်းခြင်း၊ မူးယစ်ဆေးဝါးရောင်းဝယ် စိုက် ပျိုးခြင်းနှင့် တရားမ၀င် သစ်လုပ်ငန်း၊ ရွှေ လုပ်ငန်းတို့အပြင် လက်နက်မှောင်ခိုလုပ်ငန်းများကိုပါ ပိုမို လုပ်ဆောင်လာခဲ့ကာ ခေါင်းဆောင်ပိုင်းများတွင်သာ စီးပွားရေးပြေလည်နေပြီး လက်အောက်အဖွဲ့ များတွင် စီးပွားရေးအဆင်မပြေမှုများရှိနေကြောင်းသိရသည်။ ခေါင်းဆောင်ပိုင်းများအနေဖြင့် ငွေကြေးဥစ္စာများ ပြည့် စုံေ နသော်လည်း ရှမ်းပြည်နယ်ကောင်းကျိုးနှင့် တိုးတက်ရေးအတွက် မည်သည့် အခါမှ လုပ်ဆောင်ပေးခြင်းမရှိခဲ့ပါ။ ယခုကဲ့သို့ လက်အောက်ခံအဖွဲ့များကို တပ်မတော်စစ်ကြောင်းများ လုံခြုံရေး ယူထား သော သံလွင်မြစ်ကြောင်းတစ်လျှောက်တွင် ရွှေတူးခိုင်းနေခြင်းမှာ ၄င်းတို့အား သေတွင်းထဲသို့ ပို့ဆောင်နေခြင်းဖြစ် သည်ဟု အောက်ခြေအဆင့်တွင် ပြောဆိုမှုများ ရှိနေကြောင်း သိရသည်။


ရှမ်းပြည်တပ်မတော်(တောင်ပိုင်း) ယွက်ဆစ်အဖွဲ့သည် ယခုကဲ့သို့ မှောင်ခိုစီးပွားရေးလုပ်ငန်းရှင် များနှင့် တရားမ၀င်ရွှေတူးဖော်နေခြင်းကို ဒေသခံများမှ သိရှိသော်လည်း ဗိုလ်မှူးကြီး အောင်တိန်းအား ကြောက် ရွံ့သောကြောင့် မပြောရဲ မဆိုရဲဖြစ်နေကြကြောင်း သိရသည်။ ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် နိုဝင်ဘာလအတွင်း ယခုကဲ့သို့ သံလွင်မြစ်အတွင်း တရားမ၀င်ရွှေတူးနေသော တရုတ်နိုင်ငံသား (၁၈)ဦးကိုလည်း နယ်မြေခံ စစ်ကြောင်းများက ဖမ်းဆီးခဲ့သည်။ ယခုတရားမ၀င်ရွှေတူးနေသော ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) ယွက်ဆစ်အဖွဲ့နှင့် နယ်မြေခံစစ်ကြောင်းများ တွေ့ဆုံတိုက်ပွဲဖြစ်မည်ကို ဒေသခံများ စိုးရိမ်ထိတ်လန့်နေ ကြကြောင်း သိရသည်။






Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here