Friday, March 15, 2013

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် အာရှယူ-၁၄ ချန်ပီယံရှစ် ခြေစစ်ပွဲအုပ်စုများ ထွက်ပေါ်၊ မလေးရှား၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ တီမော၊ ဘရူနိုင်းတို့နှင့် မြန်မာအသင်း ကျရောက်နေ

0 comments

မတ်(၁၅)
Sports-2-march15
ဘောလုံးသင်တန်းတစ်ခုတွင် တွေ့ရသည့် မြန်မာယူ-၁၂ ကစားသမားများ
အာရှဘောလုံးအဖွဲ့ချုပ် (AFC) သည် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ၂၀၁၄ အာရှယူ-၁၄ ချန်ပီယံရှစ် ခြေစစ်ပွဲအုပ်စု (E) နှင့် (F) ပွဲစဉ်များကို ရေးဆွဲထုတ်ပြန်လိုက်ပြီဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် (MFF) သည် ယင်းခြေစစ်ပွဲ ပွဲစဉ်များကို နေပြည်တော်ရှိ ၀ဏ္ဏသိဒ္ဓိကွင်းနှင့် ဇေယျာသီရိကွင်းတို့တွင် ကျင်းပပြုလုပ်သွားမည် ဖြစ်သည်။ ယင်းဘောလုံးကွင်း (၂) ကွင်းမှာ လာမည့် (၂၇) ကြိမ်မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲအတွက် တည်ဆောက်ထားသည့် ကွင်းများဖြစ်ပြီး ပထမဆုံးကြိမ်အဖြစ် နိုင်ငံတကာ ပြိုင်ပွဲများကို လက်ခံကျင်းပခြင်းလည်း ဖြစ်သည်။
အိမ်ရှင်မြန်မာအသင်းသည် အုပ်စု (E) တွင် ဘရူနိုင်း၊ မလေးရှား၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ တီမောတို့နှင့်အတူ ကျရောက်နေပြီး အုပ်စု (F) တွင်မူ ထိုင်း၊ လာအို၊ အင်ဒိုနီးရှား၊ ဘင်္ဂလားဒေ့ရှ်၊ စင်ကာပူ၊ ကမ္ဘောဒီးယားတို့ ပါဝင်နေသည်။ ခြေစစ်ပွဲစဉ်များကို အုပ်စု (၈) ခုခွဲ၍ ကျင်းပနေပြီး ထိပ်ဆုံးအသင်းများမှာ ခြေစစ်ပွဲအောင်မြင်မည်ဖြစ်ကြောင်း သိရသည်။
ယင်းခြေစစ်ပွဲကို ယှဉ်ပြိုင်ရန်အတွက် မြန်မာယူ-၁၄ အသင်းသည် ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၁) ရက်မှစ၍ ပဏာမ ကစားသမား (၃၅) ဦးဖြင့် စတင်လေ့ကျင့် ပြင်ဆင်နေပြီး နည်းပြချုပ်အဖြစ် ဂျပန်လူမျိုး တီရှီမာက ကိုင်တွယ်လျက်ရှိသည်။ အုပ်ချုပ်သူအဖြစ် ဦးဝင်းသူမိုး၊ လက်ထောက်နည်းပြများအဖြစ် ဦးသိုင်းထွန်းဇော်နှင့် ဦးခင်မောင်ထွေး၊ ဂိုးနည်းပြအဖြစ် ဦးမင်းထွန်းလင်းတို့က ဆောင်ရွက်နေကြောင်း သိရသည်။ လက်ရှိတွင် မြန်မာယူ-၁၄ အသင်းသည် မန္တလေး၌ စခန်းဝင်လေ့ကျင့်လျက်ရှိပြီး ဧပြီလ (၁၀) ရက်မှစ၍ ရန်ကုန်မြို့သို့ ပြောင်းရွှေ့ကာ လေ့ကျင့်သွားမည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်မြို့သို့ ရောက်ရှိပြီးမှသာ ခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ပြီး မေလပထမပတ်တွင် ထိုင်းနိုင်ငံသို့ သွားရောက်၍ ခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားရန် စီစဉ်ထားကြောင်းလည်း သိရသည်။
ယင်းအသင်းတွင် မန္တလေးဘောလုံးအကယ်ဒမီနှင့် ပုသိမ်ဘောလုံးအကယ်ဒမီတို့မှ ကစားသမားအများစု ပါဝင်နေပြီး အထက်မြန်မာပြည်နှင့် အောက်မြန်မာပြည် ယူ-၁၂ ပြိုင်ပွဲမှ ကစားသမားအချို့ကိုလည်း အားဖြည့်ရွေးချယ်ထားကြောင်း သိရသည်။
အုပ်စု(E)    -မြန်မာ၊ ဘရူနိုင်း၊ တီမော
               မလေးရှား၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊

၂၈-၅-၁၃ မလေးရှား - မြန်မာ

ဗီယက်နမ် - တီမော

ဘရူနိုင်း - ဖိလစ်ပိုင်
၂၉-၅-၁၃ မြန်မာ - ဖိလစ်ပိုင်

ဘရူနိုင်း - ဗီယက်နမ်

မလေးရှား - တီမော
၃၁-၅-၁၃ ဖိလစ်ပိုင် - မလေးရှား

တီမော - ဘရူနိုင်း

မြန်မာ - ဗီယက်နမ်
 ၂-၆-၁၃ ဗီယက်နမ် - ဖိလစ်ပိုင်

တီမော - မြန်မာ

ဘရူနိုင်း - မလေးရှား
 ၃-၆-၁၃ ဖိလစ်ပိုင် - တီမော

မလေးရှား - ဗီယက်နမ်

မြန်မာ - ဘရူနိုင်း

အုပ်စု(F)    -ထိုင်း၊ လာအို၊ အင်ဒိုနီးရှား  
               ဘင်္ဂလားဒေ့ရှ်၊ စင်ကာပူ၊ ကမ္ဘောဒီးယား

၂၈-၅-၁၃ အင်ဒိုနီးရှား - ထိုင်း

ဘင်္ဂလားဒေ့ရှ် - ကမ္ဘောဒီးယား

လာအို - စင်ကာပူ
၂၉-၅-၁၃ ထိုင်း - စင်ကာပူ

လာအို - ဘင်္ဂလားဒေ့ရှ်

အင်ဒိုနီးရှား - ကမ္ဘောဒီးယား
၃၁-၅-၁၃ စင်ကာပူ - အင်ဒိုနီးရှား

ကမ္ဘောဒီးယား - လာအို

ထိုင်း - ဘင်္ဂလားဒေ့ရှ်
၂-၆-၁၃  ဘင်္ဂလားဒေ့ရှ် - စင်ကာပူ

ကမ္ဘောဒီးယား - ထိုင်း

လာအို - အင်ဒိုနီးရှား
၃-၆-၁၃  စင်ကာပူ - ကမ္ဘောဒီးယား

အင်ဒိုနီးရှား - ဘင်္ဂလားဒေ့ရှ်

ထိုင်း - လာအို
အုပ်စု (E)ပွဲစဉ်များကိုဝဏ္ဏသိဒ္ဓိကွင်းနှင့်အုပ်စု(F)ပွဲစဉ်များကို ဇေယျာသီရိကွင်းတို့တွင်ကျင်းပမည်ဖြစ်သည်။
eleven

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here