Friday, March 8, 2013

သဘာဝ ဘေးအန္တရာယ် တုံ့ပြန် ဆောင်ရွက်ရေးနှင့် မီးသတ် ပညာပေး ဟောပြော

0 comments
မတ်(၈)

သဘာဝ ဘေးအန္တရာယ် တုံ့ပြန် ဆောင်ရွက်ရေးနှင့် မီးသတ် ပညာပေး ဟောပြော

ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့ ရေအေးကွင်း ရပ်ကွက် ကြံတိုင်းအောင်လမ်း ရှမ်းပြည်နယ် အထူး စုံစမ်း စစ်ဆေးရေး ဦးစီးဌာန ရုံးခန်းမ၌ ယမန်နေ့ နံနက် ၁ဝ နာရီက
သဘာဝ ဘေးအန္တရာယ် တုံ့ပြန် ဆောင်ရွက်ရေးနှင့် မီးသတ် ပညာပေး ဟောပြော ဆွေးနွေးပွဲ ကျင်းပရာ အခမ်း အနားသို့ ရှမ်းပြည်နယ် အထူး စုံစမ်း စစ်ဆေးရေး ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဦးစိုးနောင်ဦး၊ တောင်ကြီးခရိုင် မီးသတ် ဦးစီးမှူး ဦးအောင်သူ၊ ရှမ်းပြည်နယ် အထူး စုံစမ်း စစ်ဆေးရေး ဦးစီးဌာနမှ ဝန်ထမ်းများ နှင့် မိသားစုဝင်များ၊ မြို့နယ် မီးသတ် တပ်ဖွဲ့ဝင် များနှင့် အရန် မီးသတ် တပ်ဖွဲ့ဝင်များ တက်ရောက်ကြသည်။

အခမ်း အနားတွင် တောင်ကြီးခရိုင် မီးသတ် ဦးစီးမှူး ဦးအောင်သူက သဘာဝ ဘေးအန္တရာယ် တုံ့ပြန် ဆောင်ရွက်ရေးနှင့် မီးသတ် ပညာပေး ဟောပြော ဆွေးနွေးသည်။

ဆက်လက်၍ တက်ရောက်လာသော ဝန်ထမ်းများနှင့် မိသားစုဝင် များက သိရှိလိုသည် များကို ဆွေးနွေး တင်ပြရာ တောင်ကြီးခရိုင် မီးသတ် ဦးစီးမှူး ဦးအောင်သူက ပြန်လည် ရှင်းလင်း ပြောကြားသည်။

ထို့နောက် သဘာဝ ဘေးအန္တရာယ်တုံ့ပြန်ဆောင်ရွက်ရေးနှင့် မီးသတ် ပညာပေး လက်တွေ့ သရုပ်ပြသ ခြင်းကို ရှမ်းပြည်နယ် အထူး စုံစမ်း စစ်ဆေးရေး ဦးစီးဠာန ဒုတိယ ညွှန်ကြားရေးမှူး ဦးစိုးနောင်ဦး၊ ဝန်ထမ်းများနှင့် မိသားစုဝင် များက ကြည့်ရှု အားပေး ခဲ့ကြောင်း သိရသည်။

http://www.myawady.net.mm/allnews/local/item/8721-2013-03-08-13-05-06

မြ၀တီ

Leave a Reply

Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here