Sunday, March 31, 2013

အင်းလေးဟိုတယ်ဇုန်အမှု ကလောမြို့သို့ ပြောင်းစစ်မည်

0 comments

မတ်လ(၃၁)

 

အင်းလေးဟိုတယ်ဇုန် တည်ဆောက်နေသည့် စီမံကိန်း ကို နှောက်ယှက်မှုကြောင့် ပုဒ်မ ၁၈၈ ဖြင့် တရားစွဲဆိုခံ ထားရသည့် အင်ကြင်းကုန်းရွာ၊ ကံပဲ့ရွာမှ ရွာသူ ရွာသား (၇)ဦး၏အမှုကို ကြာသပတေးနေ့က တောင်ကြီးမြို့၊ မြို့နယ်တရားရုံးတွင်  ဆက်လက် စစ်ဆေးကြားနာ သည်။

ယခုဖြစ်ပေါ်နေသော အမှုသည် လူအများစိတ်ဝင်တစား စောင့်ကြည့်နေသည့် အမှုဖြစ်နေသောကြောင့်  ၇/၃၀ ပြစ်မှု ပုဒ်မ(၃၁၇) ၄၁/၁၃ အရ ကလောမြို့နယ် တရားရုံးသို့ ပြောင်းရွှေ့ စစ်ဆေးရန် တရားသူကြီး ဒေါ်လင်းလင်းက အမိန့်ချမှတ်ခဲ့သည်။  

ရုံးချိန်းရှိသည့် တောင်ကြီးမြို့သည် ယင်းတို့၏ရွာနှင့် မိုင် ၃၀ကျော်ကွာဝေး သည့်အတွက်  သွားလာရ များစွာ ခက်ခဲနေကြောင်း၊ ကလောမြို့တွင် အမှုစစ်ဆေးမည် ဆိုလျှင် ပိုဆိုးသွားမည်ဖြစ်ကြောင်း၊ ညောင်ရွှေမြို့ တရားရုံးတွင် အမှုစစ်ဆေးရန်  ရှမ်းပြည်နယ် တရားလွှတ်တော်သို့ တင်ပြသွားမည်ဖြစ်ကြောင်း ရွာသားများ၏ ရှေ့နေ  ဒေါ်နန်းသူဇာက  လျှောက်လဲချက်ပေးခဲ့သည်။

တရားသူကြီးက လျှောက်လဲပိုင်ခွင့် ရှိကြောင်း ပြောကြားကာ ရုံးချိန်းရပ်နားလိုက်သည်။           

တရားစွဲဆိုခံနေရသည့် ရွာသားများက  ယခုလို တဝေးတလံ သွားခိုင်းနေခြင်းသည် မိမိတို့အား အခက်အခဲ ဖြစ်အောင် ပြုမှုနေခြင်းသာဖြစ်ကြောင်း၊  တရားဥပဒေ အား တရားနည်းဖြင့် ရင်ဆိုင်ဖြေရှင်းသွားမည်ဖြစ်ကြောင်း၊ နောက်ဆုံးမရလျှင် ဆန္ဒပြရန် စီစဉ်ထားကြောင်း ပြောဆိုသွားသည်။

ဧရာဝတီBlog 

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here