Saturday, April 20, 2013

အင်ဒိုနီးရှား သမ္မတရဲ့ မြန်မာပြည်ခရီးစဉ်

0 comments
ဧပြီ(၂၀)
အင်ဒိုနီးရှား သမ္မတ ဆူစီလို ဘမ်ဘန်း ယူဒိုယိုနိုဟာ မြန်မာနိုင်ငံကို လာမယ့် အင်္ဂါနေ့မှာ သွားရောက်ဖို့ ရှိပါတယ်။ လွန်ခဲ့တဲ့ ၂၀၀၆ ခုနှစ်နောက်ပိုင်း ပထမဆုံး နိုင်ငံတော်ခရီးစဉ်လည်းဖြစ်ပါတယ်။ 

မစ္စတာ ဆူစီလို ဘမ်ဘန်း ယူဒိုယူနိုဟာ အင်ဒိုနီးရှား ပြည်သူတွေက တိုက်ရိုက်ရွေးချယ်မှုကြောင့် ၂၀၀၄ ခုနှစ်က အင်ဒိုနီးရှားနိုင်ငံရဲ့ ခြောက်ဦးမြောက် သမ္မတ ဖြစ်လာသူပါ။


 ဓာတ်ပုံ- people.com

သမ္မတ ဆူစီလို ဘမ်ဘန်းနဲ့ ဇနီးသည် မစ္စ ဟာဂျာ အားနီး ဘမ်ဘန်း ယူဒိုယူနိုတို့ဟာ မကြာမီ မြန်မာနိုင်ငံ ကို ချစ်ကြည်ရေး ခရီးလာရောက်မှာဖြစ်တယ်လို့ ယနေ့ ထုတ် မြန်မာ့အလင်း သတင်းစာက ဆိုပါတယ်။ 

အင်ဒိုနီးရှားသမ္မတရဲ့ အခု သွားမယ့် ခရီးစဉ်ဟာ မြန်မာနိုင်ငံမှာ လူမျိုးရေး ဘာသာရေး အကြမ်းဖက် တိုက် ခိုက်မှုတွေကြောင့် တင်းမာမှုတွေ ဖြစ်နေချိန်နဲ့လည်း တိုက်ဆိုင်နေတာကြောင့် အင်ဒို- မြန်မာ ၂ နိုင်ငံ ဆက်ဆံရေးနဲ့ပတ်သက်ပြီးလည်း ဒါဟာ စမ်းသပ်မှုတခုလည်းဖြစ်နေမှာပါ။ 

တကယ်တော့ မြန်မာနိုင်ငံ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေ လုပ်ဆောင်နေတာဟာ ပြောရရင် အင်ဒိုနီးရှားနဲ့ တချို့ ပုံပန်းသဏ္ဍန်တွေဟာ တော်တော်ဆင်တူနေသလို မြန်မာကလည်း အာဏာရှင်ခေတ် မှ သည် ဒီမိုကရေစီခေတ်ကို ကူးပြောင်းလာခဲ့တာကြောင့် မြန်မာဟာ အင်ဒိုနီးရှားဆီက သင်ခန်းစာတွေ ယူပြီး လုပ်တဲ့အပိုင်းတွေ မြင်တွေ့ကြရတာပါ။ 

အခုဆိုရင် အင်ဒိုနီးရှားဟာ ဒီမိုကရေစီနိုင်ငံအဖြစ် ကမ္ဘာ့အလယ် တင့်တယ်မှုတွေ တည်ဆောက်လာနိုင်ပြီး ဒီမိုကရေစီ တည်ဆောက်ရေးနဲ့ ပဋိပက္ခတွေကို ကိုင်တွယ်ဖြေရှင်းခဲ့တာတွေနဲ့ ပတ်သက်လို့ မြန်မာ ဟာ လေ့လာသင်ခန်းစာယူစရာ တွေ အများကြီး ရှိနေတာပါ။ 

စစ်အာဏာရှင်အုပ်စိုးလာခဲ့ပြီး ဆူဟာတိုလွန် အင်ဒီနီးရှားဟာ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို တည်တည်ငြိမ်ငြိမ် ဖြတ်သန်းကျော်လွှားလာနိုင်ခဲ့ပြီး အခု လက်ရှိ သမ္မတ ဆူစီလို ဘမ်ဘန်ဟာလည်း တချိန်က စစ်ဗိုလ်ကြီးတယောက်ဖြစ်ပါတယ်။ 

မြန်မာနိုင်ငံက စစ်ဗိုလ်ချုပ်ကြီးဟောင်း သမ္မတ ဦးသိန်းစိန်ဟာလည်း ၂ နှစ်တာ အရပ်သား အစိုးရအသွင်နဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးတွေကို လုပ်ဆောင်လာနေရင်း ကမ္ဘာ့အလယ်မှာ စိတ်ဝင်စားစရာ နိုင်ငံ အဖြစ် ဖမ်းစားလာနိုင်နေပါတယ်။ 

ဒါပေမယ့် မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုတွေအတွက် မကြာသေးမီက မိတ္ထီလာမြို့က အစပြု လိုက်ပြီး မြန်မာ နိုင်ငံ အလယ်ပိုင်းမြို့တချို့ထိပါကူးစက်သွားခဲ့တဲ့ ဘာသာရေး၊ လူမျိုးရေးဆိုင်ရာ အကြမ်း ဖက် တိုက်ခိုက်မှုတွေကြောင့် နောက်ကြောင်းပြန်သွားပြီး လက်ရှိ ပြုပြင်ပြောင်းလဲရေး အရှိန်တန့်သွား မှုတွေကို စိုးရိမ်သံတွေ ကျယ်လောင်လာခဲ့ပါတယ်။ 

အင်ဒိုနီးရှား သမ္မတ ဆူစီလို ဘမ်ဘန်းရဲ့ မြန်မာပြည်ခရီးစဉ်မှာ နိုင်ငံတကာ က မြန်မာ့ဒီမိုကရေစီ အသွင် ကူး ပြောင်းရေးအပါ် စိုးရိမ်မကင်း ဖြစ်နေမှုတွေအတွက် ပြုပြင် ပြောင်းလဲရေး အရှိန်ကို မြှင့်တင်နိုင်မယ်လို့ သုံးသပ်နေကြပါတယ်။ 
ဧရာဝတီ

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here