Sunday, March 10, 2013

တိုင်းရင်းသားအရေး မှာ NLD ဘာမှ ထိရောက်စွာ မလုပ်ပေးနိုင်းဘူးလို့ ခွန်းထွန်းဦး ပြော

0 comments
မတ်(၁၀)

NLD ပါတီညီလာခံ အဖွင့်မိန့်ခွန်းမှာ ဒေါ်အောင် ဆန်းစုကြည်က ပါတီတွင်းညီညွတ်မှုရှိအောင်ပြော သွားတာဟာ တကယ်ဘဲလိုအပ်လို့ ပြောတာဖြစ်
ကြောင်း ဒီမိုကရေစီပါတီကြီးအနေနဲ့ ညီညွတ်မှု ရ တာကောင်းတယ်လို့ထင်ကြောင်း ဒီလိုကြိုးစား
ဆောင်ရွက်မယ်လို့လည်း သူယူဆကြောင်း ခွန်ထွန်းဦး က ပြောပါတယ်။

တဖက်ကလည်း ကယားပြည်နယ်က NLD ပါတီ
အောက်ခြေနဲ့အပေါ်ပိုင်းသဟာဇာတ သိပ်မဖြစ် တာကို လာပြောကြသလို ဒါဟာအခြားပါတီတခုရဲ့ ပါတီတွင်းကိစ္စ ဖြစ်လို့သူ့အနေနဲ့ဘာမှဝင်မပြော လိုဘူးလို့ ခွန်ထွန်းဦးက ဘီဘီစီကိုပြောပါတယ်။

တိုင်းရင်းသားအများစုဟာ အခုအခါ လွှတ်တော်ပြင်ပမှာ ရှိကပြီးNLDကလွှတ်တော်ထဲကိုရောက်သွား လို့ တိုင်းရင်းသားအရေးကိစ္စတွေအတွက် အရင်ကလောက် မျှော်လင့်ချက် မထားတော့ဘူးလို့ သူကဆို ပါတယ်။

အထူးသဖြင့် တိုင်းရင်းသား အရေးကိစ္စတွေဖြစ်ကြတဲ့ ကချင်စစ်ပွဲ ပြီးတော့ ရခိုင်ပြည်နယ်တွင်း ပဋိပက္ခ စတာတွေကို NLD က ဘာမှထိထိရောက်ရောက် မလုပ်ပေးနိုင်လို့တိုင်းရင်းသားအတော်များများက သိပ်မကျေနပ် ကြဘူးလို့ ခွန်ထွန်းဦးကပြောပါတယ်။

ပါတီ ညီလာခံမှာ အားသစ်လောင်းမှာတွေ အပြောင်းအလဲတွေကို စောင့်ကြည့်ရမှာ ဖြစ်သလို ဒေါ်စုက သူပြောထားတဲအတိုင်း တကယ်ဖြစ်လာရင်တော့ ကောင်းမယ်လို့ ခွန်ထွန်းဦးက ဘီဘီစီကို ပြော သွားပါတယ်။ 
 
ဘီဘီစီ

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here