Saturday, April 20, 2013

သထုံမြို့နယ်တွင် ပအိုဝ်း အင်္ဂလိပ်နှင့် ကွန်ပျုတာ ပညာဒါနသင်တန်းဖွင့်လှစ်

0 comments
ဧပြီ(၂၀)


 
 
 
 
 
 
 
 
 
 
 
သထုံမြို့နယ်တွင် ခွန်တန်နွယ်ပအိုဝ်းလူငယ်ကွန်ရက်မှ ကြီးမှုးကျင်းပတဲ့ အရည်အချင်းမြင့်တင်ရေး ပညာဒါနသင်တန်း ဖွင့်ပွဲအခန်းအနားတရပ်ကို ယနေ့နံနက် ၈ နာရီအချိန်ခန့်မှာ စတင်ကျင်းပ
 ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

သင်တန်းနေရာကတော့ မွန်ပြည်နယ်၊ သထုံမြို့နယ်၊ နောင်ကုလားကျေးရွားက နောင်ကုလားအလယ်ရွာတိုက်ကျောင်းမှာ ဖွင့်လှစ်တာ ဖြစ်ပါတယ်။ သင်တန်းရဲ့ကာလကတော့ ၂၀၁၃ ခုနှစ် ဧပြီလ ၁၉ ရက်မှ မေလ ၂၃ ရက်နေ့အထိ တစ်လကျော်ကြာမြင့်မှာဖြစ်ပါတယ်။

သင်တန်းမှာ အဓိကသင်ကြားပို့ချပေးမယ့် ဘာသာတွေကတော့ ပအိုဝ်းဘာသာ၊ အင်္ဂလိပ်ဘာသာနှင့် ကွန်ပျုတာပညာပိုင်းဆိုင်ရာတွေဖြစ်ပြီး၊ မွန်ပြည်နယ်အတွင်းရှိ သထုံ၊ ပေါင်၊ ဘီးလင်း၊ ကျိုက်ထို စတဲ့မြို့နယ်များမှ သင်တန်းသူ သင်တန်းသား လူငယ်လူရွယ်များဦးရေ (၁၇၀) ခန့် တက်ရောက် သင်ကြားတယ်လို့ သိရပါတယ်။



သင်တန်းဖွင့်လှစ်ရတဲ့ရည်ရွယ်ချက်ကတော့ ကျေးရွာများရှိ ပအိုဝ်းလူငယ်မောင်မယ်များ မိမိတို့စာပေကို ချစ်မြတ်နိုးပြီး သင်ကြားတတ်မြောက်ရန်၊ မိမိတို့ယဉ်ကျေးမှုကို ထိန်းသိမ်း စောင့်ရှောက်ရန်၊ တိုးတက်နေတဲ့ခေတ်နဲ့အညီကမ္ဘာသုံးအင်္ဂလိပ်ဘာသာကိုသိရှိအသုံးချတတ်ရန်နှင့် ခေတ်နည်းပညာထွန်း
ကားလာသည်နှင့်အညီ ကွန်ပျုတာကို ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးချတတ်ရန် စတဲ့ရည်ရွယ်ချက်များဖြင့် ဖွင့်လှစ်သင်ကြားပို့ချရခြင်းဖြစ်တယ်လို့ သင်တန်းစီစဉ်သူတစ်ဦးဖြစ်တဲ့ နန်းစိုး က ဆိုပါတယ်။

ဖွင့်ပွဲအခန်းအနားမှာ တက်ရောက်လာတဲ့ သင်တန်းသူ/သားများနှင့် ဧည့်သည်တော်များက သထုံမြို့ဓမ္မမေဒနီကျောင်းတိုက် ဆရာတော်ထံမှ ငါးပါးသီလခံယူပြီး၊ ခဲမောက် (စင်္ကာပူ)ဆရာတော်မှ သြ၀ါဒစကားမြွတ်ကြားခဲ့ပါတယ်။



အဲဒီနောက်မှာ သထုံဒေသပအိုဝ်းစာပေနှင့် ယဉ်ကျေးမှုဥက္ကဌခွန်သိန်းရွှေ နှင့် သထုံဒေသ (PNO) ဗဟိုဌာနခွဲဥက္ကဌခွန်တင်ရွှေတို့မှ အသီးသီးအမှာစကားပြောကြားခြင်း၊ PNLO အတွင်းရေးမှုး ခွန်မြင့်ထွန်းမှ ပေးပို့တဲ့သ၀ဏ်လွှာကို ကိုယ်စားလှယ် ခွန်အောင်ကျော်ထွေးက ဖတ်ကြားတင်ပြခြင်း၊ သင်တန်းဖွင့်လှစ်ရတဲ့ အကြောင်းအရာများကို ခွန်တန်နွယ်ပအိုဝ်းလူငယ်ကွန်ယက်မှ ခွန်သက်မောင်မောင်က ရှင်းလင်းပြောကြားပေးခြင်း နှင့် သင်တန်းတွင် သင်ကြားပို့ချပေးမည့် သင်တန်းဆရာ/ဆရာမများကို ခွန်တန်နွယ်ပအိုဝ်းလူငယ်ကွန်ယက်က နန်းယဉ်ယဉ်စိုးမှ ကြွရောက်လာကြတဲ့ ဆရာတော်များနှင့်တကွ တာဝန်ရှိလူကြီးမင်းများ သင်တန်းသား/သူများနှင့် မိတ်ဆက်ပေးခြင်း စသည်တို့အပြီးမှာ အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတု (၃) ကြိမ် ရွတ်ဆိုပူဇော်ပြီး ရုပ်သိမ်းခဲ့ပါတယ်။



Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here