Thursday, April 18, 2013

ရည်းစား ၂ဦးရန်ဖြစ်ရာမှ ကောင်လေးက ကောင်မလေးအား ဓားဖြင့်ထိုးသတ် မှုဖြစ်ပွား

0 comments

ဧပြီ(၁၈)



၁၃၇၅ခုနှစ် မြန်မာနှစ်ဆန်း ၁ရက်နေ့ ညပိုင်းအချိန် ၉နာရီခန့်က ကန်တော်ကြီးတစ်နေရာတွင် မိန်းကလေးအလောင်းတစ်လော်း အား တွေ့ရှိသဖြင့်သက်ဆိုင်ရာသို့ အကြောင်းကြားကာ ရပ်ကွက်နေပြည်သူများက သတင်းပေးခဲ့ကြောင်းသိရပါသည် ။

သေဆုံးသူ မိန်းကလေးမှာ အသက် ( 22 ) နှစ်အရွယ်ခန့် ရှိပြီး ချမ်း/တောင်အကွက် ( ၈၆၄ ) တွင်နေထိုင်ကာ ----ဓာတ်ဆီဆိုင်တွင်အလုပ်လုပ်ကိုင်လျှက် ရှိကြောင်းသိရပါသည် ။

ရပ်ကွက်အတူနေအိမ်နီးချင်း တစ်ဦးရဲ့ပြောပြချက်အရ " နှစ်ဆန်း၁ရက်ညနေ ပရိတ်တရားနာတုန်း ကတောင်လာသေးတယ် ။ ည ၈နာရီလောက်ကစပျောက်သွားတာပါ " ဟုပြောပြပါတယ် ။

မိသားစုဝင် ၁ဦးရဲ့ပြောပြချက်အရ " ရည်းစားနဲ့သွားချိန်းတွေ့ရင်း အခုလိုဓားနဲ့. ရက်ရက်စက်စက်အသက်ခံရတာပါဟုပြောရင်း အလောင်းကိုပြပါတယ် ။ ၀မ်းဗိုက် ၁၀ချက်ခန့်ထိုးသွင်း ဒဏ်ရာ မျက်နှာရောပါပါတယ်ဟုပြောပါတယ် ။

သတ်သွားသည်ဟုယူဆရသော ရည်းစားအားယခုအချိန်ထိ ရှာဖွေနေဆဲဟု " ပြောကြားသွားပါတယ် ။

ဓာတ်ပုံမှာအမြင်မသင့်သောကြောင့် အဝေးမှရိုက်ထားသော ၁ပုံသာတင်ပေးလိုက်ပါသည် ။

Thit Htoo Lwin blog

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here