Monday, April 8, 2013

နို့ ညှစ်တော်သူ

0 comments
ဧပြီ(၈)
တစ်နေ့တွင် ရဲနှင့် စစ်သား ပြိုင်ပွဲတစ်ခုလုပ်သည်။

အဲ့ဒီ ပြိုင်ပွဲက နွားနို့ ညှစ်ပြိုင်ကြတာပါ။

ပရိသတ်တွေကလည်း သိချင်နေကြသည်။ ဘယ်သူနိုင်မလဲဆိုတာကိုပေါ့။

စစ်သားကတော့ ရဲထက် အပင်ပန်း ခံနိုင်သဖြင့် စစ်သားနိုင်မည်ပာု အားလုံးက ထင်နေကြပါသည်။

ပြိုင်ပွဲ ပြီးသောအခါ စစ်သားက နွားနို့ နို့စည်ဗူး ၄ဗူးခန့်ရပါသည်။

ရဲက လဖက်ရည် သောက်ပန်းကန် တစ်လုံးသာရလေသည်။

ထို့ကြောင့် စစ်သားနိုင်ပြီပာု အားလုံး ထင်နေကြသည်။

ဆုကြေငြာသောအခါ -
"ရဲက ဆုရသွားပါတယ် ခင်ဗျာ။"
အားလုံး မကျေနပ်ကြ။

ဘာလို့ နည်းနည်းပဲရတဲ့ရဲက ဆုရတာလဲဗျာ။ ဒိုင်မညစ်ပါနဲ့။ အမှန်အတိုင်း လုပ်ပေးပါပာု ပြောကြသည်။ သို့သော် အကဲဖြတ်ဒိုင် ပြောလိုက်သောအခါ အားလုံး ငြိမ်ကျသွားသည်။

"ဒီလိုရှိပါတယ်။ စစ်သားက နို့စည်ဗူး ၄ဗူးရပါတယ်။ ရဲက လဖက်ရည်ပန်းကန် တစ်လုံးရပါတယ်။ ရဲကို ဆုပေးရခြင်းက ရဲညှစ်တဲ့ နွားက နွားထီးကြီးမို့ပါ။ နွားထီးတောင် ဒီလောက်ရအောင် ညှစ်နိုင်တာ နည်းတဲ့ အစွမ်းလားဗျာ။ ဆုပေးသင့်တာပေါ့ ပာု ပြောလိုက်လေသည်။ ။
ပြည်ငြိမ်း
Myanmar Forward

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here