Monday, April 8, 2013

စေတနာပိုသွားတယ်

0 comments
ဧပြီ(၈)
တစ်ခါကဆိုဗီယက်ဝန်ကြီးများရုံးသို့ လူငယ်တစ်ဦး အလုပ်လာလျှောက်သည်။ အိမ်သာသန့်ရှင်းရေးလုပ်သားနေရာသာ လစ်လပ်နေသဖြင့် လုပ်လိုက လုပ်နိုင်ကြောင်းလူငယ်အား ပြောသည်။

လူငယ်က သဘောတူလိုက် ရာ်.စစ်ဆေးမှုသေချာလုပ်ပြီးခန်.လိုက်၏။ လူငယ်လည်း အလုပ်လုပ်ရင်း သီချင်းနားထောင်နိုင်ရန် အိမ်သာရှေ.နားတွင် ကက်ဆက်တစ်ခုထားလိုက်ပ်ါသည်။

လူငယ်ပထမဆုံးအလုပ်စဆင်းသည့်နေ့ဖြစ်သည်။

ဝန်ကြီးရုံးသို့ ၀န်ကြီးတစ်ဦးရောက်လာပြီး အိမ်သာဘယ်မှာလဲဟု လူငယ်အားမေးရာ လူငယ်က ၀န်ကြီးကို အိမ်သာသို့ လိုက်ပို့ပေးသည်။

အိမ်သာခန်းထဲသို့ ၀န်ကြီးဝင်သွားသောအခါကတ်ဆက်ကို လူငယ်ဖွင့်လိုက်သည်။်´အော်ဂန်အသားပေးပြီးတီးထားသော´သီချင်းသံငြိမ့်ညောင်းစွာ ပေါ်ထွက်လာသည်။

မကြာမီ အိမ်သာခန်းထဲမှ စောစောက၀န်ကြီးထွက်လာသည်။

“မောင်ရင် ဒီမှာ အလုပ်လုပ်နေတာ ကြာပြီလား´´

“ဒီနေ့ ပထမနေ့ပါခင်ဗျ´´

“အေး မင်းကိုရာထူးတိုးပေးရမယ်´´

မကြာမီ နောက်အရာရှိကြီးတစ်ဦး ရောက်လာသည်၊ အိမ်သာခန်းထဲ အရာရှိကြီးရှိနေစဉ်´ခပ်မြူးမြူး´တေးသွားကိုဖွင့်ပေးလိုက်သည်။

ထိုအရာရှိလဲ စိတ်ကျေနပ်မှုရကာရာထူးတိုးအောင် ထောက်ခံပေးမည်ဟု လူငယ်ကို ကတိပြုသွားသည်။

နောက်တစ်ခါ ရောက်လာသူကား ထိုစဉ်ကခေါင်းဆောင်ကြီးကိုယ်တိုင်ဖြစ်သည်။

“ဒီအနားမှာ အိမ်သာရှိသလားဟေ့´´

လူငယ်ကခေါင်းဆောင်ကြီးကို လိုက်ပို့သည်၊

ထို့နောက် “နိုင်ငံတော်သီချင်း´´သီချင်းကိုဖွင့်ပေးလိုက်သည်။

အတန်ကြာသောအခါ အိမ်သာခန်းထဲမှ မျက်ထောက်ကြီးနီပြီး ခေါင်းဆောင်ကြီးထွက်လာသည်။

“မင်းဒီမှာ လုပ်နေတာကြာပြီလား´´

“ပထမနေ့ပါခင်ဗျာ´´

“အေး- ပထမနေ့နဲ့နောက်ဆုံးနေ့ပဲ မှတ်လိုက်ပေတော့´´

“ဘာဖြစ်လို့လဲခင်ဗျာ၊ ကျွန်တော်ဘာများမှားတာလုပ်မိပါလို့လဲ ခင်ဗျာ´´

“ငါ့တစ်သက်မှာ ဒီတစ်ခါပဲ မတ်တပ်ရပ်ပြီး ကျင်ကြီးစွန့်ရလို့ဟေ့´´
စေတနာပိုသွားတယ်
************

Myanmar Forward

Leave a Reply

Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here