Monday, April 8, 2013

တရားမဝင် ရှော့ခ်တိုက်ငါးဖမ်းဆီးမှုများကြောင့် ငါးအမိနည်းလာ

0 comments
ဧပြီ(၈)

ပဲခူးတိုင်း ဒေသကြီး ရေတာရှည် မြို့နယ် အတွင်းရှိ မြစ်၊ ချောင်း၊ အင်းအိုင် များတွင် တရား မဝင် ရှော့ခ်တိုက် ငါးဖမ်းဆီးမှု များကြောင့် ငါး အမိ နည်းလာ ကြောင်းသိရသည်။

တရားမဝင် ရှော့ခ်တိုက် ငါး ဖမ်းဆီးမှု များမှာ အဓိက အားဖြင့် ညလုံးပေါက် အုပ်စုလိုက် သွားလာ ရှာဖွေ ကြပြီး အင်းအိုင်များ၊ လယ်ကွက်များ၊ ချောင်းငယ်၊ မြောင်းငယ် များတွင် အဓိက ရှော့ခ်တိုက် ဖမ်းယူ ကြသဖြင့် ဒေသတွင်း နေသူများမှာ မိသားစု စားသုံး ရန်ပင် ရှာဖွေ၍ မရကြောင်း သိရသည်။ တရားမဝင် ရှော့ခ်တိုက် ငါး ဖမ်းဆီးခြင်းကို တောင်ငူ ခရိုင် ငါး လုပ်ငန်း ဦးစီး ဌာနမှ တာဝန် ရှိသူများက ကွင်းဆင်း၍ အရေးယူ ဆောင်ရွက်မှုများ ရှိသော်လည်း တာဝန် ရှိသူများ ပြန်သွားပါက လုပ်မြဲ အတိုင်းသာ ဆက်လက် လုပ်ဆောင် လျက် ရှိသည်ဟု ဒေသခံ များက ပြောပြသည်။

ကျေးလက် ဒေသ များတွင် သားငါး အရင်း အမြစ် ထိန်းသိမ်း စောင့်ရှောက်မှု ဆိုင်ရာ အသိ ပညာပေးမှု အားနည်းခြင်း၊ မိသားစု စားဝတ် နေရေး အတွက် မဖြစ် မနေ လုပ်ကိုင် ကြရခြင်း များကြောင့် ရေရှည်တွင် သားငါး အရင်း အမြစ်နှင့် ဂေဟ စနစ်များ ပိုမို ဆိုးရွား လာနိုင် ပါသည်။

http://bit.ly/16HoDUD
 
မ၀တီ

Leave a Reply

Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here