Monday, April 8, 2013

“ပီရူးတွင် ပြင်သစ်ရေနံကုမ္ပဏီပိုင် ရဟတ်ယာဉ်ပျက်မှု လူ ၁၃ ဦးသေဆုံး”

0 comments
ဧပြီ(၈)

ပီရူးနိုင်ငံတွင် ရေနံကုမ္ပဏီပိုင် ရဟတ်ယာဉ်တစ်စင်း ပျက်ကျရာ လူ(၁၃)ဦး သေဆုံးသွားကြောင်း သိရှိရသည်။ ရဟတ်ယာဉ်ပေါ် လိုက်ပါလာသူ ပီရူးနိုင်ငံသား (၁၃)ဦးစလုံး သေဆုံးကြောင်း ယခုရဟတ်ယာဉ်ကို ပိုင်ဆိုင်သည့် ပြင်သစ် ရေနံကုမ္ပဏီ Perencoက Reutersသို့ အတည်ပြု ပြောကြားခဲ့သည်။

သေဆုံးသူများအနက် Perenco ကုမ္ပဏီ၏ ဝန်ထမ်းတစ်ဦး၊ အခြားကုမ္ပဏီများမှ ကိုယ်စားလှယ်အဖြစ် စေလွှတ်သော ကန်ထရိုက်တာ (၃)ဦးတို့လည်း ပါဝင်ကြောင်း သိရှိရသည်။

Perencoက ပီရူးနိုင်ငံ မြောက်ပိုင်းရှိ တောတောင်ထူထပ်သော ဒေသတွင် ရဟတ်ယာဉ် မတော်တဆ ပျက်ကျမှု ဖြစ်ပွားကြောင်း ဝန်ခံခဲ့ပြီး အသက်ရှင် ကျန်ရစ်သူ မတွေ့ရကြောင်း ပြောကြားခဲ့သည်။

planet.com

Read more http://www.planet.com.mm/news/read.cfm/id/21367

Re-Post By ACM  8-4-2013
အေးချမ်းမွန် Credit & Copy From > Planet Myanmar Network<< Thank

Leave a Reply

Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here