Monday, April 8, 2013

ပလောင်လူထုအကျိုးပြုသည့် နမ့်ဆန်မြို့မှ ကာလဒါနအသင်း၏ အခြေအနေ

0 comments
ဧပြီ(၈)

ရှမ်းပြည်မြောက်ပိုင်း နမ့်ဆန်မြို့ ဂိုဏ်းချုပ်ကျောင်း ကမ္မဋ္ဌာနာစရိယဆရာတော် ဦးဘဒ္ဒ န္တဥာဏိကမှ ဦးဆောင်သော ကာလဒါနအသင်းသည် လောကီလူ့ဘောင်နေထိုင်ကြသည့် ပြည်သူလူထု လိုအပ်သော လူမှုရေး၊ ကျန်းမာရေး၊ နာရေး၊ ပညာရေး လိုအပ်သည့် အကူအညီများကို ဆောင်ရွက်ပေးနေသော အသင်းဖြစ်သည်ဟု သိရှိရသည်။
ကာလဒါနအသင်းသည် နမ့်ဆန်မြို့နယ်ရှိ ကျေးရွာပေါင်း (၁၇)ရွာကို ဦးတည်၍ အကူအညီ လိုအပ်သည့် မည်သည့် ကျေးရွာကိုမဆို လစဉ်ကူညီဆောင်ရွက်ပေးပြီး လုပ်ငန်းများကိုလည်း ထပ်မံတိုးချဲ့ရန် စီစဉ်နေသည်။
''လောလောဆယ်တော့ ကျေးရွာပေါင်း(၁၇) ရွာတော့ လာရောက်စာရင်းပေးတဲ့အတွက် အဲဒီစာရင်းပေးခဲ့တဲ့ကျေးရွာကိုပဲ ကူညီခဲ့ပါတယ်၊ ပြီးတော့ ပုံမှန်ကူညီပေးတဲ့ လူကတော့ (၈၀) လောက်ရှိတယ်။ လုပ်ငန်းကို တိုးချဲ့ဖို့ စီမံကိန်း တော့ ရှိထားပါတယ်၊ ဘယ်ရွာကို အဓိကဦးစားပေးပြီးကူညီရမယ်ဆိုတာ အသင်းမှာမရှိပါဘူး။ ကျောသား ရင်သားမခွဲခြားဘဲ ကူညီရမယ့်လူရှိတယ်ဆိုရင် ကူညီလိုက်တာပါ'' ဟု ဆရာတော်ဘုရားမှ မိန့်ကြားထားပါသည။
ကာလဒါနအသင်းသည် နမ့်ဆန်မြို့နယ်ရှိ မရှိဆင်းရဲသည့် ပလောင်ပြည်သူလူထုအတွက် အဓိက အကျိုးပြုပေးသည်ဟု ရွာသူတဦးမှ ပြောခဲ့သည်။
'' ကာလဒါနအသင်းက ကျမတို့ လူမျိုးအတွက် ကူညီဆောင်ရွက်ပေးနေတယ်။ ကာလဒါနအသင်းရှိတော့ ရပ်ရွာအတွက် အရမ်းကောင်းပါတယ်။ ဘာဖြစ်လို့လည်း ဆိုတော့ တကယ်မရှိဆင်းရဲသား တွေအတွက် အရမ်းကို အကျိုးရှိတယ်။ မသန်စွမ်းတဲ့သူတွေကို လစဉ်ကူညီထောက်ပံ့ပေးတယ်။ ပညာရေးထူးချွန်ပြီး ကျောင်းမတက်နိုင်တဲ့ ကျောင်းသူ၊ ကျောင်း သားတွေကို ကူညီပေးတယ်။ ပြီးတော့ ဆင်းရဲပြီး အသုဘမချပေးနိုင်တဲ့ အိမ်ကိုလည်းကူညီပေးတယ်။ တခြားလို အပ်တဲ့အရာကိုလည်း တတ်နိုင်သလောက် ကူညီပေးကြတယ်။ ဂုဏ်ယူပါတယ်''
ကာလဒါနအသင်းကို ၅ရက်၊ သြဂုတ်လ၊ ၂၀၁၂ခုနှစ်တွင် ဖွဲ့စည်းခဲ့ပြီး ဤအသင်းသည် ပြည်သူ လူထု များအတွက် အကျိုးပြုထားသော အသင်းဖြစ်ပါသည်။ ကာလဒါနအသင်းသည် စုဖွဲ့ထားသောအသင်း တစ်သင်းဖြစ်ပြီး အသင်းဝင် ဖြစ်သည့်သူများသည် လစဉ် အလှူငွေ ပုံမှန်လာရောက် လှူဒါန်းကြသည်။ ကာလဒါနအသင်းကို စိတ်ဝင်စားသောသူများအားလုံးမှ လာရောက်လှူဒါန်းနိုင်ပြီး စာရင်းရှင်းတမ်းများကိုလည်း လက်ကမ်း စာစောင်နှင့်တကွ ပြည်သူလူထုဆီထံသို့ ထုတ်ဝေဖြန့်ချိထားပါသည်။
သတင်းမှတ်တမ်းနှင့်သုတေသနဌာန
ပလောင်အမျိုးသမီးအစည်းအရုံး

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here