Friday, April 5, 2013

သွေးရည်ကြည်နှင့် တံတောင်ဆစ်နာကျင် ဝေဒနာကုသနိုင်

0 comments
ဧပြီ(၅)


တင်းနစ်တံတောင်ဆစ် (tennis elbow) ဟုအမည်ပေးထား သော တံတောင်ဆစ်နာကျင်ရောင် ရမ်း သည့်ဝေဒနာသည် တင်းနစ်အား ကစားသမားများတွင် တံတောင်ဆစ် နှင့်အားကုန် လွှဲရိုက်ရခြင်းကြောင့် အရွတ်ရောင်ရမ်းမှုမှ စတင်ဖြစ်ပွား လေ့ရှိပြီး လူထု၏ (၁) ရာခိုင်နှုန်းမှ (၂) ရာခိုင်နှုန်းအထိခံ စားနေရသည့် ဝေဒနာတစ်ခု လည်းဖြစ်သည်။

နာတာရှည်တင်းနစ် တံတောင် ဆစ်ဝေဒနာ ခံစားနေရသူများအား သွေးရည်ကြည်ပေးသွင်း ကုသခြင်း ဖြင့်ခြောက်လ အကြာ၌နာကျင်မှု သိသိသာသာလျော့နည်းသွား ကြောင်း လေ့လာမှုတစ်ခုအရသိရ သည်။

အမေရိကန်အရိုးခွဲစိတ်ပညာရှင်အသင်း (American Academy of Orthopaedic Surgeons - AAOS)၏ နှစ်ပတ်လည် အစည်း အဝေး၌တင်ပြခဲ့သော အဆိုပါသု တေသနတွင် နာတာရှည်တင်းနစ် တံတောင်ဆစ်ဝေဒနာရှင် (၂၃၀) ဦးကို အမေရိကန်ဆေးရုံ (၁၂) ခုတွင်လေ့လာခဲ့သည်။

လူနာများကို နှစ်ဖွဲ့ခွဲ၍ တစ်ဖွဲ့ကို၎င်းင်းတို့သွေးမှ ထုတ်ယူထားသောသွေးဥမွှားပြည့်ဝ သွေးရည်ကြည် (Platelet Rich Plasma - PRP) ပြန်လည်သွင်းစေ၍ ကျန်တစ်ဖွဲ့ကို အာနိသင်မဲ့ဆေးများ သွင်းစေသည်။
(၆) လအကြာ၌ PRP သွေးရည်ကြည်သွင်းထားသူများ၏ (၈၃.၉) ရာခိုင်နှုန်းတံတောင်ဆစ်နာကျင်မှု လျော့ကျသွားပြီး အာနိသင်မဲ့ ဆေးရည်သွင်းသူများ၏၆၅.၉ ရာ နှုန်းသာနာကျင်မှုအနည်းငယ် သက်သာသည်ကိုတွေ့ရသည်။

Health Updates Journal

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here