Thursday, December 6, 2012

မင်းခေတ်သစ် ဆောက်လုပ်ရေးကုမ္မဏီ နှင့် ဈေးတည်ဆောက်ရေးကော်မတီတို့ တွေ့ဆုံညှိနှိုင်း

0 comments
ဒီဇင်ဘာ(၆)

ဒီဇင်ဘာ(၆)ရက် နံနက်(၁၀း၃၀)နာရီ မှ (၁၁း၂၀)နာရီထိ တာချီလိတ်မြို့နယ် စည်ပင်ရုံးမှာ ၀မ်ကောင်းရပ်ကွက်ရှိ မြို့မဈေးအားဆောက်လုပ်ခြင်းနှင့် ပတ်သက်ပြီး မင်းခေတ်သစ် ဆောက်လုပ်ရေးကုမ္မဏီ နှင့် ဈေးတည်ဆောက်ရေးကော်မတီဝင်များ တွေ့ဆုံညှိနှိုင်းခြင်းများ ပြုလုပ်ခဲ့ကြပါတယ်။


မင်းခေတ်သစ် ဆောက်လုပ်ရေးကုမ္မဏီနှင့် ဈးတည်ဆောက်ရေးကော်မတီဝင်များဖြစ်ကြသည့် ကျိုင်းတုံမြို့ စည်ပင်သာယာရေးအဖွဲ့  ပြည်နယ်ရုံးခွဲတာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး ဦးလုကာ၊ တာချီလိတ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးကိုကို နှင့် စည်ပင်သာယာရေးအဖွဲ့ဝင်များ၊ ဈေးအကျိုးတော်ဆောင်တို့  တွေ့ဆုံညှိနှိုင်းရာမှာ ယခုဆောက်လုပ်မည့် အဆင့်မြင့်ဈေးကိစ္စနှင့် မူလဈေးခန်းပိုင်ရှင်များအတွက် အဆင်ပြေစေနိုင်မည့် ဆိုင်ခန်းဈေးနှုန်းများ စသည့်ကိစ္စတို့ကို ဆွေးနွေးခဲ့ကြပါတယ်။



ဈေးဆိုင်ခန်းများကို (၁၂)ပေ ပတ်လည် နှင့် (၁၀)ပေ ပတ်လည် သတ်မှတ်ထားကာ ဈေးနှုန်းများကိုလည်း အားလုံးအတွက် အဆင်ပြေစေရန် သတ်မှတ်ထားပြီး လတ်တလောမှာ ဆိုင်ခန်းဈေးနှုန်းများကို ယာယီသတ်မှတ်ထားသော်လည်း ဈေးသူဈေးသားများနှင့် တွေ့ဆုံ၍ အားလုံးသဘောတူညီချက်အရ ဈေးနှုန်းများကို အတည်ပြုမှာဖြစ်ကြောင်း သိရပါတယ်။


ဈေးဆောက်လုပ်နေစဉ်အတွင်းမှာ ယာယီအနေဖြင့် ဈေးသည်များအတွက် နေရာချထားပေးဖို့ရာမှာ အားလုံးအတွက် အဆင်ပြေစေပြီး ဆောက်လုပ်နေသော ဈေးနှင့် မဝေးစေလို့သည့်အတွက်  မဟာမြတ်မုနိဘုန်းကြီးကျောင်းဝန်းကျင်နားမှာ နေရာချထားပေးမည်ဖြစ်ကြောင်း သိရှိရပါတယ်။

တာချီလိတ်အွန်လိုင်းစာမျက်နှာ

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here