Monday, April 22, 2013

မုံရွာမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှအရိုးဓာတ်မြေသြဇာ စက်ရုံ တည်ဆောက်

0 comments
ဧပြီ(၂၂)

စိုက်ပျိုးရေးလုပ်ငန်းများအတွက် မြေပြုပြင်ရန် အထူးအသုးံဝင်လှသော အမဲရိုး ဓာတ်မြေသြဇာ စက်ရုံကို မုံရွာမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ မုံရွာမြို့ နတ်လူထိပ်ပန်ရပ်ကွက် ဘိုးဘွားရိပ်သာ အနီးတွင် တည်ထောင် လည်ပတ် ထုတ်လုပ်လျှက် ၇ှိကြောင်းသိရသည်။ အဆိုပါ ဓာတ်မြေသြဇာကို သဘာဝမြေသြဇာ အဖြစ် စိုက်ပျိုးရေးသမားများက အသုးံပြု လျှက်ရှိပြီး ဈေးကွက် သို့စတင်တင်ပို့နေပြီဖြစ်သည်။

"အရိုးဓာတ်မြေသြဇာက မြေဆီလွှာကိုပြုပြင်ထိန်းသိမ်းပေးရာမှာအထူးကောင်းတယ်၊ဧရာဝတီတိုင် 
်းမှာဆိုရေငန်ဝင်တဲ့လယ်မြေတွေမှာ အဲဒီမြေသြဇာသုြးံ ပီးအချဉ်ဓာတ် အငန်ဓာတ်ကိုထိန်းပေးတယ် အဲဒီမှာပိုအသုးံများ တယ်၊ နောက်ပြီးနေရောင်ခြည် ကနေအပင်အစာချက်လုပ်ဖို့ အထူးစွမ်း အားတွေ ထုတ်ပေးတယ် အပင်ရဲ့ အမ်ဇိုင်း စနစ်ကို ဓာတ်ကူပြုပေး တယ် " ဟု ဓာတ်မြေသြဇာ၏ အသုးံဝင်ပုံကို ထုတ်လုပ်သူ တစ်ဦးမှ ရှင်းပြသည်။

အဆိုပါဓာတ်မြေသြဇာ တွင် ကယ်စီယံ၊မက္ကနီစီယံ ၊ဖော့ပလပ်နှင့်ဆိုဒီယမ် ပိုတက် ယူ၇ီးယားဓာတ်များပါဝင်ကြောင်းသိရပြီးမုံရွာမြို့ နယ် စည်ပင် မှ ၂၀၁၂ ခုနှစ်အတွင်း စက်၇ုံကို တည်ထောင်လည် ပတ်ခဲ့ပြီး မြေသြဇာကို ၀ယ်ယူလိုသူများအား လက်လီလက်ကားရောင်း ချပေး လျှက်ရှိကြောင်းသိရသည်။

Yangon Media Group

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here