Monday, April 22, 2013

မန္တလေးဘူတာကြီးရှိ အိပ်စင်တွဲဟောင်း တစ်တွဲ မီးလောင်ကျွမ်း

0 comments

ဧပြီ(၂၂)


man1
တွဲနံပါတ် BNUEZ 12665 အိပ်စင်တွဲဟောင်း မီးလောင်နေမှုအား တွေ့ရစဉ်
မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံမြို့နယ် အတွင်းရှိ မန္တလေး ဘူတာကြီးတွင် ဧပြီလ ၂၁ ရက်နေ့ ညနေ ၄ နာရီ ၅ မိနစ် အချိန်က အိပ်စင်တွဲဟောင်း မီးရထားတစ်တွဲ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
man1
တွဲနံပါတ် BNUEZ 12665 အိပ်စင်တွဲဟောင်း မီးလောင်နေမှုအား တွေ့ရစဉ်
ဖြစ်စဉ်မှာ ၇၈ လမ်းနှင့် ၇၉ လမ်းကြား ၃၁ လမ်းနှင့် ၃၂ လမ်းကြားရှိ ဘူတာကြီး သံလမ်းအမှတ် ၁၀ တွင် ပြုပြင်ရန် ထားရှိထားသည့် တွဲနံပါတ် BNUEZ 12665 အိပ်စင်တွဲဟောင်း မီးလောင်ကျွမ်းခဲ့ပြီး အခြားနှစ်တွဲသို့ မီးကူးစက်ခဲ့ပြီး ၄ နာရီ ၂၅ မိနစ် အချိန်ခန့်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။
man1
တွဲနံပါတ် BNUEZ 12665 အိပ်စင်တွဲဟောင်း မီးလောင်နေမှုအား တွေ့ရစဉ်
အဆိုပါ မီးလောင်မှုနှင့် ပတ်သက်၍ မီးလောင်စေသည့် အကြောင်းအရာကို တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ စုံစမ်းစစ်ဆေးမှုများ ဆက်လက် လုပ်ဆောင်နေကြောင်း သိရသည်။
eleven

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here