Monday, April 29, 2013

အင်းလုပ်ငန်းကို အမှန်တကယ်လုပ်နေသူများက တဆင့်ခံလုပ်နေရ လို့ ကျေနပ်မှုမရှိ

0 comments
ဧပြီ(၂၉)

ကလေးဒေသရှိမြစ်များချောင်း များနှင့် ဒေသတွင်းသဘာဝ အလျောက်ဖြစ်ပေါ်လျက်ရှိသော အင်းများရှိရာ၊ ထိုအင်း၊ အိုင် ချောင်း၊ မြောင်းများကို နှစ်စဉ် လေလံစနစ်ဖြင့် သက်ဆိုင်ရာ ငါးလုပ်ငန်းဦးစီးဌာနမှ ချပေးလျက် ရှိရာ တစ်နှစ်ထက်တစ်နှစ် အင်း၊ အိုင်၊ မြစ်၊ ချောင်းများ တိမ်ကော လာမှု၊ ရေထွက်သဘာဝသားငါး တို့ရရှိမှုနည်းပါးလာခြင်းနှင့် အင်း လေလံကိစ္စများတွင် ကြားပွဲစား များသာ၊ အင်းသူကြီးရရှိပြီး အမှန် တကယ် ရေလုပ်ငန်းလုပ်ကိုင် သည့် ရေလုပ်သားတို့မှာ ကြားပွဲ စားတို့၏ မတန်တဆတောင်းခံ သည့်ဈေးနှုန်းပေး၍ ရေလုပ်ငန်း လုပ်ကိုင်ကြရသည့်အတွက် နှစ် စဉ်အရှုံးပေါ်နေကြောင်း၊ အင်း လုပ်သားကော်မတီဦးမောင်ကျော် ကပြောသည်။


““ကျွန်တော်တို့ အင်းလေလံ မတိုင်ခင်၊ ယခုနှစ် ဇန်န၀ါရီလ တုန်းက ကလေးမြို့နယ် အုပ်ချုပ် ရေးမှူး၊
ငါးလုပ်ငန်းဦးစီးတို့နှင့် တွေ့ပြီး၊ ကျွန်တော်တို့တွေ့ကြုံ နေရတဲ့ အခက်အခဲတွေကို တင် ပြဆွေးနွေဲး့ပါတယ်။ အထက်ကို လည်း တင်ပြပေးပြီး ကျွန်တော် တို့ အင်းလုပ်သားပိုင်အဖြစ် ချ ပေးလုပ်ပေးမယ်လို့ ကတိခံခဲ့ပါ တယ်။ ကျွန်တော်တို့ကလည်း နိုင်ငံတော်ကို ကျသင့်တဲ့ အခွန် ငွေကို အများနည်းတူ သွင်း ဆောင်ပါ့မယ်လို့ တင်ပြခဲ့တယ်။ အခု ဧပြီအင်းလေလံရာသီရောက် တော့ ကျွန်တော်တို့ အမှန်တကယ် ရေလုပ်ငန်းလုပ်နေတဲ့ ရေလုပ် သားတွေကို အသိမပေးဘဲ ပြီးခဲ့ တဲ့နှစ်တွေတုန်းကလို ကြားပွဲစား ကိုပဲ အင်းလေလံ ပေးခဲ့တဲ့အတွက်၊ ကျွန်တော်တို့ ရေလုပ်သားတွေမှာ အခက်အခဲတွေဖြစ်နေပါတယ်””ဟု အင်းလုပ်သားကော်မတီဦးမောင် ကျော်မှပင်ပြောသည်။

ကလေးဒေသတွင် ရေလုပ် ငန်းလုပ်ကိုင်သည့် လုပ်ကွက်များ ကို တောင်ပိုင်း၊ မြောက်ပိုင်း ဟူ၍ ခွဲခြားထားရာ၊ ယခုပြဿ နာဖြစ်ပေါ်နေသော အင်းများမှာ တောင်ပိုင်းဒေသအင်းများဖြစ် ကြောင်း သိရ၊ ပြီးထိုတောင်ပိုင်း အင်းများကို (၁၉၉၆/၉၇)ခုနှစ် များပိုင်းက ဦးဘငြိမ်းမှ လေလံ ဆွဲဆောင်ရွက်ခဲ့ကြပြီး၊ (၂၀၀၆) ခုနှစ်နောက်ပိုင်း ဒေါ်ကြည်ကြည် မှ ဆောင်ရွက်ခဲ့ကြောင်း သိရ သည်။

ပြီးခဲ့သည့်နှစ်က ရေလုပ် သားများ ကြားပွဲစားထံမှ လေလံ ဆွဲလုပ်ကိုင်ရသောဈေးနှုန်းများ မှာ ကောလားအင်း(၂၇)သိန်း၊ အင်းစိန်အင်း(၂၁)သိန်း၊ အလယ် အင်း(၁၀)သိန်း၊ ကျားမင်းအင်း (၁၈)သိန်း၊ ကျောက်တစ်လုံးအင်း (၆)သိန်း၊ ကားတပ်အင်း(၁၂) သိန်းနှင့် ပေါက်တောအင်း (၇) သိန်းနှင့် ၀ယ်ယူလုပ်ကိုင်ရကြောင်း ရေလုပ်သားကော်မတီဝင်တစ်ဦး ကပြောသည်။ ယခုနှစ်တွင် ကလေးဒေသ အင်းများတွင် ငါး ဆေးချဖမ်းယူမှုများ၊ ဘတ္ထရီရှော့ တိုက်ငါးဖမ်းမှုများ ဖြစ်ပေါ်ခဲ့ ကြောင်း ယင်းမှပင်ပြောသည်။

““ကျွန်တော်တို့ ဒီဖက်ကလေး တောင်ပိုင်းဒေသတွေမှာ ရေလုပ် သား(၃၀၀)၀န်းကျင်ရှိတယ်။ ကျွန်တော်တို့အနေဖြင့် မတန် တဆဈေးနှင့် အင်းလုပ်ကွက်ကို သယ်ယူပြီး လွတ်လွတ်လပ်လပ် လုပ်ပိုင်ခွင့်မရှိပါဘူး၊ ငွေသာပေး လိုက်ရတယ် နှစ်စဉ်စာချုပ်စာ တမ်းဆိုတာ မမြင်ရဘူး။ ကျွန် တော်တို့ဖြစ်ချင်တာကတော့ အင်းမှာ အမှန်တကယ်လုပ်သူ မဟုတ်ဘဲ အင်းလေလံဆွဲထား တော့ ကျွန်တော်တို့ရေလုပ်သား တွေအနေနဲ့ တစ်ဆင့်ခံလက်က မတန်တဆဈေးနှင့် ၀ယ်ယူလုပ် ကိုင်နေရသလို ကျန်တဲ့ဆက်နွယ် နေတဲ့ ရေထွက်ပစ္စည်းတွေလည်း မလိုလားအပ်ဘဲ ဈေးနှုန်းတွေ တက်နေရတာဖြစ်ပါတယ်။ ကျွန် တော်ကြားရတာကို ပြောရရင် အစိုးရဆီမှာ ဆွဲရတဲ့ လေလံ စရိတ်က (၇)သိန်းဝန်းကျင်ပဲ ရှိတယ်လို့ ပြောတယ်””ဟု ထို ကော်မတီဝင်မှပင်ပြောသည်။

ကောင်းမြတ်သူ
HotNewsWeekly

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here