Saturday, April 20, 2013

သင်္ကြန်ကာလတွင် တောင်ကြီး၌ ငြိမ်းချမ်းရေးအတွက် လှုပ်ရှား

0 comments




သင်္ကြန်မတိုင်မီနှင့် သင်္ကြန်ကာလ အတွင်းတွင် တောင်ကြီးမြို့ပေါ်၌ “ငြိမ်းချမ်းရေးသင်္ကြန်” စာတန်း ရေးထိုးထားသည့် တီရှပ်အထည် ၅၀ ခန့် ဝေငှခဲ့ကြောင်း ၈၈ မျိုးဆက် (ရှမ်းပြည်) မှ ဦးနေမျိုးက ဆိုသည်။

တီရှပ်နှင့်အတူ “ခွင့်တူညီမျှ ၀ါဒဖြူစင်တဲ့မြေ” စာတန်းပါ စတေကာများပါ ဆိုင်ကယ်များ၊ ဈေးဆိုင်များ၊ ကားများတွင် လိုက်လံကပ်ခဲ့ကြောင်း၊ ရပ်စောက်၊ အောင်ပန်း၊ ဟိုပုံး၊ ညောင်ရွှေ၊ ဆီဆိုင်၊ အောင်သပြေ မြို့များအထိ လိုက်လံ ကပ်ခဲ့ကြောင်း ငြိမ်းချမ်းရေးအတွက် ရည်ညွန်းပြီး ပြုလုပ်ခြင်းဖြစ်ကြောင်း၊ ၈၈မျိုးဆက် (ရှမ်းပြည်) မှ ဦးနေမျိုးက ပြောသည်။




ယင်းတီရှပ်နှင့် စတေကာများသည် ရန်ကုန်ရှိ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းမှ ဦးမင်းကိုနိုင်တို့ စီစဉ်ကာ ဖြန့်ဝေပေးခြင်းဖြစ်ကြောင်း၊ “ခွင့်တူညီမျှ ၀ါဒဖြူစင်တဲ့မြေ” စာတန်းပါ လက်ရေးမှာလည်း ဦးမင်းကိုနိုင်၏ လက်ရေးမူဖြစ်ကြောင်း အရပ်ဖက်လူ့အဖွဲ့အစည်း တခုဖြစ်သည့် ရှမ်းပြည်မျိုးဆက် အင်အားစုအဖွဲ့မှ ကိုညီမိုး က ပြောသည်။

ဒေသတစ်ခုလုံး ကျယ်ကျယ်ပြန့်ပြန့် သိဖို့ဆိုလျင် ယခုထက် အထည် အရေအတွက် ပိုမိုလိုအပ်ကြောင်း၊ အရပ်ဖက် လူ့အဖွဲ့အစည်း တခုဖြစ်သည့် ရှမ်းပြည်မျိုးဆက် အင်အားစုအဖွဲ့မှ ကိုမိုးက ပြောသည်။

ယင်းသို့ စတေကာ လိုက်လံကပ်နှံမှုအား လူငယ်များက ပြုလုပ်ခြင်းဖြစ်ပြီး မည်သည့် အဖွဲ့အစည်း၊ ပါတီများနှင့် မသက်ဆိုင်ကြောင်း ငြိမ်းချမ်းရေးအတွက် ရည်ရွယ်ပြီး တနိုင်ငံလုံး အတိုင်းအတာဖြင့် ပြုလုပ်ခြင်းဖြစ်ကြောင်း ရှမ်းပြည်မျိုးဆက် အင်အားစုအဖွဲ့မှ ကိုမိုးက ထပ်မံပြောကြားသည်။
ဧရာဝတီ

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here