Saturday, April 6, 2013

KIA နယ်မြေအတွင်း အမေရိကန်များ ၀င်ရောက်ခဲ့ခြင်းကြောင့် တရုတ်အစိုးရကဖြေရှင်းချက်တောင်း

0 comments
ဧပြီ(၆)


KIA ဌာနချုပ်ရှိရာ လိုင်ဇာသို့ တရုတ်မှတဆင့် အမေရိကန်နိုင်ငံ မှလူများ ၀င်ရောက်လာသောကြောင့် KIA ကို တရုတ်အစိုးရမှ ဖြေရှင်းချက်တောင်းထားကြောင်းသိရှိရပါသည်။ အမေရိကန်နိုင်ငံခြားရေးဌာန၊ အာရှဒေသ တိုင်းရင်းသား လူမျိုးစုရေးရာဌာနမှ အထူးအကြံပေးအဖွဲ့ဝင်များသည် ပြီးခဲ့သောလအတွင်းက လိုင်ဇာသို့ ၀င်ရောက်ခဲ့သည်။ အဆိုပါအဖွဲ့အား တရုတ်နိုင်ငံ မန်ရှီမြို့မှ လိုင်ဇာသို့သွားလာနိုင်ရေးအတွက် ကူညီခဲ့သော တရုတ်နိုင်ငံသား၊ ကချင်လူမျိုး ၂ ဦးအား ယူနန်ပြည်နယ်အစိုးရမှ ဖမ်းဆီး ထားကြောင်းသတင်းများထွက်ပေါ်လာပြီးနောက် KIO အဖွဲ့ အား ယူနန်ပြည်နယ် အစိုးရက လာရောက်ဖြေရှင်းရန် တောင်းဆို ထားကြောင်းသိရှိရသည်။

အမေရိကန်ကိုယ်စားလှယ်အဖွဲ့လိုင်ဇာ ကချင်ဌာနချုပ်သို့ တရုတ်အစိုးရ၏ ခွင့်ပြုချက်မရှိဘဲ တရားမ၀င် ၀င်ရောက်ခဲ့မှုကြောင့် KIO အဖွဲ့အပေါ် တရုတ်ခေါင်းဆောင်ပိုင်းက အမြင်မကြည်မှုများ ပိုမိုတိုးပွားလာခဲ့သည်။ KIO အနေဖြင့်လည်း မြန်မာအစိုးရနှင့် တရုတ်အစိုးရတို့ နီးနီးကပ်ကပ် ဆက်ဆံနေမှုများကြောင့် အမေရိကန်ထံတဖက် လှည့်ချဉ်းကပ်ခြင်းဖြစ်သည်။ အမေရိကန် အထူးအကြံပေး အဖွဲ့ဝင်ရောက်ခဲ့သည့် လမ်းကြောင်းအား ယူနန်ပြည်နယ် အစိုးရက ပြန်လည် စစ်ဆေး မေးမြန်းမှု များ ပြုလုပ် လျက်ရှိပြီး KIO အဖွဲ့၏ ဖြေရှင်းချက်ကို စောင့်ကြည့်လျက် ရှိကြောင်း ဌာနချုပ်ရှိတပ်ဖွဲ့ဝင်တစ်ဦး ပြောဆိုမှုအရ သိရှိရ ပါသည်။

KDN

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here