Saturday, April 6, 2013

RCSS ၏ ဗဟို စခန်း နေရာကို ကြားခံ ဒေသ အဖြစ် ထားရန် အစိုးရ သဘောတူ

0 comments
ဧပြီ(၆)

ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ RCSS/SSA  တပ်မတော်အား တွေ့ရစဉ် 

ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ RCSS/SSA သည် ဆုတ်ခွာ ပေးရန် အစိုးရက တောင်းဆို ထားသော ရှမ်းပြည် တောင်ပိုင် မိုင်းထား မြို့နယ် ခွဲရှိ လွယ်မွတ်နန်းလျဲန်း တပ်စခန်း နေရာ ကိစ္စကို ဧပြီလ ၂ ရက်နေ့တွင် နှစ်ဖက် သဘော တူညီ ချက်ဖြင့် ဆုတ်ခွာ ပေးလိုက်ပြီး ဖြစ်ကြောင်း အဖွဲ့၏ ပြောခွင့် ရ ဗိုလ်မှုး စိုင်းလောက်ဆိုင်က ပြောသည်။

“ဒီစခန်းကို ပြီးခဲ့တဲ့ မတ်လ (၂၀) ရက်နေ့က ဆုတ်ခွာ ပေးဖို့ သူ့တို့ လာပြောတဲ့ အချိန်မှာ ကျနော်တို့ ဘက်က ဆုတ်ခွာ မပေးခဲ့ဘူး။ ဒီတော့ သူတို့က ကျနော် တို့ရဲ့ တာချီလိတ် မြို့ပေါ်က ဆက်ဆံရေးရုံး တာဝန်ခံကို တြိဂံတိုင်း တိုင်းမှူးက ခေါ်တွေ့ပြီး ပြန်လည် ညှိနှိုင်း ခဲ့တယ်။ ဖုန်းနဲ့လဲ အကြိမ်ကြိမ် ဆွေးနွေး ကြတယ်။ အဲဒါနဲ့ နောက်ဆုံး ကျတော့ အဲဒီ လွယ်မွတ်နန်းလျဲန်း တောင်တန်း ပေါ်မှာ ဘယ်တပ်မှ မထားကြ စတမ်းနဲ့ ဆိုပြီး ညှိနှိုင်း သဘောတူ ခဲ့ကြလို့ အငြင်းပွား နေတဲ့ အဲဒီ ပြသနာဟာ ပြေလည် သွားတယ်” ဟု ဆိုပါသည်။

ဤပြသနာကို ပြီးခဲ့သည့် မတ်လ ၂၅ ရက်နေ့ တွင် တြိဂံတိုင်း စစ်ဌာနချုပ် တိုင်းမှုးက တာချီ လိတ်မြို့ ပေါ်ရှိ RCSS/SSA ၏ ဆက်ဆံရေးရုံး တာဝန်ခံနှင့် ညှိနှိုင်း ခဲ့ကြခြင်း ဖြစ်သည်။ RCSS/SSA သည် ဤပြသနာ ပြေလည် စေရေး အတွက် လွယ်မွတ် နန်းလျဲန်း တောင်တန်းကို ကြားခံ စစ်ရေး ထိန်းချုပ် နယ်မြေ အဖြစ် ထားရှိရန် တင်ပြ ခဲ့ရာမှ နှစ်ဖက် သဘော တူညီချက် ရရှိ ခဲ့ခြင်း ဖြစ်သည်။

ဤပြေလည် မှုသည် RCSS နှင့် အစိုးရကြား အရေးကြီးဆုံး ပြေလည် မှုဟု ဆိုပါသည်။ သို့မဟုတ်ပါက အစိုးရ တပ်ဖွဲ့ များသည် RCSS နှင့် အပစ်အခတ် ရပ်စဲ ထားစေ ကာမူ  RCSS အား ရာဇသံ အပါဝင် အကြိမ် (၅၀) ခန့် တိုက်ခိုက်ခဲ့ ပါ သည်။ ဤကဲ့သို့ တိုက်ခိုက် ခံခဲ့ ရမှုကြောင့် RCSS သည် စစ်ရေး ထိန်းချုပ် နယ်မြေများ သတ်မှတ် ပေးရန် လိုအပ်ကြောင်း ပြီးခဲ့သည့်  မတ်လ (၂၅) ရက်နေ့ အစိုးရထံ တင်ပြ တောင်းဆို ခဲ့ရ ပါသည်။

အစိုးရသည်  ရှမ်းပြည် တောင်ပိုင်း သံလွင် အရှေ့ခြမ်း တြိဂံတိုင်းရှိ မိုင်းတုံမြို့ နယ် မိုင်းထား မြို့နယ်ခွဲမှ RCSS/SSA ၏ ဌာနချုပ်ရုံး နေရာ ဖြစ်သော လွယ်မွတ်နန်းလျဲန်း စခန်းနှင့် အရှေ့ အလယ်ပိုင်းတိုင်း ဟိုမိန်း မြို့နယ်ခွဲရှိ လွယ်လန်းတောင် စခန်းအား ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် တကြိမ်နှင့်  မတ်လ ၂၀ ရက်နေ့တွင် တကြိမ် ၂ ကြိမ်တိုင်တိုင် ရာဇသံပေးပြီး ပြောင်းရွေ့ ခိုင်းခဲ့ပါသည်။

RCSS/SSA သည် အပစ်အခတ် ရပ်စဲရေးကို ထိခိုက်မည် စိုးသဖြင့် ပြသနာ ပြေလည်ရန် သမ္မထံ အကြိမ်ကြိမ် စာရေးပြီး တောင်းဆို ခဲ့ရပါသည်။ သို့သော် တုန့်ပြန်မှု မရှိ ခဲ့ဘဲ တိုက်ပွဲ များသာ ဖြစ်လာ ခဲ့ပါသည်။ ဤအခြေအနေမှ ယခု သဘော တူညီချက်သည် RCSS နှင့် အစိုးရကြား အငြင်းပွား ပြသနာ ပြေလည်ရေး အတွက် လမ်းစ ပွင့်လာ ခဲ့သည်ဟု စစ်ရေးအကဲ ခတ်များက ဆိုပါသည်။

သို့သော်လည်း ဤကဲ့သို့ သဘောတူပြီး ပြသနာ ပြေလည် သွားစေ ကာမူ အပြန်အလှန် စောင့်ကြည့်မှုနှင့် သံသယများ ရှိနေ ဦးမည် ဖြစ်ပါသည်။ RCSS သည် အစိုးရနှင့် ၂၀၁၁ ခုနှစ် နိုဝင်ဘာလ (၁၉) ရက်နေ့တွင် အပစ်အခတ် ရပ်စဲ ခဲ့ပါသည်။ အပစ်ရပ်စဲရေး သဘော တူညီချက်တွင် ရှမ်းပြည် တောင်ပိုင်းရှိ မိုင်းထား မြို့နယ်ခွဲ လွယ်မွတ်နန်းလျဲန်း တောင်တန်း နေရာ သည် RCSS ၏ ဗဟို ဌာနချုပ် ထားရှိရန်နှင့် ဟိုမိန်း မြို့နယ်ခွဲတွင် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဖွံ့ဖြို့ရေး အထူးဇုံ နေရာ အဖြစ် ထားရှိရန် ထိုစဉ်က သဘောတူ ခဲ့ပါသည်။

ရွှေင်္ဟသာ

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here