Friday, June 21, 2013

“ လူမျိုးတစ်မျိုး ပျက်သုဉ်းခြင်းတရား ” ဘာသာရေး ဒီဗွီဒီ ခွေ ကလောမြို့တွင် ပျံ့နှံ့

0 comments

ဇွန်လ ၂၁ ရက်

ရှမ်းပြည်နယ် ကလောမြို့ပေါ်တွင် ဇွန် ၂၀ ရက် နံနက်ပိုင်းမှစ၍ “ လူမျိုးတစ်မျိုးပျက်သုဉ်းခြင်း တရားနှင့် အစ္စလမ် ဓမ္မ သတ်မှူး ဒေါက်တာမြင့်သိန်း၏ အမေးအဖြေ ” ခေါင်းစဉ်ဖြင့် ဘာသာရေး ဒီဗွီဒီအခွေများ ပျံ့ နှံ့လျက်ရှိကြောင်း သိရသည်။

“ ရွှေစုန်းကျောင်း ဆရာတော် အရှင် ၀ိစိတ္တာလင်္ကာရက လူမျိုးတစ်မျိုးပျက်သုဉ်းခြင်း တရားကို ပထမ ဟောကြားပါတယ်၊ ပြီးတော့ ဆရာတော်နဲ့ အစ္စလာမ် ဓမ္မသတ်မှူး ဒေါက်တာ မြင့်သိန်းတို့ တွေ့ဆုံမေးမြန်း ခန်း လုပ်တာ ပါပါတယ်၊ အဲဒီ တွေ့ဆုံမေးမြန်းခန်းမှာ ဆရာတော်က ၇၈၆ အဓိပ္ပါယ်၊ အစ္စလာမ်ဘာသာ ၀င်တွေရဲ့ သားဖေါက်သာသနာပြုခြင်း အကြောင်း၊ ယောင်္ကျားတစ်ဦးလျှင် မိန်းမ (၄) ယောက်အထိ ယူရန် ခွင့်ပြုထားတဲ့ အစ္စလာမ်ဘာသာအကြောင်း၊ ဂျီဟတ် (ဘာသာရေးစစ်ပွဲ)အကြောင်း၊ အစ္စလာမ်များမှ ဗုဒ္ဓ ဘာသာဝင်များအား လည်လှီးသတ်ဖြတ်မည်ဆိုတဲ့ သတင်းများ ထွက်ပေါ်နေမှုအကြောင်း၊ ဗလီများအား စစ်စခန်းများအဖြစ် အသုံးပြု နေခြင်း ရှိ/ မရှိ ၊ အစ္စလာမ် ဘာသာဝင်များအနေနဲ့ ဗုဒ္ဓဘာသာအမျိုးသမီး များအား လက်ထပ်ယူပြီးနောက်ပိုင်း အစ္စလာမ်ဘာသာတွင်းသို့ အတင်းဝင်ရောက်စေခြင်း ရှိ/မရှိ ၊ အစ္စ လာမ်ဘာသာဝင်မှ ဗုဒ္ဓဘာသာဝင်များသို့ လှူဒါန်းမှုများပြုလုပ်လျှင် အပြစ်ရှိ/မရှိဆိုတဲ့ မေးခွန်းတွေကို မေး ပါတယ်၊ ဆရာတော်ရဲ့ မေးခွန်းတွေကို ဒေါက်တာ မြင့်သိန်းက ခေါင်းစဉ်အလိုက် ပြန်ဖြေခဲ့တာကို ရိုက်ထား တဲ့ အခွေပါ ” ဟု ကလောမြို့ခံ ဦးစိုင်းစံက ပြောသည်။

အဆိုပါ ဒီဗွီဒီ အခွေများ ပျံ့နှံ့နေမှုနှင့် ပတ်သက်၍ မြို့ခံတစ်ဦးက “ယခုလတ်တလော ဗုဒ္ဓဘာသာဝင်များ က ၉၆၉ အရေး လှုပ်ရှားနေသည့်အတွက် အစ္စလာမ်ဘာသာဝင်များ စိုးရိမ်ထိတ်လန့်လာကြပြီး ဗုဒ္ဓဘာ သာဝင်များ၏ ဘာသာရေး လှုပ်ရှားမှု အရှိန်လျော့ကျစေရေး ရည်ရွယ်လုပ်ဆောင်ခြင်းသာ’’ ဖြစ်သည်ဟု ပြောကြားသွား သည်။

အဆိုပါတရားခွေသည် ၂၀၁၃ ခုနှစ် မတ်လ (၂၇) ရက်နေ့က ဇီးကုန်းမြို့၌ ဟောကြားခဲ့သော တရားပွဲ ခွေဖြစ်ကြောင်း ၊ ၎င်းတရားပွဲသို့ ဧည့်ပရိတ်သတ် ၄၀ ဦးခန့်သာ လာရောက်တရားနာခဲ့ကြောင်း၊ ဟော ကြားသည့် တရားမှာလည်း ငြိမ်းချမ်းရေးတရားဖြစ်နေခြင်းနှင့် အစ္စလာမ်ဘာသာဝင်များအား အမေးအဖြေ ပြုလုပ်ခြင်းများ ပါဝင်နေခြင်းကြောင့် ကြိုတင်ညှိုနှိုင်းတိုင်ပင်၍ တမင်ဖန်တီးထားသော ဒီဗွီဒီခွေဖြစ်သည်ဟု မြို့ခံများထံမှ သိရှိရပါသည်။

စိုင်းလုံ

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here