Thursday, June 13, 2013

ထာဝရ ငြိမ်းချမ်းရေး လက်တစ်ကမ်း အလိုရောက်

0 comments

ဇွန်လ ၁၃ ရက်
 

သမ္မတ ဦးသိန်းစိန်နှင့် RCSS/SSA ဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်ကြီး ယွက်စစ်တို့ နေပြည်တော်၌ တွေ့ဆုံစဉ်
ဓါတ်ပုံ (အင်တာနက်)


မြန်မာ တနိုင်ငံလုံး အတိုင်းအတာ ဆောင်သည့် “ထာဝရ ငြိမ်းချမ်းရေး” သည် လက်တစ်ကမ်း အလိုသို့ ရောက်ရှိ နေပြီ ဖြစ်ကြောင်း သမ္မတ ဦးသိန်းစိန်က ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ RCSS/SSA ဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်ကြီး ယွက်စစ်နှင့် တွေ့ဆုံစဉ် ပြောကြား ခဲ့သည်။

“နှစ်ပေါင်း ကြာရှည် ခဲ့ပြီ ဖြစ်သည့် တိုင်းရင်းသား အချင်းချင်း လက်နက်ကိုင် ပဋိပက္ခကို မိမိတို့ လက်ထက်၌ အဆုံးသတ်ပြီး မိမိတို့ သားသမီးများ လက်သို့ ငြိမ်းချမ်းသော အမွေကိုသာ လွှဲပြောင်း ပေးခဲ့ လိုပါကြောင်း၊ တစ်ပြည်လုံး ငြိမ်းချမ်းရေး သည်လည်း လက်တစ်ကမ်း အကွာသို့ ရောက်ရှိ နေပြီ ဖြစ်ကြောင်း” သမ္မတ ဦးသိန်းစိန်မှ ပြောကြား ခဲ့သည်ဟု နိုင်ငံပိုင် သတင်းစာ များ၌ ဖော်ပြ ကြသည်။

ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ RCSS/SSA ဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်ကြီး ယွက်စစ် မှလည်း မိမိတို့ အနေဖြင့် လက်နက်ကိုင် တိုက်ပွဲများ ဆင်နွှဲ နေရ ခြင်းသည် ပြည်ထောင် စုကြီးမှ ခွဲထွက်ရန် မဟုတ်ကြောင်း၊ မိမိတို့ အနေဖြင့် စစ်မှန်သော ပြည်ထေါင်စု တည်ဆောင်ရန်၊ တိုင်းရင်းသား များအတွက် ကိုယ်ပိုင် ပြဌာန်းခွင့်များ ရရန်၊ ဒီမိုကရေစီ နိုင်ငံတော်ကို တည်ဆောက်ရန် ဖြစ်ကြောင်းလည်း ယင်းတွေ့ဆုံစဉ် တင်ပြ ခဲ့ပါသည်။

သမ္မတ ဦးသိန်းစိန် မှလည်း လာမည့် ဇူလိုင်လ အတွင်း တိုင်းရင်းသား အဖွဲ့အစည်းများ အားလုံး ပါဝင်သည့် တွေ့ဆုံ ဆွေးနွေး ပွဲကြီး ကျင်းပ ပြုလုပ်နိုင်ရန် စီစဉ်လျက် ရှိနေသည်။
 
phophtawnews

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here