Thursday, June 13, 2013

မန္တလေးတောင်ပေါ် ဈေးဆိုင်ခန်းခွန်များ တိုးမြှင့်ကောက်ခံကာ ဆိုင်ခန်းအချို့အား လျော်ကြေးမဲ့ သိမ်းယူမှု ရှိနေ

0 comments

ဇွန်လ ၁၃ ရက်

မန္တလေးတောင်ပေါ်ရှိ ဈေးဆိုင်ခန်းများအား ဆိုင်ခန်းခွန် အဆများစွာ တိုးမြှင့်ကောက်ခံမှုနှင့် ဆိုင်ခန်းအချို့အား လျော်ကြေးမဲ့ သိမ်းဆည်းမှုများကြောင့် ဆိုင်ခန်းရှင်များ အခက်ကြုံနေရကြောင်း သိရသည်။
"အရင်က ဆိုင်ခန်းအားလုံး တစ်ရက်ကို ၂၀၀ ကောက်တယ်။ အခု တစ်လကိုးသောင်း၊ တစ်သိန်းခွဲ၊ သုံးသိန်းခြောက်သောင်း အမျိုးမျိုး ပေးနေရတယ်။ အသားကျပြီးသား နေရာဆိုတော့ ဆိုင်ခန်းပြောင်းရွှေ့ဖို့လည်း ဘယ်လိုမှ မလွယ်ဘူး။ တချို့က ကြောက်လို့အခွန်ပေး နေရတာ" ဟု မန္တလေးတောင်ရှိ ဆိုင်ခန်းပိုင်ရှင် တစ်ဦးက ဆိုသည်။

ဆိုင်ခန်းအားလုံး၏ ၁၀ ရာခိုင်နှုန်းခန့်အား အခွန်တိုးမြှင့် ကောက်ခံလိုက်ခြင်းဖြစ်ပြီး အခက်တွေ့နေရကြောင်း ဆိုင်ခန်းပိုင်ရှင်များက ဆိုသည်။ ယခု နှစ်ဆန်းပိုင်းတွင် မန္တလေးတောင်ပေါ်ရှိ ဆိုင်ခန်းနှစ်ခန်းကို ဂေါပက အဖွဲ့ဥက္ကဋ္ဌက တရားဝင် စာထုတ်ပြန်ခြင်း မရှိဘဲ သိမ်းယူခဲ့ကြောင်း ဆိုင်ခန်းပိုင်ရှင် ဦးတင်အောင်ခိုင်က ပြောကြားသည်။

"ဆုတောင်းပြည့် ရင်ပြင်နဲ့ မြွေနှစ်ကောင် ရင်ပြင်က ဆိုင်ခန်းနှစ်ခန်းကိုသိမ်းပြီး ဂေါပက ဥက္ကဋ္ဌက ဆိုင်ဖွင့်နေတယ်။ ကျွန်တော်တို့ လေလံအောင်ပြီးမှ ရထားတဲ့ ဆိုင်ခန်းတွေပါ။ တရားဝင် စာလည်းမထုတ်ဘူး။ လျော်ကြေးလည်း မပေးဘူး။ အခု အမျိုးသားလွှတ်တော်ကို တင်ပြထားတယ်" ဟု ဆိုင်ခန်းသိမ်းယူ ခံရသူ ဦးတင်အောင်ခိုင်က ဆိုသည်။
အဆိုပါ ဖြစ်စဉ်များနှင့် ပတ်သက်၍ မန္တလေးတောင် ဂေါပကအဖွဲ့ရုံး ဥက္ကဋ္ဌ ဦးသိန်းထွန်းအား ဆက်သွယ်မေးမြန်း ခဲ့သော်လည်း ဖြေကြားပေးခဲ့ခြင်း မရှိကြောင်း သိရသည်။

EMG

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here