Saturday, June 15, 2013

မည်သည့်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့မျှ လက်နက်မကိုင်တော့လျှင် မိမိတို့လည်းလက်နက်စွန့်လွှတ်မည်ဟု PLO ပြော

0 comments

ဇွန်လ ၁၅ ရက်

မည်သည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ မျှ လက်နက်မကိုင်တော့လျှင် မိမိ တို့လည်းလက်နက် စွန့်လွှတ်မည် ဟု ဏူဥ အသွင် ပြောင်း ပြည်သူ့ စစ်(ဌာနေ)စစ်ဦးစီးစစ်ဆင်ရေး ဗိုလ်မှူးဇော်ပြန်က ပြောသည်။

RCSS/SSA မှ ဒုတိယဗိုလ် ချုပ်ကြီးရွက်ဆစ်နှင့် သမ္မတဦး သိန်းစိန်တို့၏ တွေ့ဆုံဆွေးနွေး နိုင်မှုအတွက်လည်း ကြိုဆိုပါ ကြောင်းနှင့် ယင်းသည် ကောင်း သောလက္ခဏာ ဖြစ်သည်ဟုလည်း ၎င်းက ပြောကြားသည်။

''တပ်မတော် တစ်ခုတည်း မြန်မြန်ဖြစ်လေ သဘောကျလေ ပဲ။ ဘယ်အဖွဲ့အစည်းကမှ လက် နက်မကိုင်တော့ဘူးဆိုရင် ကျွန် တော်တို့ဖက်ကလဲ အလိုအ လျောက် လက်နက် စွန့်လွှတ်ပြီး သားပဲ''ဟု ဇွန် ၁၂ ရက်က တောင် ကြီးမြို့ရှိ PLO ဌာနချုပ်တွင် သတင်းထောက်များအားလက်ခံ တွေ့ဆုံပြောကြားခဲ့ခြင်းဖြစ်သည်။ PLO အနေဖြင့် လက်နက် ကိုင်လို၍မဟုတ်ဘဲ မိမိတို့၏အိုး အိမ်စည်းစိမ် များအားကာကွယ် ရန်နှင့် နှောက်ယှက်မှုပေးသူများ ကြောင့်သာ ကိုင်ဆောင်နေရခြင်း ဖြစ်ပြီး လက်နက်ကိုင်အဖွဲ့အ စည်းများနှင့်လည်း ထိပ်တိုက် တွေ့ဆုံလိုမှုမရှိကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။ '' SSA နဲ့ သမ္မတနဲ့တွေ့ တာကို ကြိုဆိုပါတယ်။ ကျွန်တော်တို့ အနေနဲ့ သူတို့နဲ့ထိုးစစ် မရှိပါဘူး။ အရင်ကတော့ ကြုံခဲ့ တာမျိုးတွေရှိပေမယ့် ကိုယ့်နေ ရာကိုယ်နေ သူ့နေရာ သူနေပဲ ပေါ့'' ဟု ယင်းက ထပ်လောင်း ပြောသည်။

မိမိတို့အနေနှင့် ငြိမ်းချမ်း ရေးအတွက် အထောက်အပံ့ဖြစ် စေရေးအတွက် ငြိမ်းချမ်းရေး စောင့်ကြည့်ကြီးကြပ်ရေးကော် မတီဖွဲ့စည်းရန်တင်ပြမှုအပေါ် သမ္မတမှ သဘောတူခဲ့သည်ဟု ဇွန် ၁၀ ရက်က နေပြည်တော် တွင် ဒုတိယဗိုလ်ချုပ်ကြီး ရွက် ဆစ်က သတင်းထောက်များကို ပြောကြားခဲ့အပြီးတွင် ဏူဥ စစ် ဦးစီးစစ်ဆင်ရေး ဗိုလ်မှူးဇော်ပြန် ကပြောကြားလိုက်ခြင်းဖြစ်သည်။

PLO သည် ၁၉၉၁ တွင် ပအိုဝ်းအမျိုးသားတပ်မတော် အဖြစ်ငြိမ်းချမ်းရေးယူခဲ့ပြီး ၂၀၀၉ ခုနှစ်တွင် အသွင်ပြောင်းပြည်သူ့ စစ်အဖြစ်ပြောင်းလဲခဲ့ပြီး လတ် တလော အနေဖြင့် တောင်ကြီးမြို့ ရှိ ပအိုဝ်းတိုင်းရင်းသားနေထိုင် ရာဒေသများတွင် မြေယာသိမ်း ဆည်းမှုများပြုလုပ်ခဲ့သည်ဟူသော ပအိုဝ်းတိုင်းရင်းသားတို့၏ စွပ်စွဲ ချက်များ နှင့် ရင်ဆိုင်နေရသည်။

YMG

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here