Friday, July 26, 2013

ကေအိုင်အေက ချွေးတပ်ဆွဲခြင်း၊ ဆက်ကြေးကောက်ခြင်းတို့ကို တိုင်ထားသည့်စာများ ရှမ်းဝန်ကြီးက ဦးအောင်မင်း ထံပေး

0 comments
ဇူလိုင်လ ၂၆ ရက်

ကချင်ပြည်နယ်အတွင်းရှိ ရှမ်းတိုင်းရင်းသားများကို KIA က ချွေးတပ်ဆွဲခြင်း၊ ဆက်ကြေးတောင်ခြင်းများ ရှိနေသည်ဟု စွပ်စွဲကာ တိုင်ကြားထားသည့် ရှမ်းတိုင်းရင်းသားတို့၏ တိုင်စာများကို ကချင်ပြည်နယ် အစိုးရအဖွဲ့မှ ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး
က အစိုးရ၏ ငြိမ်းချမ်းရေးကော်မတီဥက္ကဋ္ဌ ၀န်ကြီးဦးအောင်မင်း ထံ ပေးပို့လိုက်သည်
ဟု သူမက မဇ္ဈိမကို ပြောသည်။

ယင်းတိုင်စာများတွင် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)က ဖမ်းဆီးထားသော ရှမ်းတိုင်းရင်းသားများကို ပြန်လွှတ်ရန်၊ ဆက်ကြေးကောက်ခံနေမှုများကို ညှိနှိုင်းပေးရန်၊ မြေမြှုပ်မိုင်းများကို ဖော်ထုတ်ပေး ရန်တို့ကို တိုင်ကြား တောင်းဆိုထားသည်ဟု ကချင်အစိုးရအဖွဲ့မှ ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး ဒေါ်ခင် ပြုံးရီက ဆိုသည်။

ဝန်ကြီးဦးအောင်မင်း ကချင်ပြည်နယ် မြစ်ကြီးနားမြို့သို့ ဇူလိုင် ၂၄ ရက်တွင် KIA ၏ ( ) ရုံးခန်းဖွင့်ပွဲသို့ ရောက်ရှိလာစဉ် သူမက ပေးလိုက်ခြင်းဖြစ် သည်ဟု ရှမ်းတိုင်းရင်းသားဝန်ကြီး ဒေါ်ခင်ပြုံးရီကရှင်းပြသည်။

“ပေါ်တာဆွဲတာ၊ ဆက်ကြေးကောက်တာတွေ ရှိတဲ့အတွက် ရှမ်းတိုင်းရင်းသားတွေ လယ်ယာမလုပ်ကိုင် ရဲကြဘူး။ ရှမ်းတွေ လုပ်စရာအလုပ်မရှိကြဘူး။ ဒါကြောင့် ၀န်ကြီးအနေနဲ့ ညှိနှိုင်းပေးဖို့ ရွာသားတွေက စာတင်တာပါ”ဟုဒေါ်ခင်ပြုံးရီက မဇ္ဈိမကို ပြောသည်။

ထို့ပြင် ရှမ်းတိုင်းရင်းသားများသည် သူတို့၏ လယ်ယာများအနီးရှိ မြေမြှုပ်မိုင်းများ ဖယ်ရှားရေးအတွက်လည်း တင်ပြခဲ့
သည်ဟု သူမက ဆက်ပြောသည်။

ကချင်ပြည်နယ်အတွင်း၌ နေထိုင်သော ရှမ်းတိုင်းရင်းသားဦးရေမှာ ခုနစ်သိန်းကျော်ရှိသည်ဟု တရားဝင် ပြည်နယ်
အစိုးရအဖွဲ့၏ စာရင်းဇယားများအရ သိရသည်။ 

Mizzima

http://www.mizzimaburmese.com/news/breaking-newsbrief/12814-2013-07-26-03-27-59.html

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here