Monday, July 15, 2013

မေတ္တာရှင်(သာရေး/နာရေး)ကူညီမှုအသင်းရုံးအား ရန်အောင်မြေ(၃)ရပ်ကွက်၌ ဖွင့်လှစ်

0 comments


ဇူလိုင်လ ၁၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့ရှိ မေတ္တာရှင်(သာရေး/နာရေး)ကူညီမှုအသင်းအား ယခင်
ဆိုင်ကယ်အစည်းအရုံးတွင် တွဲဖက်လုပ်ဆောင်ခဲ့ရာမှ ယခုအသင်းဝင်များ၏   (သာရေး/နာရေး)အပြင်
အသင်းဝင်မဟုတ်သည့် ပြင်ပ နာရေးကူညီမှုများအား ထိထိမိမိ ကူညီဆောင်ရွက်နိုင်ရေးအတွက် ရုံးကို
ရန်အောင်မြေ(၃)ရပ်ကွက်မှာ (၁၄-၇-၂၀၁၃)ရက်နေ့မှ စတင်ပြီး ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။

မေတ္တာရှင်(သာရေး/နာရေး)ကူညီမှုအသင်း ရုံးဖွင့်လှစ်ခြင်းနှင့် ကော်မတီများ၊ လုပ်ငန်းဆပ်ကော်မတီ
အဖွဲ့များ၏ ညှိနှိုင်းအစည်းအဝေးကို (၁၄-၇-၂၀၁၃)ရက်နေ့ နံနက်ပိုင်းမှာပြုလုပ်ရာ နံနက်ပိုင်းအာရုဏ်တွင် မယ်ယန်းကျေးရွာ ရွှေတောင်ကုန်းကျောင်းတိုက်သို့  ဥက္ကဌ ဦးဘိုစံ၊ ကော်မတီဝင် ဦးအောင်ဝင်း တို့မှ သွားရောက်ကာ အာရုဏ်ဆွမ်းဆက်ကပ်ခြင်း၊ ကော်မတီများကို မုန့်ဟင်းခါးဖြင့်ကျွေးမွေးခြင်းများပြုလုပ်ခဲ့ပါသည်။

အစည်းအဝေးတွင် မေတ္တာရှင် နာယကအဖွဲ့ကို ယခင်(၁၂)ဦးဖြင့် ဖွဲ့စည်းထားရာမှ ယခု အာခါတိုင်းရင်းသားလူမျိုး ဦးလောတာကို ရွေးချယ်တိုးမြှင့်ခြင်း၊ မိန်းကော်မတီဝင်များတွင် ဦးတင်မြင့် ၊
ဦးခင်ဦး၊ ဦးရန်နိုင်၊ ဦးထွန်းဝင်း၊ ဦးသန်းဇော်၊ ဒေါ်ရွှေစင်ခက် တို့ကိုလည်း ရွေးချယ်တိုးမြှင့်ခြင်း၊ လူမှုကူညီရေးဆပ်ကော်မတီတွင် ဦးမျိုးနိုင်၊  ဦးငြိမ်းမောင်၊  ဦးသိန်းထူး၊  ဦးဇော်မျိုးလင်း၊   ဦးရဲအောင်၊ ဦးစိုးနိုင် နှင့် ဒေါ်မူမူမြင့်တို့ကို ရွေးချယ်တိုးမြှင့်ဖွဲ့စည်းခဲ့ကာ အမျိုးသမီးအဖွဲ့ကိုလည်း ဒေါ်ရွှေစင်ခက်(အဖွဲ့ခေါင်းဆောင်)၊ ဒေါ်မူမူမြင့်(ဒု-အဖွဲ့ခေါင်းဆောင်) တို့ဖြင့် အင်အား(၃၀)ဦးဖြင့် တိုးမြှင့်ဖွဲ့စည်းသွားမှာဖြစ်ကြောင်း သိရသည်။


ယနေ့ပြုလုပ်သည့်အစည်းအဝေးတွင် မေတ္တာရှင်(သာရေး/နာရေး)ကူညီမှုအသင်းအနေဖြင့် မိမိအသင်း
ဝင်များသာ ကူညီပေးတယ်၊ ပြင်ပတွေ အကူအညီမပေးဘူး၊ အသင်းဝင်ရာမှာလည်း လစဉ်သတ်မှတ်ငွေကို (၁)လကျော်က အသင်းသားအဖြစ်က ထုတ်ပါယ်ခြင်းများ ပြင်ပမှာ ပြောဆိုနေသံကြားသိနေရပါတယ်၊ ဟုတ်မဟုတ် သတ်မှတ်စည်းကမ်းကို သိချင်ပါတယ်လို့ ဦးသိန်းထူး မှမေးမြန်းရာ ဥက္ကဌ ဦးဘိုစံ မှ မေတ္တာရှင်အဖွဲ့ဟာ သက်တမ်းအားဖြင့် ကြည့်လျှင်(၅)နှစ်ထဲမှာ ရောက်နေပြီဖြစ်ပါကြောင်း၊ အသင်းဝင်များကို သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းအတိုင်း နာရေးကြုံတွေ့က  အိမ်ထောင်ဦးစီးဆိုလျှင် ဘတ်(၁)သောင်း၊
မိသားစုအဖွဲ့နှင့် ဆွေမျိုးဖြစ်ပါက ဘတ်(၈)ထောင်၊ ဘတ်(၅)ထောင်တို့ကို ကူညီပေးတဲ့အပြင်၊ အသင်းဝင် မဟုတ်သည့် ပြင်ပနာရေးများတွင်လည်း  လာရောက်အကူအညီတောင်းခံပါက လိုအပ်သည်များကို  အစစကူညီပေးနေပါကြောင်း၊ ယခင်က ၀င်ကြေး(၃၀၀)ဘတ် သတ်မှတ်ထားသော်လည်း ယခုဝင်ကြေးကောက်ခံခြင်းမပြုဘဲ လစဉ်(၅၀)ဘတ်သာ သတ်မှတ်ထားပါကြောင်း၊ အသင်းဝင်ကြေးကို(၁)လကျော် ပျက်ကွက်လျှင် အသင်းသား အဖြစ်မှ ထုတ်ပါယ်တယ်ဆိုတာလည်း မဟုတ်သလို မရှိပါကြောင်း၊ သတ်မှတ်ကာလ(၃)လနှင့် (၅)လအထိ ခွင့်ပြုထားပါကြောင်း အသင်းသားထုတ်ပါယ်မည်ဆိုလျှင်လည်း တစ်ဦး၊ တစ်ယောက်ဆန္ဒမဟုတ်ဘဲ ကော်မတီအစည်းအဝေးဖြင့်သာ ဆောင်ရွက်နေခြင်းဖြစ်ပါတယ်လို့ ရှင်းလင်းပြောကြား  သွားကြောင်း သိရပါသည်။


Tachileik Online News

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here