Saturday, March 16, 2013

SSA (၀မ်ဟိုင်း)တွင် သားဖြစ်သူအား တာဝန်မထမ်းဆောင်စေလို၍ မိခင်ဖြစ်သူမှ ငွေကျပ်(၂၅)သိန်းဖြင့် လူစားထိုး

0 comments
မတ်(၁၆)


အိုက်ဟန်သည် သင်တန်းဆင်းပြီး သိန်းနီမြို့၊ မိုင်းယန်းကျေးရွာအုပ်စုအခြေပြု SSA(၀မ်ဟိုင်း)မှ တိုက်နယ်မှူးစောဝ်လိုင်လက်အောက်တွင်တာဝန်ထမ်းဆောင်နေစဉ်နေအိမ်သို့ခွင့်ပြန်ပြီးထွက်ပြေး တိမ်းရှောင်   နေသောကြောင့် တိုက်နယ်မှူးမှ ဒေါ်စိန်နုအား ကျေးရွာအုပ်ချုပ်ရေးမှူးမှတဆင့် ၄င်းထံသို့လူစားပြန်ပေး ရန်နှင့် မပေးပါက ငွေကျပ်(၂၅)သိန်းပေးရန်၊ ငွေမပေးနိုင်ပါက လယ်ယာမြေများ သိမ်းဆည်း မည်ဟု သိရ ပါသည်။

ဒေါ်စိန်နုမှာ ပေးရန်ငွေကြေးမရှိတော့သဖြင့် ထိတ်လန့်ကြောက်ရွံ့စိတ်များဖြစ်ကာ မိသားစုဝင်များအား ညှင်းပန်းနှိပ်စက်မည်စိုးသောကြောင့်ထွက်ပြေးတမ်းရှောင်နေသည်ဟုသိရပါသည်။ အလားတူ ဒေါ်စိန်နု သားကဲ့သို့ပင် နားကျူကျေးရွာအုပ်ချုပ်ရေးမှူးထံမှတဆင့် SSA(၀မ်ဟိုင်း)အတွက် တပ်သားသစ်(၇)ဦးအား တိုက်နယ်မှူးစောဝ်အောင်ထံသို့ပေးပို့ရန်ခြိမ်းခြောက်ပြောဆိုထားသောကြောင့်၎င်းတို့မိဘများမှာ  ဒေါ်စိန်နု ကဲ့သို့ပင် မိမိတို့သားသမီးများအတွက် ပူဆွေးသောကရောက်နေကြကြောင်း သိရပါသည်။
 
သီပေါမြို့နယ် မိုးတေကျေးရွာအုပ်စု၊ နားကျူကျေးရွာတွင် SSA(၀မ်ဟိုင်း)မှ တိုက်နယ်မှူး စောဝ်လိုင်နှင့် အဖွဲ့သည် တပ်သားသစ်(၃)ဦးစုဆောင်းခဲ့ရာ ဒေါ်စိန်နုမှ ၄င်း၏သား အိုက်မောင်လင်းအား SSA(၀မ်ဟိုင်း) သို့ မ၀င်ရောက်စေလို၍ မိုင်းလင်းကျေးရွာအုပ်စုနေ အိုက်ဟန်အား ငွေကျပ်(၂၅)သိန်းပေး၍ SSA သို့ဝင်ရန် တိုက်နယ်မှူး စောဝ်လိုင် ထံသို့ အပ်နှံခဲ့ကြောင်းသိရပါသည်။ 

လားရှိုးသား 

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here