Saturday, July 27, 2013

ရာဇာမင်း ခရီးသည်တင်ယာဉ်ကို လက်နက်ကိုင် ဓားပြတိုက်မှုတွင် ဦးဆောင်သူနှင့် အပေါင်းပါ သုံးဦးအား ရုံးတင်စစ်ဆေးတော့မည်

0 comments
27.7.2013

Photo: ရာဇာမင်း ခရီးသည်တင်ယာဉ်ကို လက်နက်ကိုင် ဓားပြတိုက်မှုတွင် ဦးဆောင်သူနှင့် အပေါင်းပါ သုံးဦးအား ရုံးတင်စစ်ဆေးတော့မည်

27.7.2013

ဇူလိုင် ၁၃ ရက်တွင် ဖမ်းဆီးရမိခဲ့သော ရာဇာမင်း ခရီးသည်တင်ကားတွင် မျက်နှာဖုံးစွပ် လက်နက်ကိုင် ဓားပြတိုက် လူသတ်မှုတွင် ဦးဆောင်သူနှင့် အပေါင်းအပါ သုံးဦးအား မကြာမီ တရားရုံးတင် စစ်ဆေးတော့မည် ဖြစ်ကြောင်း မွန်ပြည်နယ်၊ သထုံမြို့နယ် ရဲတပ်ဖွဲ့မှူး အောင်သန်းက ဇူလိုင် ၂၅ ရက် တွင် Eleven Media သို့ ပြောကြားခဲ့သည်။
''ကျွန်တော်တို့ အခုဖမ်းမိထားတဲ့ သူတွေကို တရားရုံးတင်လို့ရတဲ့ အခြေအနေတွေ ရှိထားပြီးပါပြီ။ မကြာမီ တင်လို့ရမှာပါ'' ဟု ရဲမှူးအောင်သန်းက ပြောကြားခဲ့သည်။
သို့သော် ၎င်းဓားပြတိုက် လူသတ်မှု ဖြစ်စဉ်တွင် ဖမ်းဆီးရန် ကျန်ရှိနေသူ နှစ်ဦးအား ယခင်အတိုင်း ပိုက်စိပ်တိုက် ရှာဖွေလျက် ရှိကြောင်းနှင့် ဓားပြတိုက်မှုတွင် လုယက်ခံရသည့် စုစုပေါင်း တန်ဖိုး ကျပ် ၄၄၈၇၀၀၀ အားလည်း သိမ်းဆည်းနိုင်ရေးအတွက် ရှာဖွေစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင် လျက်ရှိကြောင်း သိရသည်။
မွန်ပြည်နယ်၊ သိမ်ဖြူဇရပ်မြို့နယ်၊ ကျိုက္ခမီမြို့မှ ရန်ကုန်မြို့သို့ ဇွန် ၈ ရက် ညပိုင်းတွင် ထွက်ခွာလာသည့် ရာဇာမင်း ခရီးသည်တင်ယာဉ်တွင် လိုက်ပါလာသော ခရီးသည်များအနက် ခရီးသည် ငါးဦးမှ မျက်နှာဖုံးစွပ် သေနတ်ကိုင် ဓားပြတိုက်ခဲ့သည့်အပြင် ၎င်းယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို့အား သေနတ်ဖြင့် ပစ်သတ်ခဲ့ကြောင်း သိရသည်။
ကျူးလွန်ရာတွင် ပါဝင်သည့် ၀င်းဗိုလ်အား ဇူလိုင် ၈ ရက်တွင် ၀ိုင်းဝန်းဖမ်းဆီး နိုင်ခဲ့ကြောင်း ၀င်းဗိုလ်အား စစ်ဆေးရာတွင် ၎င်းကိုယ်တိုင် ဓါးပြတိုက်မှု ဖြစ်စဉ်တွင် ခေါင်းဆောင်ခဲ့ကြောင်း ထွက်ဆိုခဲ့သည်ဟု မွန်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
ယင်းနောက် ဆက်စပ်ပါဝင်သူ ဇော်ဂိတ်၊ အောင်ထူး၊ မောင်ငယ်တို့အား ဇူလိုင် ၁၃ ရက်တွင် ထပ်မံဖမ်းဆီး နိုင်ခဲ့ကြောင်း ၀င်းဗိုလ်နှင့် အပေါင်းအပါများအား သထုံမြို့မ ရဲစခန်းမှ အမှုဖွင့်ထားကြောင်း သိရသည်။

Eleven

Leave a Reply

Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here