Friday, July 5, 2013

ဂျက်လေယာဉ်ပိုင်ရှင် ထိုင်းရဟန်းတော် ငွေကြေးခ၀ါချမှုနဲ့ သံသယဖြစ်ခံရ

0 comments

  ဇူလိုင်လ ၅ ရက်

ထိုင်းနိုင်ငံ အင်တာနက်အွန်လိုင်းမှာ ဒီကာလအတွင်း လူအများ စိတ်ဝင်စားစရာ ဖြစ်လာတဲ့ သတင်းတခု ကတော့ အငြင်းပွား ဖွယ်ရာ ထိုင်းရဟန်းတော်တပါးရဲ့ အဖြစ်ပါ။ 



အဆိုပါ ထိုင်းရဟန်းတော်ဟာကိုယ်ပိုင် ဂျက်လေယာဉ်ကို ၀ယ်စီးခဲ့သူလည်းဖြစ်သလို ငွေကြေးအများ အပြား ပိုင်ဆိုင်ပြီး သူ့မှာ ဘဏ်အကောင့် ၁၀ ခု ထက်မနည်း ရှိတယ်လို့ သိရပါတယ်။ 

အဆိုပါရဟန်းတော်ဟာ ဘတ်ငွေ သန်း ၂၀၀ အထက် ပိုင် ဆိုင်ပြီး ငွေကြေးအများစု ဟာ တရား မ၀င် ငွေ
ကြေးခ၀ါချမှုဆိုင်ရာ ပတ်သက်နိုင်တယ်လို့ ထိုင်းနိုင်ငံ ငွေကြေး ခ၀ါချမှု တိုက်ဖျက်ရေးရုံး (Amlo) ရဲ့ အင်္ဂါနေ့ က ပြောဆိုမှုကို ဘန်ကောက်ပို့စ် သတင်းတခုက ဖော်ပြပါတယ်။ 

ငွေကြေး ခ၀ါချမှု ဆိုင်ရာ ငြိစွန်းမှု ရှိ၊ မရှိ သံသယတွေ ကင်းသွားချိန်ထိ အဆိုပါ ရဟန်းတော်ရဲ့ မည်သည့် ပိုင်ဆိုင်မှု ငွေကြေးကို မဆို တခြား တစုံတယောက်ဆီကို လွှဲပြောင်းလို့ မရအောင် Amlo က ပိတ်ပင်တား
မြစ် လိုက်တယ်လို့ ဆို ပါတယ်။ 

အသက် ၃၄ နှစ်ရှိ နာမည်ကြီး ထိုင်းရဟန်းတော် Luang Pu Nen Kham Chattiko လို့ လူသိများတဲ့ Phra Warapol Sukphoi ရဲ့ ဘဏ် ၁၆ ခုရဲ့ စာရင်းတွေကို စုံစမ်းစစ်ဆေးမှု လုပ်နေတယ်လို့လည်း ငွေကြေး ခ၀ါချမှု တိုက်ဖျက်ရေး ရုံး က ဆိုပါတယ်။ 

အဆိုပါ ထိုင်းရဟန်းတော်ဟာ တချို့ ထိုင်းမီဒီယာတွေ ရေးသားပြောဆိုနေကြတဲ့ တရားမ၀င် မူးရစ်ဆေးဝါး လုပ်ငန်းတွေနဲ့ ပတ်သက်မှု ရှိနိုင်တယ်ဆိုတဲ့ ပြောဆိုမှုတွေကိုတော့ အဆိုပါ ငွေကြေးခ၀ါချမှု တိုက်ဖျက်ရေး ရုံးက အတည်မပြုပါဘူး တဲ့။ 

အခုဆိုရင် အဆိုပါ ထိုင်းရဟန်းတော်ဟာ ဥရောပမှာ ရှိနေပြီး ပြန်လာဖို့ကိုလည်း ရွှေ့ဆိုင်းထားတယ်လို့ ဘန်ကောက် ပို့စ်က ဆိုပါတယ်။ 

သိပ်မကြာသေးခင်တုန်းက ထိုင်း အင်တာနက် လောကမှာ လူအများ စိတ်ဝင်စားမှု အရှိဆုံးနဲ့ ဝေဖန်မှု အများဆုံး ဖြစ်ခဲ့တဲ့ ဗီဒီယို တခုကို မှတ်မိကြမယ်ထင်ပါတယ်။ 

ထိုင်းရဟန်းတော်တချို့ဟာ အကောင်းစား နေကာမျက်မှန်တွေနဲ့ ကိုယ် ပိုင် ဂျက်လေယာဉ်နဲ့ မှတ်တမ်း ရိုက်ထားတာကိုတော့ လူတွေ အတော်သိသွားခဲ့တာဖြစ်ပါတယ်။ အဲဒီ ဂျက်လေယာဉ်ပျံ ဟာ အဆိုပါ ထိုင်းရဟန်းတော် Luang Pu ပိုင်ဆိုင်တာလို့လည်း သိရပါတယ်။
ဧရာဝတီ Blog

 

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here