Friday, July 26, 2013

အင်းလေးကန် ထိန်းသိမ်းရေး လုပ်ငန်းများ လုပ်ကိုင်ရန် UNDP က အမေရိကန်ဒေါ်လာ သုံးသိန်းခွဲပေးအပ်

0 comments

ဇူလိုင်လ ၂၆ ရက်
 

ကုလသမဂ္ဂ ဖွံ့ဖြိုးရေး အစီအစဉ် UNDP က ၂၀၁၃ ခုနှစ် ဇူလိုင်မှစ၍ အင်းလေးကန် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ထိန်းသိမ်းရေး လုပ်ငန်းများ လုပ်ကိုင်နိုင်ရန် လူထုအခြေပြု တိုင်းရင်းသား အဖွဲ့နှင့် အစိုးရ မဟုတ်သော ဒေသခံ အဖွဲ့အစည်း ရှစ်ဖွဲ့ကို ရန်ပုံငွေ အမေရိကန်ဒေါ်လာ သုံးသိန်းခွဲ ပေးအပ်ခဲ့သည်ဟု UNDP Project Manager ဦးထွန်းပေါ်ဦး၏ ပြောကြားချက်အရ သိရသည်။

UNDP မှ ပေးအပ်သည့် ရန်ပုံငွေမှာ အင်းလေးကန်၏ ရေဝေရေလဲ ဒေသဖြစ်သည့် ကလောချောင်းကို ထိန်းသိမ်းရန်နှင့် ပြန်လည်ပျိုးထောင်ရန် အတွက် အသုံးချရန် ဖြစ်သည်ဟု သိရသည်။

ရန်ပုံငွေရရှိသည့် အသင်းများမှာ ဓနုစာပေ၊ ယဉ်ကျေးမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးအသင်း၊ အင်းလေးဒေသ ၂၄ နာရီ လျှပ်စစ် ထောက်ပံ့ရေးကော်မတီ အပါအ၀င် အခြားအဖွဲ့ ရှစ်ဖွဲ့ဖြစ်သည်။

အဆိုပါ အဖွဲ့အစည်းများ အနေနှင့် သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေ ရှိသော အသက်မွေးမှုများ ဖန်တီးပေးခြင်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး တွဲဖက်လုပ်ကိုင်ခြင်း၊ သစ်တောများ ပျိုးထောင်ခြင်း၊ လူထုအခြေပြု သစ်တောများ ထူထောင်ခြင်း၊ လူထုအတွင်း ပတ်ဝန်းကျင် ထိန်းသိမ်းလိုခြင်း အသိတရား မြင့်တက်လာစေရန် လှုပ်ရှားမှုများ ပြုလုပ်ခြင်း၊ ကျောင်းသားများ၊ အိမ်ထောင်စုများနှင့် လူမှုအဖွဲ့အစည်းများအကြား စွမ်းရည်မြှင့်တင်မှုဆိုင်ရာ လေ့ကျင့်သင်ကြားမှုများ ပြုလုပ်ပေးခြင်း၊ သန့်ရှင်းသောရေ အထောက်အပံ့စနစ် ထူထောင်ခြင်း၊ ကျေးလက်မီးပေးခြင်း စသည့်လုပ်ငန်းများကို လုပ်ဆောင်ရမည် ဖြစ်ကြောင်းလည်း သိရသည်။

Eleven Media Group

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here