Friday, August 16, 2013

အိုးစည်ထွင်းဆရာ ပအိုဝ်းရိုးရာအိုးစည် ၂ လုံးလှူဒါန်း

0 comments
သြဂုတ်လ(၁၆)

Photo: အိုးစည်ထွင်းဆရာ ပအိုဝ်းရိုးရာအိုးစည် ၂ လုံးလှူဒါန်း

15.8.2013

ပအိုဝ်းရိုးရာအိုးစည်ထွင်းဆရာဖြားခွန်ထွန်းတင်နှင့် နန်းသန်းကြည်တို့အပါအ၀င် ဟဲကယ်ကျေးရွာမှ ရွာသူ ရွာသားများက ကာလတန်ဖိုး(၇) သိန်းရှိ ပအိုဝ်းရိုးရာအိုးစည်များဖြစ်သည့် ဗုံတို (ထုံထွိုင်)နှင့် အောင်ပွဲဆင်အိုးစည် (ထုံပတ်) ကို ပိဋကတ်ပအိုဝ်းဘာသာပြန်သံဃာတော်များအဖွဲ့သို့ယနေ့လာရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။ 

အသက်(၆၃) နှစ်ရှိ ပအိုဝ်းရိုးရာအိုးစည်ထွင်းဆရာ ဖြားခွန်ထွန်းတင်သည် ကျောက်တစ်လုံးကြီးမြို့နယ်ခွဲ၊လွယ်စန်းဇာတိသားဖြစ်ပြီး ယခုလက်ရှိ တောင်ကြီးမြို့နယ်၊ အိမ်အမှတ် (၆) အောင်မာရ်ရပ်ကွက်၊ဟဲကယ်ကျေးရွာတွင် တိုင်းရင်းသားရိုးရာအိုးစည်ဗုံမောင်းအမျိုးမျိုး ပြုပြင်ရောင်းဝယ်ရေးဋ္ဌာနဖွင့်လှစ်ထားကြောင်း သိရသည်။ 

လွန်ခဲ့သည့်၁၉၇၀ ခုနှစ်က၊ ပင်လောင်းမြို့နယ်၊ မြစိမ်းတောင်ကျောင်း ဆရာတော်ဦးဝိစာရထံမှ ပအိုဝ်းရိုးရာအိုးစည်ထွင်းပညာကိုလေ့လာဆည်းပူး၍ ယနေ့တိုင် အိုးစည်ထွင်းပညာဖြင့် အသက်မွေးဝမ်းကြောင်း ပြုလာသည်မှာ နှစ်ပေါင်း၄၁ နှစ်ရှိပြီးဖြစ်ကြောင်း သိရသည်။ 

ဗုံတို(ထုံထွိုင်) ကို (၁၀) ရက်၊ အောင်ပွဲဆင်အိုးစည် (ထုံပတ်) ကိုမူ (၇) ရက် အချိန်ယူ၍ ထွင်းရကြောင်း၊ယခင်က စောက်၊ ဓါးမများနှင့် ခက်ခက်ခဲခဲထွင်းခဲ့ရပြီး၊ ယခုအခါ စက်ဖြင့် အကြမ်းထွင်းပြီးနောက်လက်ဖြင့် အချောထွင်းရကြောင်း ပအိုဝ်းရိုးရာအိုးစည်ထွင်းဆရာ ဖြားခွန်ထွန်းတင်မှ ပြောသည်။ 

ယခုလက်ရှိတောင်ကြီးမြို့၏တောင်ဖက် ချောင်းငုံးကျေးရွာတွင် လက်ဆင့်သင်ထားပေးသည့် တပည့်တစ်ဦးရှိကြောင်း၊ပအိုဝ်းရိုးရာအိုးစည်ထွင်းဆရာ ဖြားခွန်ထွန်းတင်သည် အိမ်တွင်းရှိ သားသမီးများကိုလည်းအိုးစည်ထွင်းသည့်ပညာကို လက်ဆင့်ကမ်း ပို့ချ၍ အိုးစည်ပြုပြင်ရောင်းဝယ်သည့် စီးပွားရေးလုပ်ငန်းတွင် မိမိတို့ပအိုဝ်းအမျိုးသား၏ ရိုးရာအမွေအနှစ်များ မပျောက်ပျက်အောင် ထိန်းသိမ်း၍ ကူညီလုပ်ဆောင်နေကြောင်းသိရသည်။

ပအိုဝ်းရိုးရာအိုးစည်များကိုဒေသခံပအိုဝ်းတိုင်းရင်းသားများအပါအ၀င် ကျိုင်းတုံ၊ တာချီလိတ်စသည့် အနယ်နယ်အရပ်ရပ်မှအင်းသား၊ ရှမ်းစသည့် တိုင်းရင်းသားများမှ လာရောက်ဝယ်ယူ အားပေးကြကြောင်း ပအိုဝ်းရိုးရာအိုးစည်ထွင်းဆရာဖြားခွန်ထွန်းတင်မှ ပြောပါသည်။

တောင်ကြီးတိုင်းမ်

ပအိုဝ်းရိုးရာအိုးစည်ထွင်းဆရာဖြားခွန်ထွန်းတင်နှင့် နန်းသန်းကြည်တို့အပါအ၀င် ဟဲကယ်ကျေးရွာမှ ရွာသူ ရွာသားများက ကာလတန်ဖိုး(၇) သိန်းရှိ ပအိုဝ်းရိုးရာအိုးစည်များဖြစ်သည့် ဗုံတို (ထုံထွိုင်)နှင့် အောင်ပွဲဆင်အိုးစည်(ထုံပတ်)ကိုပိဋကတ်ပအိုဝ်းဘာသာပြန်သံဃာတော်များအဖွဲ့သို့ယနေ့လာရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။

အသက်(၆၃) နှစ်ရှိပအိုဝ်းရိုးရာအိုးစည်ထွင်းဆရာ ဖြားခွန်ထွန်းတင်သည် ကျောက်တစ်လုံးကြီးမြို့နယ်ခွဲ၊လွယ်စန်း
ဇာတိသားဖြစ်ပြီး ယခုလက်ရှိ တောင်ကြီးမြို့နယ်၊ အိမ်အမှတ် (၆) အောင်မာရ်ရပ်ကွက်၊ဟဲကယ်ကျေးရွာတွင် တိုင်းရင်းသားရိုးရာအိုးစည်ဗုံမောင်းအမျိုးမျိုး ပြုပြင်ရောင်းဝယ်ရေးဋ္ဌာနဖွင့်လှစ်ထားကြောင်း သိရသည်။

လွန်ခဲ့သည့်၁၉၇၀ ခုနှစ်က၊ ပင်လောင်းမြို့နယ်၊ မြစိမ်းတောင်ကျောင်း ဆရာတော်ဦးဝိစာရထံမှ ပအိုဝ်းရိုးရာအိုးစည်ထွင်းပညာကိုလေ့လာဆည်းပူး၍ ယနေ့တိုင် အိုးစည်ထွင်းပညာဖြင့် အသက်မွေးဝမ်းကြောင်း ပြုလာသည်မှာ နှစ်ပေါင်း၄၁ နှစ်ရှိပြီးဖြစ်ကြောင်း သိရသည်။

ဗုံတို(ထုံထွိုင်) ကို (၁၀) ရက်၊ အောင်ပွဲဆင်အိုးစည် (ထုံပတ်) ကိုမူ (၇) ရက် အချိန်ယူ၍ ထွင်းရကြောင်း၊ယခင်က စောက်၊ ဓါးမများနှင့် ခက်ခက်ခဲခဲထွင်းခဲ့ရပြီး၊ ယခုအခါ စက်ဖြင့် အကြမ်းထွင်းပြီးနောက်လက်ဖြင့် အချောထွင်းရကြောင်း ပအိုဝ်းရိုးရာအိုးစည်ထွင်းဆရာ ဖြားခွန်ထွန်းတင်မှ ပြောသည်။

ယခုလက်ရှိတောင်ကြီးမြို့၏တောင်ဖက် ချောင်းငုံးကျေးရွာတွင်လက်ဆင့်သင်ထားပေးသည့်တပည့်တစ်ဦးရှိကြောင်း
၊ပအိုဝ်းရိုးရာအိုးစည်ထွင်းဆရာ ဖြားခွန်ထွန်းတင်သည် အိမ်တွင်းရှိ သားသမီးများကိုလည်းအိုးစည်ထွင်းသည့်ပညာကို လက်ဆင့်ကမ်း ပို့ချ၍ အိုးစည်ပြုပြင်ရောင်းဝယ်သည့် စီးပွားရေးလုပ်ငန်းတွင် မိမိတို့ပအိုဝ်းအမျိုးသား၏ ရိုးရာအမွေအနှစ်များ မပျောက်ပျက်အောင် ထိန်းသိမ်း၍ ကူညီလုပ်ဆောင်နေကြောင်းသိရသည်။

ပအိုဝ်းရိုးရာအိုးစည်များကိုဒေသခံပအိုဝ်းတိုင်းရင်းသားများအပါအ၀င် ကျိုင်းတုံ၊ တာချီလိတ်စသည့် အနယ်နယ်အရပ်ရပ်မှအင်းသား၊ ရှမ်းစသည့် တိုင်းရင်းသားများမှ လာရောက်ဝယ်ယူ အားပေးကြကြောင်း ပအိုဝ်းရိုးရာအိုးစည်ထွင်းဆရာဖြားခွန်ထွန်းတင်မှ ပြောပါသည်။

တောင်ကြီးတိုင်းမ်

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here