Wednesday, October 31, 2012

နန့်မှော်တွင် တိုက်ပွဲဖြစ် KIA ၏ ပစ်ခတ်မှုကြောင့် အရပ်သားများ သေကြေဒဏ်ရာရ

0 comments
အောက်တိုဘာ(၃၁)


အောက်တိုဘာလ (၃၀) ရက်နေ့တွင် KIA တပ်များနှင့် အစိုးရတပ်တို့ ဖားကန့်မြို့နယ် နန့်မော်ရွာ အထွက်တွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး တိုက်ပွဲတွင် KIA ၏ ပစ်ခတ်မှုကြောင့် ခရီးသွားအရပ်သား (၂)ဦးသေဆုံးပြီး (၃) ဦးဒဏ်ရာရ ခဲ့ကြောင်း သိရပါတယ်။


အောက်တိုဘာလ (၃၀) ရက် နေ့လည် (၁) နာရီခန့်တွင် KIA တပ်မဟာ (၂) တပ်ရင်း (၆) မှ အင်အား (၄၀) ခန့်သည် အစိုးရတပ်အား တိုက်ခိုက်ရန် နန့်မှော်ရွာ ကုန်းဆင်းတွင် စောင့်ဆိုင်းနေခဲ့ပြီး အစိုးရတပ်များ နမ့်မှော်ရွာတွင်းမှ ထွက်လာစဉ်တွင် စတင်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး အစိုးရတပ်မှလည်း လက်နက်ကြီး လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း သိရပါတယ်။


နှစ်ဘက်ပစ်ခတ်မှုများမှာ တစ်နာရီးခွဲခန့် ကြာပြီးနောက် KIA တပ်များမှ ပြန်လည်ဆုတ်ခွာသွားခဲ့ပြီး  အဆိုပါတိုက်ပွဲတွင် KIA ဘက်မှ (၁) ယောက်ကျဆုံးခဲ့ကာ (၄) ယောက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံများက ဆိုပါတယ်။
“ KIA ကကြိုစောင့်နေတာ စစ်တပ်ရွာကထွက်လာတာနဲ့ စပစ်တော့တာပဲ ရွာထဲကိုလည်း လက်နက်ကြီး တွေကျတယ်၊ ရွာသားတွေတော့ မထိပါဘူး။ ဒါပေမယ့် ဖားကန့်ကနေလာတဲ့ ကားကိုတော့ ထိသွားတယ်။ ကားက တိုက်ပွဲစဖြစ်ချိန်မှာ စစ်တပ်နားမှာရောက်နေတော့ KIA ပစ်တာတွေ မှန်သွားတာ။ ကားပေါ်မှာ လူ (၅) ယောက်ပါတယ်။ နှစ်ယောက်ကတော့ ပွဲချင်းပြီးသေသွားတယ် ၊ (၃) ယောက်ကတော့ ဒဏ်ရာရသွားတယ်  ” ဟု နမ့်မှော်ဒေသခံ တစ်ဦးက ဆိုပါတယ်။

အဆိုပါတိုက်ပွဲတွင် သေဆုံးဒဏ်ရာရသွားသူ ခရီးသည် အရပ်သားများအား စစ်တပ်နှင့် ဒေသခံများမှ ဖားကန့် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်းသိရပါတယ်။ အဆိုပါ တိုက်ပွဲတွင် သေဆုံး/ဒဏ်ရာရ သွားခဲ့သူ အရပ်သား ခရီးသွားများအနက်မှ မှ စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နေသူ မဆွေဆွေအောင် (၂၅) နှစ်နှင့် စစ်ကိုင်းတိုင်း ကလေးမြို့ နေသူ မောင်ကျော်ကျော်တို့ (၂) ဦးမှာ နေရာတွင်ပင် သေဆုံးခဲ့ပြီး မောင်စိုင်းစိုင်းအောင် ၊  မောင်ထွန်းမင်း အောင်နှင့် မမြင့်မြင့်ခိုင်တို့ သုံးဦးမှာ ဒဏ်ရာရရှိခဲ့ပြီး ဖားကန့်ဆေးရုံတွင် ဆေးကုသမှုခံယူလျက်ရှိကြောင်း ဖားကန့်ဆေးရုံမှ ဆရာဝန်တစ်ဦးက အတည်ပြုပြောကြားပါတယ် သိရပါတယ်။

ထိုသို့ တိုက်ပွဲဖြစ်ပွားနေချိန်တွင် မြန်မာအစိုးရငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မတီနှင့် KIO ငြိမ်းချမ်းရေး ကိုယ်စားလှယ်တို့သည် တရုတ်နိုင်ငံ ရွှေလီမြို့တွင် ငြိမ်းချမ်းရေး ဆွေးနွေးမှုများ ပြုလုပ်နေပြီး ၎င်းဆွေးနွေး ပွဲတွင် KIA ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော် မတက်ရောက်သဖြင့် စစ်ရေးဆိုင်ရာများ ဆွေးနွေးနိုင်ခြင်းမရှိခဲ့ ကြောင်း သိရပါတယ်။

KDN

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here