Wednesday, August 14, 2013

ပုဗ္ဗသီရိ မြို့နယ်၌ ယာဉ်တိမ်းမှောက်မှု ဖြစ်ပွား

0 comments


သြဂုတ်လ(၁၄)ရက်
နေပြည်တော် ကောင်စီနယ်မြေ ပုဗ္ဗသီရိမြို့နယ် ကျည်တောင်ကန် ရပ်ကွက် ရှေ့၌ ယမန်နေ့ နံနက် ၁၁ နာရီက ယာဉ်တစ်စီး အရှိန်လွန်ကာ လမ်းဘေးသို့ ထိုးကျ တိမ်းမှောက်ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ယာဉ်မောင်း ဦးမျိုးမင်း ၃၅ နှစ် မောင်းနှင်လာသော ယာဉ်အမှတ် ၉ဌ/----ဖော(အပြာရောင်)သည် တောင်မှမြောက်သို့ မောင်းနှင်လာရာ လမ်းပေါ်ရှိ ဆိုင်ကယ်ကို ရှောင်တိမ်းစဉ် အရှိန်လွန်ကာ လမ်းဘေးသို့ တိမ်းမှောက် ခဲ့ကြောင်း၊ ယာဉ်ပေါ်တွင် လိုက်ပါလာသော လူလေးဦးနှင့် ယာဉ်မောင်း မျိုးမင်းတို့မှာ ထိခိုက်ဒဏ်ရာ ရရှိမှု မရှိကြောင်း သတင်း ရရှိသည်။
MWD
 

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here