Tuesday, September 10, 2013

ဆီးရီးယားအရေးရုရှားတို့၏အစီအမံသည် အခက်အခဲကို ထိုးဖောက်နိုင်ဖွယ်ရှိဟု အိုဘားမားပြောကြား

0 comments


သမ္မတအိုဘားမားက ၎င်းတို့တိုက်ခိုက်ရန်စီစဉ်နေသည်ကို တားဆီးရန် ဆီးရီးယားအစိုးရ၏ ဓာတုလက်နက်များကို ဖျက်ဆီးမည်ဖြစ်ကြောင်း သဘောတူညီမှုတစ်ခုပြုလုပ်သော ရုရှား၏ အစီအစဉ်သည် သိသာသော ထိုးဖောက်အောင်နိုင်မှု ရရှိဖွယ်ရှိကြောင်း ပြောကြားသည်။ တနင်္လာနေ့က ပြောကြားရာတွင် အိုဘားမားက ၎င်းသည် စစ်ဆင်ရေးအစီအစဉ်ကို ပယ်ဖျယ်ခြင်း မရှိသေးကြောင်း သို့သော်လည်း ရုရှားတို့၏ ပဏာမခြေလှမ်းကို စဉ်းစားရန် သဘောတူညီကြောင်း ၎င်းသည် စစ်ဆင်ရေး ပြုလုပ်မည့် အချိန်ကို သိသာစွာ နောက်ရွှေ့မည်ဖြစ်ကြောင်း ပြောကြားသည်။အမေရိကန် ခေါင်းဆောင်သည် အမေရိကန်ပြည်သူများ၊ လွှတ်တော်အမတ်များနှင့် အာဆတ်အစိုးရအား စစ်ဆင်ရေးပြုလုပ်မည့် ၎င်း၏အစီအစဉ်အတွက် စည်းရုံးရန် ရည်ရွယ်ခဲ့သော်လည်း ရုရှားတို့က
 အာဆတ်အစိုးရ၏ ဓာတုလက်နက်များကို နိုင်ငံတကာ ထိန်းချုပ်မှုအောက်တွင် ထားရှိမည်ဖြစ်ကြောင်း အံ့သြဖွယ်က မ်းလှမ်းလာသည့် သံတမန်ရေးရာ ပဏာမခြေလှမ်းကို တုံ့ပြန်ခဲ့သည်။
အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူကလည်း ရုရှား၏ အစီအမံကို ကြိုဆိုခဲ့ပြီး တီဟီရန်တွင် ကျင်းပသည့် မီဒီယာများနှင့် တွေ့ဆုံပွဲတစ်ခုတွင် ၎င်းအဆိုပြုချက်တွင် အာဆတ်အစိုးရကို ဖြုတ်ချရန် တိုက်ခိုက် နေကြသည့် သူပုန်များ လက်ထဲတွင်ရှိသည့် ဓာတုလက်နက်များကိုလည်း ထည့်သွင်းသင့်ကြောင်း ပြောကြားသည်။“စစ်ရေးဆောင်ရွက်မှုတွေ အားလုံးကို ရပ်တန့်ရေး ရည်ရွယ်တဲ့ ရုရှားရဲ့ပဏာမ ခြေလှမ်းကို အီရန်က ထောက်ခံကြိုဆိုပါတယ် ဟု ပြောကြားသည်။
ကန့်သတ်ဆောင်ရွက်မှုမည့် စစ်ဆင်ရေးအတွက် လွှတ်တော်၏ အတည်ပြုချက်ရရှိရန် ခက်ခဲနေသော အမေရိကန် သမ္မတသည်လည်း အမေရိကန် လွှတ်တော်အမတ်များသည် ဤအရေးနှင့် ပတ်သက်၍ မဲပေးမည့် အချိန်သို့ မနီးစပ်သေးကြောင်းဝန်ခံပြောကြားသည်။“မဲပေးမှုတစ်ခုကို ဒီတစ်ပတ်အတွင်း ဒါမှမဟုတ် မကြာသော ကာလအတွင်း ဘယ်အချိန်မှာမဆို တွေ့ရမယ်လို့ ကျွန်တော် မမျှော်လင့်ပါဘူး”ဟု အေဘီစီသတင်းဌာနကို ပြောကြားသည်။ဆက်လက်၍ ဆိုခဲ့ပြီးသော အဆိုပြုချက်သည် အာဆတ်အစိုးရနှင့် ၎င်းတို့၏မဟာမိတ် ရုရှားတို့သည် အမေရိကန်တို့ အမှန်တကယ် အားသုံးမည်ဖြစ်ကြောင်း မြင်သောကြောင့် ထွက်ပေါ်လာရခြင်းဖြစ်ကြောင်း ပြောကြားသည်။
“အမေရိကန် နိုင်ငံဆီက ထိရောက်တဲ့ခြိမ်းခြောက်မှု ပေးနိုင်တဲ့ စစ်ဆင်ရေး တစ်ခုရှိနေတယ်။ ကမ္ဘာတစ်ဝှမ်း အခြားနိုင်ငံအများ အပြားကလည်း အားပေးကြတယ်ဆိုတာ ကျွန်တော်တို့ မြင်နေကြတယ်လို့ ထင်တယ်။ သူတို့ကို ခဏရပ်ခွင့် ပေးလိုက်တာပါ။
သူတို့တွေ ဒီအရွှေ့ကိုကို လုပ်မလုပ် ဆုံးဖြတ်ခိုင်းလိုက်တာပါ”ဟု ၎င်းက ဆက်လက် ပြောကြားသည်။
အမေရိကန်၏ ဥရောပမဟာမိတ်များသည်လည်း သတိကြီးစွာထားပြီး တူညီစွာကြိုဆိုခဲ့ကြကာ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူး ဘန်ကီမွန်းက လက်နက်များကို သေချာရှင်းထုတ်ရန် သီးခြား တောင်းဆိုမှု ပြုလုပ်ခဲ့သည်။ရုရှားနိုင်ငံခြားရေး ဝန်ကြီးဆီးရီးယားနိုင်ငံခြားရေး ဝန်ကြီးနှင့် တွေ့ဆုံပွဲတွင် “ဒမတ်စကတ်အနေနှင့် ဓာတုလက်နက်များကို နိုင်ငံတကာ ထိန်းချုပ်မှုအောက်တွင် ထားရှိရန်နှင့် နောက်ပိုင်းတွင် ဖျက်စီးပစ်ရန်”တိုက်တွန်းပြောဆိုခဲ့ခြင်းဖြစ်ပြီး ဆီးရီးယားနိုင်ငံခြားရေးဝန်ကြီး လက်ခံခဲ့သော်လည်း အာဆတ်အစိုးရ လက်ခံ/မခံမှာ ရှင်းလင်းမှု မရှိသေးပေ။ အာဆတ်ကို တိုက်ခိုက်နေသည့် သူပုန်အဖွဲ့ကမူ ပူတင်အစိုးရက အာဆတ်အစိုးရကို ကာကွယ်ရန် လုပ်ဆောင်သည့် စိတ်ကူးကို စွပ်စွဲရှုတ်ချကြသည်။

TMA

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here