Friday, September 13, 2013

မအီချောင်း စက်တော်ရာ ဘုရားဖူးများ စိတ်ဝင်စား

0 comments
င်္From : the myawady daily

ရခိုင်ပြည်နယ် ၊ မအီမြို့ ၊ အရာတော် ဒေသရှိ နှစ်ပေါင်းများစွာ တိမ်မြုပ် ပျောက်ကွယ် နေသော မအီချောင်း စက်တော်ရာ (၂)ဆူသို့ ခရီးလမ်း ချောမွေ့စွာ သွားရောက် ဖူးမျှော် နိုင်ပြီ ဖြစ်ကြောင်း သိရသည်။

ဘီစီ (၆)ရာစုတွင် ဘုရားရှင် ကိုယ်တိုင် ကြွရောက်၍ ချထားပေး ခဲ့သော(ပါဒ) စက်တော်ရာ များဖြစ်ကာ တတိယ ဓညဝတီခေတ် နှင့် ဝေသာလီ ခေတ်တို့တွင် များစွာ စည်ကား၍ လူအများ ဖူးမျှော် နိုင်ခဲ့ကြပြီး ပျောက်ကွယ် ခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီးမှ ယခုမှပင် လမ်းခရီး ပေါက်၍ ဖူးမျှော်ခွင့် ကြုံကြိုက်ရခြင်း ဖြစ်သည်။


ထူးခြားချက် တစ်ရပ် အနေဖြင့် ကမ္ဘာပေါ်ရှိ သမိုင်းဝင် (၁၂)ဆူသော စက်တော်ရာ များထဲတွင် တစ်ဆူထဲ သာရှိသော ဘုရားရှင်၏ လက်ျာ ခြေတော်ရာ ကိုပါ ဖူးတွေ့နိုင်သည့် အခွင့် အရေးပင် ဖြစ်သည်။ အမ်းမြို့မှ စနဲကျေးရွာ ၊ စနဲကျေးရွာ မှ စက်တော်ရာ သို့ (၄၅)မိုင် (၄)ဖာလုံ ခရီးရှိပြီး ဤစက်တော်ရာ တွင် အိမ်ခြေ (၁ဝ)ကျော် နှင့် ဘုန်းကြီး (၁)ပါးသာ သီးတင်းသုံး နေထိုင်လျက် ရှိသောကြောင့် ထူးမြတ်လှသော သာသနာ့ နယ်မြေသို့ သာသနာ့ အကျိုး သယ်ပိုး လိုသူများ ၊ ကုသိုလ်ယူ ဖူးမျှော် လိုသူများ အနေဖြင့် ပွင့်လင်းရာသီ ကာလများတွင် ဘုရားဖူး သွားရန် စိတ်ပါ ဝင်စားလျက် ရှိကြောင်း သိရှိရသည်။




Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here