Saturday, September 21, 2013

မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မြန်မာနိုင်ငံတစ်ဝန်းရှိ အိမ်ခြေ ၇,၀၀၀ နီးပါးရွှေ့ပြောင်းရပြီး လူဦးရေသုံးသောင်းကျော် ကယ်ဆယ်ရေး စခန်းများတွင် နေထိုင်နေရ

0 comments
 
21.9.2013
မိုးအဆက်မပြတ်ရွာသွန်းမူကြောင့် မြန်မာနိုင်ငံတစ်ဝန်းရှိ အိမ်ခြေ ၇,၀၀၀ နီး ပါးရွှေ့ပြောင်းရပြီး လူဦးရေ ၃၀,၀၀၀ ကျော် ကယ်ဆယ်ရေးစခန်းများတွင် နေထိုင်နေရကြောင်း လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာနမှ တာ ၀န်ရှိသူက ပြောကြားသည်။
 
စက်တင်ဘာလဆန်းမှစတင်ပြီး မိုးအ ဆက်မပြတ်ရွာသွန်းမှုကြောင့် ဧရာဝတီမြစ် ရေနှင့်ဒုဋ္ဌ၀တီမြစ်ရေတို့မှာ စိုးရိမ်ရေမှတ်ထက် မြင့်တက်လာပြီး ရေဘေးဒုက္ဓကို မန္တလေး၊ မကွေး၊ စစ်ကိုင်းနှင့် ပဲခူးတိုင်း ဒေသကြီးတို့ တွင် အဓိကခံစားနေရပြီး ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်၊ ကချင်ပြည်နယ်နှင့် ဧရာ ၀တီ တိုင်းဒေသကြီးများတွင် ဆက်စပ်ခံစား နေရကြောင်း သိရသည်။
 
မန္တလေးတိုင်းဒေသကြီးမှာ ရေကြီးမှု ဒဏ်ကို အဆိုးရွားဆုံးခံစားနေရပြီး ကျေးရွာ များရှိ အိမ်ထောင်စုပေါင်း ၃,၀၀၀ ခန့်မှာ ရေနစ်မြုပ်မှုတွင်ပါဝင်ခဲ့သည့်အတွက် လူဦး ရေ ၁၀,၀၀၀ ကျော်မှာ ကယ်ဆယ်ရေးစခန်း များ သို့ ရောက်ရှိနေသည်။
 
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာ လည်း ရေကြီးမှုဒဏ်ကို နှစ်ကြိမ်ဆက်ခံစားခဲ့ ရပြီး လူဦးရေ ၅၆၁၃ဦးရှိသော အိမ်ထောင်စု ၁၃၅၇ ခုမှာ ရွှေ့ပြောင်းခဲ့ရကြောင်း သိရသည်။ယင်းနောက် ပဲခူးတိုင်း ဒေသတွင်လည်း အိမ်ထောင်စုပေါင်း ၃၅၀ မှာ ရေဘေးဒဏ် ကြောင့် ကယ်ဆယ်ရေးစခန်းများတွင် နေ ထိုင်နေရသူ ၁၅,၀၀၁ ဦးထိသို့ ရောက်ရှိနေ သည်။
 
လက်ရှိတွင် ရေနစ်မြုပ်မှုဒဏ်ခံစားနေ ရသော လူဦးရေ ၃၀၀၀၀ကျော်ကို သက်ဆိုင် ရာ ပြည်နယ် နှင့်တိုင်းများရှိ စာသင်ကျောင်း များ၊ ဘုန်ကြီးကျောင်းများ၌ ကယ်ဆယ်ရေး စခန်းများ ဖွင့်လှစ် ပေးထားကြောင်း လူမှုဝန် ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာနမှ သိရသည်။
သို့သော်သောက်သုံးရေ အခက်အခဲနှင့် ကူညီထောက်ပံ့မှုများ လိုအပ်နေဆဲဖြစ်ကြောင်း ရေကြီး ဒုက္ဓခံစားနေရသူများ၏ပြောကြား ချက်များအရ သိရသည်။
 
ယင်းကြောင့် ကယ်ဆယ်ရေးအဖွဲ့များ မှ စခန်းများတိုးချဲ့လုပ်ဆောင်ခြင်းများနှင့် အစားအသောက် လိုအပ်ချက်များအတွက် ဖြည့်ဆည်းရန် အမြန်ဆုံးလုပ်ဆောင်နေပြီ ဟု ကယ်ဆယ်ရေးဌာနမှ သိရသည်။
"အခုရေဘေးဒုက္ဓသည်တွေကို သက် ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေးအဖွဲ့တွေရယ် မြို့ နယ်အထောက် အကူပြုအဖွဲ့တွေရယ် မီး သတ်တပ်ဖွဲ့ဝင်တွေ ကြက်ခြေနီတွေက မြို့ လူထုတွေနဲ့ပူးပေါင်းပြီး ရေလွတ် ရာစာသင် ကျောင်းတွေ၊ ဘုန်းကြီးကျောင်းတွေကို ပြောင်း ရွေ့ပေးပြီး လိုအပ်တာတွေကို ဖြည့်ဆည်းဖို့ ဆောင်ရွက်နေပါတယ်"ဟု လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူက ဆိုသည်။

မြန်မာနိုင်ငံတစ်ဝန်း ရေကြီးမှုဒဏ်ကို ယခုနှစ်အတွင်း အများအပြားတွေ့ကြုံခံစား ခဲ့ရပြီး သြဂုတ်လ ဆန်းပိုင်းတွင် ဖြစ်ပွားခဲ့ သောရေကြီးမှုကြောင့် တစ်နိုင်ငံလုံးအတိုင်း အတာအရလူဦးရေ ၅၀,၀၀၀ ခန့်အတွက် ကယ်ဆယ်ရေးစခန်းများဖွင့်လှစ်ခဲ့ရကြောင်း သိရသည်။
 
Eleven Media Group

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here