Thursday, September 5, 2013

ဗမာအမျိုးသားခေါင်းဆောင် တစ်ဦးက သျှမ်းနီတွေကို ဒီလိုပြောခဲ့ဘူးသည်။

0 comments
5.9.2013

တိုင်းရင်းသားအရေးဆိုတော့ ဒီအကြောင်းတော့ ပြောလိုက်ဦးမယ် မသိတဲ့သေးတဲ့ လူငယ်တွေရှိနေသေးလို့ပါ .. ၁၉၄၇ ခုနှစ် ပင်လုံညီလာခံသို့ သက်ရောက်သော ကချင်တောင်တန်းဒေသ ကိုယ်စားလှယ် (၁၂) ဦးတို့သည်။ပင်လုံညီလာခံအစည်းအဝေးတွင် ဗန်မော်ခရိုင်နှင့် မြစ်ကြီးနားခရိုင် ပါဝင်သော ကချင်ပြည်နယ်ရရှိရေးကို တင်ပြခဲ့ပါသည်။ ၎င်း တင်ပြချက်ကို ထိုစဉ်ကာလတွင် တည်ဆဲ့ ဥပဒေဖြစ်သော ၁၉၃၅ ခုနှစ် မြန်မာနိုင်ငံ စီရင်အုပ်ချုပ်မှုဥပဒေက - ယင်းမြေပြန့်ဒေသကို ကချင်ပြည်နယ်တွင်းသို့ သွတ်သွင်းရန်တားမြစ်ခြင်းကြောင့် လည်းကောင်း၊ " ယင်းမြေပြန့် ဒေသသည် ကချင်လူမျိုးတို့၏ ဒေသမဟုတ်ခြင်းကြောင့် ဗိုလ်ချုပ် အောင်ဆန်းက လုံးဝသဘောမတူပါ "…

သျှမ်းအမျိုးသားများနှင့် မြန်မာများသား အများဆုံးနေထိုင်သည့် ဒေသဖြစ်သော ဗန်းမော်၊ မြစ်ကြီးနားခရိုင်မြေပြန့်ဒေသပါဝင်သော ကချင်ပြည်နယ်ရရှိရေးကို ဒူဝါဇော်လွမ်းက ဇွတ်အတင်းတောင်းဆို မှုကြောင့်လည်းကောင်း၊ တောင်တန်းသားများ စည်းလုံးညီညွတ်ရေးဦးစီးအဖွဲ့ ဥက္ကဌ ဖြစ်သူ ညောင်ရွှေစော်ဘွားကြီး စ၀်ရွှေသိုက်နှင့် သျှမ်းကိုယ်စားလှယ်အဖွဲ့ များက အပေးအယူဝင်ရောက် ထိန်းသိမ်းညှိနိုင်းပေးခဲ့ခြင်းမရှိခဲ့သည့်အတွက် ဆွေးနွေးပွဲပျက်ပြားလုနီးပါးဖြစ်၍ ဗိုလ်ချုပ်အောင်ဆန်း အထူးပင် စိတ်ပျက်ခဲ့ကြောင်း လေ့လာသိရှိရပါသည်။

***ပင်လုံညီလာခံတွင် ကချင်ပြည်နယ် မသတ်မှတ်ပေးခဲ့***

နောက်ဆုံး ပင်လုံညီလာခံ ဆွေးနွေးမှုသဘောတူစာချုပ်တွင် ကချင်လူမျိုးတို့အတွက် ဖွဲ့စည်းတည်ထောင်မည့် ကချင်ပြည်နယ်တွင် မည်သည့် ဒေသပါဝင်ရမည်ကို ဖော်ပြခြင်းမပြုဘဲ ကချင်ပြည်နယ် ထူထောင်ရေးကို မှုအားဖြင့် သဘောတူကြောင်း၊ ကချင်ပြည်နယ်တွင် ပါဝင်ရမည့် ဒေသများ သတ်မှတ်ရေးကို တိုင်းပြုပြည်ပြုလွှတ်တော်၌ စဉ်းစားရန်ဟုဖော်ပြခဲ့ပါသည်။

ပင်လုံမြို့တွင်ပြုလုပ်သော ပင်လုံညီလာခံတွင် အထက်မြန်မာနိုင်ငံရှိ သျှမ်းမျိုးနွယ်ဝင်များ၏ ကိုယ်စားလှယ်များ တက်ရောက်ခွင့်မရရှိခဲ့ကြဘဲ သျှမ်းတောင်တန်းဒေသမှ သျှမ်းစော်ဘွားနှင့် သျှမ်းလူထုကိုယ်စားလှများ၊ ကချင်၊ ချင်းတောင်တန်းမျ ကိုယ်စားလှယ်များ မြန်မာပြည်မမှ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော မြန်မာကိုယ်စားလှယ်များသာ တက်ရောက်ခဲ့ပါသည်။ ပင်လုံညီလာခံတွင် အထက်မြန်မာနိုင်ငံရှိ သျှမ်းမျိုးနွယ်ဝင် ကိုယ်စားလှယ်များမရှိသဖြင့် များစွာ နစ်နာမှုရှိခဲ့သည်မှာ ယနေ့တိုင်ထိပင်ဖြစ်နေပါသည်။

***သျှမ်းနယ်မြေအား ကချင်ပြည်နယ် သတ်မှတ်ရန် လုံးဝ သဘောမတူခြင်း**

၂၁. ၄. ၄၇ ရက်နေ့တွင် ဗန်းမော်ခရိုင် (ယုခု- ဗန်မော်၊ မိုးမောက်၊ မန်စီ၊ ရွှေကူ ) မြေပြန့်ဒေသမှ ရွေးချယ်စေလွှတ်လိုက်သော ဦးဘိုးတီ၊ ရှေ့နေဦးစောရီ၊ ဦးဘအောင်၊ ဦးဘဆင်တို့က တောင်တန်းဒေသ စုံစမ်းရေးအဖွဲ့ထံသို့ သွားရောက်၍ ၎င်းတို့၏ ဆန္ဒ သဘောထားကို ထွက်ဆိုခဲ့ကြသည်။

၎င်းတို့၏ ထွက်ဆိုချက်နှင့် စာတမ်းတွင် ဗန်းမော်မြို့ လူထုနှင့် ကျေးရွာပေါင်း (၂၂) ရွာပူးပေါင်း၍ အစည်းအဝေး တရပ်ပြုလုပ်ခဲ့ကြောင်း၊ အစည်းအဝေးတွင် ဖွဲ့စည်း တည်ထောင့်မည့် ကချင်ပြည်နယ်သစ်အတွင်း သို့ ဗန်းမော်၊ မြစ်ကြီးနားခရိုင် မြေပြန့်ဒေသ ထည့်သွင်းရန်အတွက် ဗြိတိသျှ အာဏာပိုင်တို့က လျှိုဝှက်သော ဆောင်ရွက်ချက်ကို ရှုံချသည်ဟု ဆုံးဖြတ်ကြောင်း။ ကချင်ပြည်နယ်သစ်ဖွဲ့စည်းရန် မြေပြန့်ဒေသများကို ဖဲ့ထုတ်ပေးရမည်ဟူသော အဆိုပြုချက်မှန်သမျှကို " မိမိတို့ လက်ခံမည် မဟုတ်ကြောင်း သဘောတူနိုင်မည် မဟုတ်ကြောင်း " ထွက်ဆိုဖော်ပြထားပါသည်။

၁၉ . ၇. ၁၉၄၇ ခုရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် ခေါင်းဆောင်တချို့ လုပ်ကြံခံရပြီးနောက် ဦးနုက ဖ ဆ ပ လ ခေါင်းဆာင်ဖြစ်လာသည်။ ဦးနု ဦးဆောင်ပြီး ဖ ဆ ပ လ ပါတီသည် ဗြိတိသျှအစိုးရထံမှ လွတ်လပ်ရေး အမြန်ရရှိရန် အတွက် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေကို ဦးဆောင်ရေးဆွဲခဲ့ပါသည်။ ၎င်းသည် ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေဖြစ်သည်။

အခြေခံဥပဒေရေးဆွဲနေစဉ် အချိန် အတောအတွင်း၌ မြစ်ကြီးနားခရိုင်နှင့် ဗန်းမော်ခရိုင်တို့တွင် ကချင်လူမျိုးများ နေထိုင်တာ မဟုတ်ကြောင်း၊ သျှမ်းလူမျိုးများလည်း အမြောက်အများနေထိုင်ရှိကြကြောင်း။ ထို့ကြောင့် ၎င်းဒေသကို ကချင်ပြည်နယ် သတ်မှတ်ပေးတာကို သဘောမတူကန့်ကွက်ကြောင်း ညီလာခံ၌ တင်ပြကြသည်။

ထိုအခါ ဖဆပလခေါင်းဆောင် ဦးနုသည် လူကြီးလူကောင်း နိုင်ငံခေါင်းဆောင် မပီသစွာ လက်လွှတ်စပယ်ဖြင့် " မင်းတို့ ကချင်များ လက်အောက်မှာ မနေခြင်ရင် ကြိုက်တဲ့နေရာများကို ရွေးချယ်နိုင်တယ် မြန်မာပြည်မှာလစ်လပ်သည့် နေရာအများအပြား ရှိတယ် ကြိုက်တဲ့နေရာမှာ ချထားပေးမယ်" … စသည်ဖြင့် ပြောဆိုသည်။
နိုင်ငံရေး အကင်းပါးတယ် ဆိုမလား မြွေမြွေချင်းခြေမြင်တယ်ပြောမလား ဦးနုသည် ကချင်များကို ပြည်နယ် သတ်မှတ်ပေးသည့်အတွက် ကချင်ခေါင်းဆောင်းများထံမှ ကတိတစ်ခုကို ယူအောင်ယူခဲ့လေသည်။

၎င်းမှာ " ကချင်တိုင်းရင်းသားများသည် လွတ်လပ်ရေးရပြီးနောက် ဘယ်သောအခါမှ ပြည်ထောင်စုမှ မခွဲထွက်ရန် " ဟူသောကတိစကားဖြစ်ပါသည်။ ထို့ကြောင့် ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေတွင် " ကချင်ပြည်နယ်ကို ပြည်ထောင်စုမှခွဲထွက်ပိုင်ခွင့်ကို" ထည့်သွင်းမထားခြင်းဖြစ်ပါသည်။

***စစ်ကိုင်းတိုင်းမှ သျှမ်းနယ်များ***

1946 ခုနှစ်တွင် ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သည့် ဖဆပလအဖွဲ့ ချုပ်ကြီး၏ လွတ်လပ်ရေး ကြိုးပမ်းမှုတွင်
ပြည်နယ်ပြည်မ မခွဲခြားဘဲ တစ်ခုတစ်စည်း ဆန္ဒရှိကြရေးအတွက် (မေမြို့ အင်ကွာရီ) အစည်းဝေးတွင် ခန္တီးနယ်မှ စော်ဘွားကြီး စောမြစိန်နှင့်အတူ ကုန်သည် ဦးဘိုးရ (ဦးသန်းဆိုင်၏ဖခင်) တက်ရောက်ခဲ့ပြီး သောင်သွပ် စော်ဘွား ဦးစောခွန်ဆောင်း မှာ အစည်းဝေးမတက်ရောက်ဘဲ ကိုယ်စားလှယ်အဖြစ် ဦးအုန်းဖေနှင့် အုန်းမောင်သန်းတို့ စေလွတ်ကြောာင်းသိရသည်။ (မြို့နယ်သမိုင်း စာ- ၇၆)

သောင်သွတ်စော်ဘွား စော်ခွန်ဆောင်းမှာ မြန်မာတို့နှင့်အတူ လွှတ်လပ်ရေးအတူတကွ ရယူလိုကြောင်း သို့ပေမဲ့ မိမိပိုင် စော်ဘွားနယ်မြေများအား ဆက်လက် မျိုးရိုးစဉ်ဆက်အုပ်ချုပ်သွားရန် စော်ဘွားဆက် ပြတ်သွားပါက သာမာန်အရပ်သားထဲမှ စော်ဘွားဆက် ကောက်ခံပြီးစော်ဘွား ဆင်လက် တင်မြောက်ရန် တောင်တန်းဒေသ စုံစမ်းရေးအဖွဲ့ထံသို့ သွားရောက်၍ ၎င်းတို့၏ ဆန္ဒ သဘောထားကို ထွက်ဆိုခဲ့ကြသည်။

1948 ခုနှစ် ဇူလိုင်လတွင် ဦးနုဦးဆောင်သော အစိုးရ၏ ဧည့်သည်တော်အဖြစ် နာဂအမျိုးသား (၂၄) ဦး ခန္တီးနယ်မှ ကိုယ်စားလှယ် (၂)ဦး ဟုမ္မလင်းသောင်သွတ် စော်ဘွားနယ်မှ ကိုယ်စားလှယ်(၂) ဦးတို့သည် အစိုးရ၏ ပူးပေါင်း ဆောင်ရွက်ရေး အတွက် အစည်းအဝေးပြုလုပ်ရန် ဟုဆိုကာ ရန်ကုန်မြို့သို့ တက်ရောက်ရန် ကိုရွှေ ဗမာများ ခေါ်ခဲ့ပါသည်။

ဦးနုဦးဆောင်သော ဗမာခေါင်းဆောင်တို့သည် သောင်သွတ်နယ်နှင့် ဇင်ကလိန်ခန္တီးနယ်မှ စော်ဘွားများအား ခေါ်ယူစေခဲ့ရာ ခန္တီးနယ်မှ စော်ဘွားကြီး စ၀်မြစိန်နှင့် လူထုကိုယ်စားလှယ်ခရိုင်ဖဆပလဦးဘိုးချိုတို့ဖြစ်ပြီး။ သောင်သွပ်ကိုယ်စားလှယ်အဖြစ် စော်ဘွားကြီးစောခွန်ဆောင်း နှင့်စော်ဘွားကိုယ်စားလှယ် ဦးဘိုးနီ၊ လူထုကိုယ်စားလှယ် ဦးဘိုးထိန် တက်ရောက်ခဲ့ပြီး ထိုရန်ကုန်မြို့ အစည်းအ၀းတွင် ဖဆပလအဖွဲ့ချုပ် အတွင်းရေးမှူး ဖြစ်သူ ပြည်ထဲရေးဝန်ကြီး ဦးကျော်ငြိမ်းက စော်ဘွားအုပ်ချုပ်မှုနယ်မြေများတွင် အရေးကြီးဆုံးအဆင့် (၂)ဆင့်ရှိကြောင့် တောင်တန်းနှင့် ပြည်မပူပေါင်းမှ ပြီးစီးကြောင်း စော်ဘွားအုပ်ချုပ် ရေးအာဏာ စွန့်ပြီး တစ်ပြည် လုံးတပြေညီ ပူးပေါင်း၍ ဆိုရှယ်လစ်စနစ်ကို ချီတက်ရန် ရည်ရွယ်ကြောင်း စသည့်အချက်များကို အာဘောင် အာရင်းသန်စွာ ရှင်းပြရာပြီး။ ခန္တီးနှင့်သောင် သွပ်စော်ဘွားနယ်မှ စော်ဘွားများနှင့် လူထု ကိုယ်စားလှယ်များမှ သဘောတူလက်ခံကြောင်းကို လက်မှတ်ရေးထိုး ပေးရန်အတင်းအကြပ်တောင်းခံ ရာမှထိုးခဲ့ရကြောင်း သိရှိရသည်။

သျှမ်းနီတို့၏ နှစ်နာချက်များမှာ ပြည်နယ် မရရှိခဲ့ယုံမက သျှမ်စော်ဘွားများ အာဏစွန့်လွတ်ချိန် နှစ်နာကြေးငွေကိုလည်း သောင်သွတ်စော်ဘွား စောခွန်ဆောင်းသည် ကျမ္မာရေး မကောင်းသဖြင့် သွားယောက်ယူဆောင်နိုင်ခြင်းမရှိသလို တပြားတခြပ်မှလည်း လာရောက်ပေးဆောင်ခြင်းလည်း မရှိခဲ့ပါ။

ဟုမ္မလင်းတဖက်ကမ်း သက်သာရွာမှာပင် ကံတော်ကုန်ခဲ့သည်၊ ယနေ့ချိတ်ထိ စော်ဘွားကြီး၏ ဒုတိယ မဟာဒေ၀ီ နန်းမယ်အိမ် သည် ကက်သာရွာ နမ့်တာလုံး မြစ်ဘေးတွင် စော်ဘွားကြီးအိမ်တွင် သက်တော် ၈၆ နှစ်ဖြင့်ရှိနေပါသေးသည်။

သျှမ်းနီလူငယ်ကွန်ယက်

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here